ဇာတာ ၂ မျိုး ဖြစ်ပေါ်နေပုံကို ယနေ့ ဗဟုသုတ ရရှိစေရန် ရှင်းပြပေးပါမည်။ ဇာတာအကြောင်းဆိုသော်လည်း အခြေခံ သဘောတရားသာ ဖြစ်ပါသည်။ မိတ်ဆွေများ နားလည်နိုင်လောက်သည့် အခြေခံအဆင့်ကိုသာ ရှင်းပြခြင်းဖြစ်၍ ပညာရပ်ဆိုင်ရာ ဝေါဟာရများနှင့် အနက်အဓိပ္ပါယ်များကို ရှောင်ရှား၍ ရေးသွားပါမည်။
ဇာတာဟုဆိုသော်လည်း ဇာတာစစ်စစ်ဟု မယူဆနိုင်သေးပါ။ ဇာတာဟူသည် လူတဦး မွေးဖွားချိန်၊ မွေးဖွားသောနေရာဒေသကို တိတိကျကျ သိမှသာ တွက်ယူနိုင်ပါသည်။ မွေးဖွားချိန် တူညီသော်လည်း မွေးဖွားသောနေရာဒေသ (လတ္တီကျူ့၊ လောင်ဂျီကျူ့) မတူညီလျှင် ဇာတာခွင် မတူညီပါ။
ဇာတာတခုတွင် (လ) ဟု ရေးမှတ်ထားသော ရာသီခွင် ရှိပါသည်။ (လ) ဆိုသည်မှာ လဂ် အတိုကောက်ဖြစ်၍ ဇာတာရှင်မွေးဖွားချိန်၊ ဇာတာရှင်ကို ကိုယ်စားပြုသည်ဟု အခြေခံအားဖြင့် မှတ်ယူနိုင်ပါသည်။ အောက်တွင် (လ) လဂ် မပါရှိသော ရာသီဇာတာခွင် ၂ မျိုးကို နမူနာအဖြစ် ဖော်ပြလိုက်ပါသည်။
ဤပုံနှစ်မျိုး၌ မိတ်ဆွေများ နားလည်နိုင်စေရန် ပထမကော်လံနှင့် ဒုတိယကော်လံကိုသာ အာရုံစိုက်၍ ကြည့်လိုက်ပါ။ ပထမကော်လံသည် ဂြိုဟ်များ ဖြစ်၍ ဒုတိယကော်လံသည် ထိုဂြိုဟ်များသည် မည်သည့်ရာသီအတွင်းသို့ မည်သည့်ဒီဂရီ ရောက်ရှိနေသည်ကို ဖော်ပြပါသည်။
ပထမပုံ
ပထမပုံ
ပထမပုံသည် သယာနရာသီခွင် Tropical Zodiac အရ ရန်ကုန်မြို့၏ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့၌ အာကာသကောင်းကင်ပြင်တွင် ရပ်တည်နေသော ဂြိုဟ်အားလုံး တည်နေပုံ ရာသီ၊ နက္ခတ်၊ ဒီဂရီ စသည်တို့ ဖြစ်ပါသည်။
ဇာတာခွင်တခုရှိ ဂြိုဟ်များ မည်သည့်ရာသီ၊ မည်သည့်ဒီဂရီသို့ ရောက်ရှိနေသည်ကို အစိမ်းရောင်ဖြင့် ပြထားပါသည်။
ဒုတိယပုံ
ဒုတိယပုံ
ဒုတိယပုံသည် နိယာယနရာသီခွင် Sidereal Zodiac အရ ရန်ကုန်မြို့၏ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့၌ အာကာသကောင်းကင်ပြင်တွင် ရပ်တည်နေသော ဂြိုဟ်အားလုံး တည်နေပုံ ရာသီ၊ နက္ခတ်၊ ဒီဂရီ စသည်တို့ ဖြစ်ပါသည်။
ဇာတာခွင်တခုရှိ ဂြိုဟ်များ မည်သည့်ရာသီ၊ မည်သည့်ဒီဂရီသို့ ရောက်ရှိနေသည်ကို အပြာရောင်ဖြင့် ပြထားပါသည်။
သယာနရာသီခွင် Tropical Zodiac နှင့် နိယာယနရာသီခွင် Sidereal Zodiac တို့၏ ဂြိုဟ်များတည်ရှိနေသော ဒီဂရီနှင့် ရာသီခွင် မတူကွဲပြားမှုကို မြင်တွေ့နိုင်ပါသည်။
Surya - တနင်္ဂနွေ
Chandra - တနင်္လာ
Mangal - အင်္ဂါ
Budha - ဗုဒ္ဓဟူး
Guru - ကြာသပတေး
Shukra - သောကြာ
Shani - စနေ
Rahu - ရာဟု
Ketu - ကိတ်
ရာသီဥတု နှင့် ပါတ်သက်၍ Tropical Zodiac သည် လွန်စွာအသုံးဝင်သော်ငြားလည်း ကြယ်လနက္ခတ်တာရာတို့မှ လူတို့အား လွှမ်းမိုးမှုပေါ်တွင် ဦးစားပေး တွက်ချက်ရသော နက္ခတ်ဗေဒင်ပညာအတွက်မူ Sidereal Zodiac သည် ကမ္ဘာပေါ်ရှိ ပညာရပ် အားလုံး၏ မူရင်းပညာစစ်စစ် ဖြစ်သည်ဟု အရှေ့တိုင်းနှင့် အိန္ဒိယ ပညာရှင်တို့က ယုံကြည်စွာ သုံးစွဲကြသည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
28.01.2022@sayalu
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
(3/10)
phyowinkoko.blog tipped sayalu (x1) @hive.phyowinkoko tipped @sayalu (x1)
Please vote for pizza.witness!
ဗေဒင် လက္ခဏာ ကျွမ်းကျင်ရင် ကျနော့်လက္ခဏာကို ကြည့်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ။
အကိုကြီးလည်း ဗေဒင် ဗဟုသုတ အခြေခံပဲ ရှိတာပါ။ လက္ခဏာဆို လုံးဝ မလေ့လာဖြစ်ပါဘူး။ တကယ် အသက်မွေးဝမ်းကျောင်း ဆရာတွေကမှ ပညာ+အတွေ့အကြုံ ပေါင်းစပ်ပြီး ဟောပြောနိုင်ကြတာပါ။
!PIZZA
ဇာတာစစ်နည်းလေးလည်း သိချင်ပါတယ်ရှင့်
အခြေခံ ဗဟုသုတပဲ လေ့လာထားတာပါ။ တကယ်ကျွမ်းကျင်တဲ့ ဆရာကောင်းတွေဆီမှာ စစ်ကြည့်ပါ။
ဒီက ဒုတိယပုံ မှာ စနေကို ဟင်ဒူလို Sha (Shani) လို့ ရေးထားပါတယ်။ ကိုယ့်ဇာတာထဲက ၂ လို့ ရေးထားတာနဲ့ အခု ဒုတိယပုံ Shani ရှိတဲ့နေရာ ထပ်တူနေရင် ၊ ဒါမှမဟုတ် နီးနေရင်တော့ များသောအားဖြင့် ညံ့တတ်ပါတယ်။