🌸၂၀၂၈မေတ္တာ သူ့ဆီမှာ 🌸 (၂)

in HIVE-MYANMAR4 years ago

ဒေါ်လေး က မနက် အကြော်ကြော်ရန်
ပြင်ဆင်နေရင်း ဆက်ပြောသည်
"အေးညည်းကို ငါက ဆယ်တန်းထိ ကျောင်းထားတာ နင်ငါပေးစားတဲ့သူနဲ့ ယူရမယ်
လမ်းထိပ်က ရွှေဆိုင်က ဆိုင်ရှင်ရဲ့သား နင့်ကိုသဘောကျနေတာ သူတို့က ချမ်းသာတယ် ဆိုင်တွေလည်း အများကြီး ရှိသေးတာ သူကိုပဲ ယူရမယ် "
ပန်းကလေးစိတ်ရှုပ်သွားသည်။

သမီးအရွယ်က အိမ်ထောင်ပြုရမယ့် အရွယ်မရောက်သေးပါဘူးဒေါ်လေးရယ် ဟု စိတ်ထဲကသာ ပြောမိသည်။ပါးစပ်က ဖွင့်မပြောရဲခဲ့ပါ။

img_0.9127948511366618.jpg
Image Source

ငယ်စဥ်ကလေးဘဝထဲက ကျွန်မကို ယခုထိ ဖြူစင်မြတ်နိုးစွာ စောင့်ရှောက်လာသောကိုကို
ဘာသာရေးအဆုံးအမတွေလည်း ပြောပြတတ်တဲ့ကိုကို ရှိနေပါလျှက် တခြားသူကို ပန်းကလေး လက်မခံနိုင်ပါ။ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့က
ကိုကိုကပြောခဲ့ဖူးပါသည်။ပန်းကလေးအရမ်းငယ်သေးလို့ အရွယ်ရောက်လာတဲ့တနေ့ ကိုကို ပြောစရာရှိတယ် နောက်ကျသွားမှာလည်း စိုးရိမ်တယ်တဲ့။

ဘာများလဲကိုကိုရယ် ပန်းကလေး ရင်ခုန်လှပါသည်။
ပန်းကလေးအောင်စာရင်းထွက်တော့ ပန်းကလေးစာမေးပွဲအောင်ပါသည်။ကျောင်းမှန်မှန်မတက်ရပေမယ့် ကိုကို သင်ပေးခဲ့တဲ့ ကျေးဇူးနဲ့ ပန်းကလေး စာမေးပွဲအောင်ပါသည်။ ကိုကိုက ဂုဏ်ထူးနှစ်ဘာသာပါပါသည်။
ဒေါ်လေးသမီးကတော့ စာမေးပွဲကျပါသည်။ အငယ်လေးတွေကလည်း ပန်းကလေး စာကူရှင်းပြပေမယ့် စာစိတ်မဝင်စားကြပါ။ဒေါ်လေးက
ပန်းကလေးကို ကိုကိုနဲ့ လုံးဝအဆက်သွယ်မလုပ်စေပါ။ ကျောင်းဆက်မတက်ရပဲ ရွှေဆိုင် ပိုင်ရှင်သားကို လက်ထပ်ဖို့သာ ပြောနေပါသည်။
ပန်းကလေးစိတ်ညစ်ညူးစွာထိုင်နေတုန်း
ပန်းကလေး ရဲ့ အခင်ရဆုံးသူငယ်ချင်း ဖြူဖြူက
စာလေးတစောင်လာပေးပါသည်။

img_0.4399085543181227.jpg

" သူငယ်ချင်း နင်အပြင်လည်းမထွက်ပါလား ခုတလော အောင်စာရင်းထွက်တဲ့နေ့ကလည်း
ခနပဲ နင့်ကို ကိုသစ္စာက မေးနေတာ
စာပေးခိုင်းလိုက်တယ်"တဲ့
ပန်းကလေး ရင်ထဲလှိုက်ခနဲတောင် ပျော်သွားမိပါသည်။ရေငတ်နေတုန်း ရေတွင်းထဲ ကျသလိုလား။
စာကိုကပြာကယာယူလိုက်သည်။ အဒေါ့်သမီးအငယ်လေးက
မမကြီး သမီး ဗိုက်ဆာတယ်
ကလေးက အီနေ၍ စာကမဖတ်နိုင်သေး
သူငယ်ချင်းကိုသာ
"စာယူလာပေးတာ ကျေးဇူးနော် ဒီမှာအငယ်ဆုံးပေါက်စမက အီနေလို့"
"အေအေဒါဆိုငါသွားပြီနော်"
ကလေးကိုချော့သိပ်ရင်း ကလေးအိပ်သွားတော့မှ
ပန်းကလေးစာကိုခိုးဖတ်မည်အလုပ်
အဒေါ်စျေးဗန်းရွက်ပြီးအိမ်ထဲဝင်လာသည်။

ဆက်ရန် . . . . .

Sort:  

ကိုသစ္စာ စာပေးလာပီဆိုတော့ကာ -- ဆက်လက်အားပေးနေပါတယ်။ !PIZZA

ဟုတ် နောက်တစ်ပိုင်းဇာတ်သိမ်းနော်

😁😁 စာဖတ်တော့မို့လေ

ကျေးဇူးတင်ပါတယ်

PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
(4/10)
Learn more at https://hive.pizza. @nyinyiwin tipped @shwesinphyoe (x1)

Congratulations @shwesinphyoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You received more than 50 upvotes.
Your next target is to reach 100 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP