သူက "ဝါဂွမ်းဖြူ မနေ့က မိုးမိတာ ဖျားနေလား ခုရောမိုးအေးတယ်နော်"
ဝါဂွမ်းမျက်နှာကိုမဲ့လိုက်တယ်။
"ကေျးဇူးပြုပြီး ကျွန်မနဲ့ ဝေးဝေးနေပေးပါရှင်။"
ကျွန်မရှင့်တိုလို့ သူဌေးတွေနဲ့ မပက်သက်ပါရစေနဲ်"လို့ပဲစာပြန်လိုက်မိတယ်။
သူဖက်ကစာဝင်လာတယ်။
"ဝါဂွမ်း ကိုယ်မင်းကို စကားပြောဖို့စောနေတာ မဟုတ်ဖူး နောက်တောင်ကျနေပြီ မင်းကို
မင်းငယ်ထဲက ကို သတိထားမိတာပါ
မင်းကသာ ကို့ကို မသိတာ
အလုပ်စဝင်ထဲက မင်းရဲ့ အနေထိုင် အပြောဆို
စိတ်ရင်းအမှန် လေးကိုပါ သိလာရပြီး
ပိုမြတ်နိုးမိတယ် ကိုယ်မင်းကို ချစ်နေတာကြာပါပြီ
မင်းကြောက်တတ်ရှက်တတ်မှန်း သိလို့ မပြောရဲခဲ့တာ ကိုယ့်ကိုလက်ခံပါနော် တစ်သက်လုံး ကြင်နာယုယပါ့မယ်"
"ဝါဂွမ်းလေးလို ဖြူစင်တဲ့
ကလေးငယ်
ချစ်စဖွယ် မျက်နှာလေးနဲ့ အပြုံးလေးက
အဖြူထည် ချစ်မိပြီကွယ်"တဲ့
စာအရှည်ကြီး သူ့ဖက်က ပို့လာတယ် ။
ဝါဂွမ်းဘာပြောရမလဲ မသိသလို ရီးစားမထားဖူးတဲ့
ဒီကောင်မလေးက
ကြောက်လည်းကြောက်တယ်လေ
သူကချစ်နေတာကြာပြီတဲ့ ဝါဂွမ်းကို မသိအောင် ဂရုစိုက်ပေးနေတာတဲ့လေ
ဝါဂွမ်းတို့ အလုပ်ထဲက ယုံရမယ်ထင်တဲ့ အစ်မတစ်ယောက်ကို ရင်ဖွင့်လိုက်မိတယ်။
သူကညီမလေး စိတ်ပျော်မယ်ထင်ရင် ပြန်ချစ်ပါ လို့ ပြောလာတယ်။ ဝါဂွမ်း ကိုလူချောကို စာပြန်မပို့တော့ပါ
သူကသာဆက်တိုက်ပို့နေတော့တယ်။
အဲ့ဒီနောက်ပိုင်း
ကိုလူချောက ဝါဂွမ်းကို အရမ်းဂရုစိုက် နေလေရဲ့။
ကြင်နာတတ်လွန်း ဂရုစိုက် အလိုက်သိလွန်းတယ်။
ပတ်ဝန်းကျင် က သိမှာ အတင်းပြောမှာစိုးလို့ အပြင်မှာ လမ်းမှာတွေ့ရင် တောင် မနှုတ်ဆက်ဖို့
ဝါဂွမ်းပြောထားလိုက်တယ်။
facebook messager ကနေ အမြဲစကားလာလာပြောတယ်။သူက ဘယ်သူမှ မရိပ်မိအောင် ဝါဂွမ်းမသိအောင် သူ့တပည့် ကောင်မလေး
တစ်ယောက်နဲ့ ထမင်းချိုင့်မေ့တတ်တဲ့ဝါဂွမ်းအတွက် မုန့်တွေပို့ပေးတတ်တယ်။ဝါဂွမ်းမစားပါ။ထပ်မပို့ဖို့ပဲ သတိပေးလိုက်ပါသည်။ပတ်ဝန်းကျင်ကို ဒီကောင်မလေး အရမ်း ကြောက်တယ်လေ။
ဒါပေမယ့် အလုပ်ထဲက လူတွေမသိပါ ဝါဂွမ်းအိမ်ကပို့တယ်ပဲထင်ကြတယ်။ဝါဂွမ်းရင်ဖွင့်နေကြ မမနှင်းကိုသာ ပြောပြထားမိပါသည်။
အော် ဒီလိုနဲ့ အချိန်ကြာလာတာနဲ့
ကြင်နာတတ်လွန်း သူဌေးဆိုပေမယ့် မာနမရှိ မိန်းမကိစ္စ ကင်းရှင်း အရှုပ်ရှင်းကင်းတဲ့ သူ
ဘာသာရေးလည်း အလေးထားလုပ်တဲ့သူကို ဝါဂွမ်း
တဖြေးဖြေး သံယောဇဉ် ပိုပိုပြီး
တွယ်လာပေမယ့် အပြင်မှာ တော့
လမ်းတွေ့တောင် မပြုံးပြသလို
နှစ်ယောက်ထဲ လည်း
သီးသန့်မချိန်းတွေ့ဖူးပါ။
မုန့်လာပို့တဲ့ ကောင်မလေးက
ဝါဂွမ်းဖြူ ကို အရမ်းချစ်တော့
နှုတ်လုံတဲ့သူပါ။
ဝါဂွမ်းသူမုန့်လာပို့လည်း မစားပါ။ဘယ်တော့မှထပ်မပို့ဖို့သတိသာပေးခဲ့ပါသည်။အစ်မ
မမနှင်းကိုပဲ ရင်ဖွင့်မိခဲ့တယ်။
နောက်ဆုံး ကိုလူချောကို ပြန်မကြိုက်ခင်
အလုပ်ထဲက လူအားလုံးက ဝါဂွမ်း ကို မြင်ရင်တီးတိုးတီးတိုးပြောနေကြတယ်။
ကိုလူချောနဲ့ အပြင်မှာလည်း မတွေ့ပါဘူး Messager မှာပဲ စကားပြောတာ ဘယ်သူမှ မသိပါဘူး ။သိတာဆ်ိုလို့ မမနှင်း တစ်ယောက်ထဲပါလို့
ငါ့အကြောင်းမပြောလောက်ပါဘူး ငါစိတ်ထင်တာ နေမှာပါ တွေးနေလိုက်တယ်။
အိမ်ပြန်ရောက်တော့ အိမ်ထဲဝင်ဝင်ချင်း အမေက ဆွဲခေါ်သွားတယ်
"ညည်းအလုပ်ထွက်တော့" တဲ့
အမေ့မျက်နှာ မာထန်နေတယ်။
ကျွန်မအံ့သြသွားတယ်။
"ဘာလို့လဲမေမေ"
"ဘာလို့လည်း ဟုတ်လား ညည်း သူဌေးသားကို
အမိဖမ်းတဲ့အကြောင်း အလုပ်က လူတွေအကုန်ပြောနေကြပြီ နားနဲ့မဆံအောင်ကြားနေရတယ်
ငါ့ကိုလာတိုင်ကြတယ်။
ဝါဂွမ်းအံ့သြမိတယ်။တခါမှတွဲသွားသွားလာ မလုပ်ဖူးသလို ဝါဂွမ်းဖြူ သူ့ကိုလမ်းမှာတွေ့ရင်တောင်
မနှုတ်ဆက်ခိုင်းခဲ့ပါ။
ဟိုလွန်ခဲ့တဲ့ခြောက်လလောက်က သူထီးပေးတာလေးနဲ့ လာတိုင်ကြသလား။ဝါဂွမ်းစဥ်းစားမရပါ။
အမေက "နင်ငါ့ကိုသာ သတ်လိုက်ပါတော့
ငါ့ကိုငါပဲ သတ်သေတော့မယ်
နင်တို့ဘယ်အဆင့်ထိ နေထားကြပြီလဲ ဟိုကနင့်ကို
အတည်ယူမှာ မဟုတ်ဖူး တဲ့လေ"
ကျွန်မရူးသလိုတောင် ဖြစ်သွားတယ် ။
အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်တဲ့ ကျွန်မ က ဘယ်လိုဟိုဟာဒီဟာဖြစ်ရမလဲ။အပြင်မှာလည်း တခါမှ မချိန်းတွေ့ဖူးပဲ ဘယ်လိုတွေ အမေက မေးနေသလဲ။
အမေကကော ခေတ်ပညာတတ်ဖြစ်ပြီး
အဲ့လိုနေထားတဲ့ ခန္ဓာကိုယ် နဲ့ အပျိုကိုယ် မခွဲတတ်ဖူးလား.
ကျွန်မအပျိုစစ်စစ်လေးပါရှင်
အဲ့နေ့ကစ အမေက ဖုန်း ပါ သ်ိမ်းပြီး
အိမ်ထဲက အိမ်ပြင်မထွက်စေတော့ပါ။
တကယ်က အိမ်ကိုလာတိုင်သူကော
သတင်းဖြန့်သူကပါ ဝါဂွမ်းရင်ဖွင့်မိတဲ့ မမနှင်းပါတဲ့ရှင်။
ဝါဂွမ်းအခန်းကျဥ်းလေးထဲမှာ ရူးကြောင်ကြောင်
အစာမစားသလို ညလည်းမအိပ်တော့ပါ။
ကိုလူချောရဲ့ ဂုဏ်ပကာသနတွေကို မမက်မော
သူရဲ့ရိုးသားတည်ကြည်မှုကိုသာ
လေးစားမိခဲ့တာပါ။တခါမှ မချိန်းတွေ့ဖူးသလို ရီးစား တောင် မဖြစ်ရပါပဲ ရက်ရက်စက်စက် ပြောရက်တဲ့ အမေ့ကို အံ့သြရင်း ယုံကြည်မိတဲ့ မမနှင်းကို အံ့သြရင်း ပြောရက်တာလို့ ပြောရင်းနဲ့ သာ
ဝါဂွမ်းရူးသွပ်သလို ဖြစ်နေရပါတယ်။
ဝါဂွမ်းအလုပ်ကထွက်သွားလို့ ကောင်းကင်တစ်ယောက်
စိတ်ပူရင်း စုံစမ်းမိတော့ အခြေနေမှန် ကို သိလိုက်ရတယ်။ သူ့မေမေကို ဖွင့်ပြောပြီး ဝါဂွမ်းကို တကယ်ချစ်ကြောင်း ပြောပြလိုက်တယ်။ဝါဂွမ်းလေးက စိတ်ထားဖြူပြီး အေးလွန်းလို့ သူ့မေမေကလည်း ချစ်တော့ သဘောတူတယ် ငါ့သား ကောင်မလေးက အဖြေပေးတာနဲ့ အမေလိုက်တောင်းပေးမယ် ကောင်းကင်အရမ်းပျော်နေမိတယ်
ဒါပေမယ့် ဝါဂွမ်း လိုင်းပေါ်လည်း
မတက်နိုင်တော့သလို
ဖုန်းလည်းခေါ်လို့ မရတော့ပါ။
နောက်ဆုံးမနေနိုင်တဲ့ အဆုံး ကောင်းကင်တို့ သားအမိ ဝါဂွမ်းအိမ်လိုက်ခဲ့ကြတော့တယ်။
ဝါဂွမ်းအိမ်မှာ မရှိနေပါ ဆေးရုံရောက်နေကြတယ်တဲ့။
ကောင်းကင်တို့စိတ်ပူစွာ ဆေးရုံလိုက်လာတော့
ယဲ့ယဲ့လေးသာ ရှိတော့ တဲ့ ဝါဂွမ်းဖြူ
"ဖြုလေး ကိုယ်လိုက်လာတယ် နေမကောင်းဘူးလား ကိုမစောင့်ရှောက်သလို ဖြစ်သွားပြီ သက်သာလား ဘယ်လိုဖြစ်တာလဲ ဖြူလေးရယ်"
ကိုလူချောလေးက ကျွန်မကိုကြည့်ပြီး မျက်ရည်တောင်ဝဲနေရှာတယ်။
သူမေးသမျှ ဝါဂွမ်းမဖြေနိုင်တော့ပါ ယဲ့ယဲ့လေး
ပြုံးရင်း ကိုလူချောလေးကို နောက်ဆုံးအကြည့်လေးကြည့်လိုက်တယ်
ထို့နောက်တော့
ကျွန်မရဲ့ မျက်လုံးလေးတွေ မှိတ်ကြသွားပါတော့တယ်။
"သမီးလေးရေ "
ဝါဂွမ်းအမေရဲ့ ကြေကွဲသံ
"လူနာအသက်မရှိတော့ဘူး ဆရာဝန်ကြီးရဲ့ "
စကားသံ
အားလုံး ကောင်းကင် နားထဲကြားလိုက် မကြားလိုက်နဲ့
ကိုကောင်းကင် ရေရွတ်မိတယ်
" ဖြစ်ရလေ ကိုကို့ဖြူလေးရယ်"တဲ့
ဝါဂွမ်းအခန်းထဲပိတ်ခံရထဲက အစာမစားညမအိပ် ပဲနေလာရာက ရှော့ခ်ဖြစ်ပြီး စိတ်နှလုံးထိခိုက် ကြေကွဲကာ အသက်ပါဆုံးရှုံးခဲ့ရတယ်
ကဲပတ်ဝန်းကျင်ရေ ကျွန်မ ဝါဂွမ်း ဖြူ
ဖြူစင်မှုအတွက် အသက်ပေးသွားခဲ့ပါပြီ
ကိုယ့်ရဲ့ထင်တစ်လုံး နဲ့ အပြောကြောင့်
သူများဘဝလေး ပျက်စီးတတ်တယ်ဆိုတာ ကျွန်မ သက်သေပြလိုက်ပါပြီ
တကယ်တော့အချစ်ဆိုတာ သိပ်လှတဲ့ အရာပါ
အချစ်မှာအချစ်ပဲရှိတယ် ဂုဏ်ပကာသန တွေ
လိုဘူးလေ လွတ်လပ်တဲ့ အပျိုလူပျို ချင်း ချစ်ကြတာ ဂရုစိုက် ကြင်နာကြတာ ဘယ်သူမှ မထိခိုက်ဖူး
မဟုတ်လားရှင်
ကောင်းကင်တစ်ယောက်တော့
ဝါဂွမ်း ကို တမ်းတရင်း လူပျိုကြီး ဘဝနဲ့နေထိုင်သွားပါသည်။
မိုးတွေရွာလာတိုင်း မိုးခြိမ်းသံကြောက်တတ်တဲ့ သနားစရာ ဝါဂွမ်းလေး ထီးမေ့လာတတ်တဲ့ ဝါဂွမ်း လေးကို
ရူးမတတ်သတိရလွမ်းဆွတ်နေပါတော့သည်။
အော်
မိုးတွေ
တောင် ညိုပါရောလား
အေးစိမ့်စိမ့်လေတိုက်သွားရင်း
ကောင်းကင်းတစ်ခုလုံး မဲမှောင်အောင်ရွာချလိုက်ပါတော့သည်။
ပြီးပါပြီ။
မိုးညိုတိုင်း လွမ်းစရာတွေ ပြန်တွေးမိ ငါတောင်လွမ်းတတ်လာပီနော်။ !PIZZA
အယ်လဲ့စ် 😁😁😁
PIZZA Holders sent $PIZZA tips in this post's comments:
(7/10) @nyinyiwin tipped @shwesinphyoe (x1)
Join us in Discord!