အဖြူရောင် နှလုံးသားလေး III

in HIVE-MYANMAR3 years ago

"မင်း ဒီထီးကို ဆောင်းပြီးအိမ်ပြန်လိုက်ပါ"
ဝါဂွမ်းရင်ထဲ လှိုက်ခနဲတုန်ပြီး ထီးကိုလှမ်းကိုင်တဲ့ လက်တွေလည်းတုန်နေတယ်။
ဘုရားရေ ငါ ဘာဖြစ်နေတာလဲ။
သူ့အသံကလည်း နားဝင်ချိုနေလိုက်တာ။ဆွဲဆောင်မှုလည်းရှိတယ်။
"အစ်ကိုက ဘယ်သူလဲ အားနာတာ မယူတော့ပါဘူး
ညီမအိမ်လည်း အရမ်းမဝေးတော့ သွားလိုက်ပါ့မယ်"
အော် ကိုယ့်အလုပ်ပိုင်ရှင်ရဲ့သားကိုတောင်ခုထိ မသိတဲ့ ကျွန်မ သိပ်အခဲ့တယ်နော်။
ကျွန်မက အဲ့လိုပတ်ဝန်းကျင်ကို လေ့လာမှု အားနည်းသူ။.ဘေးကဖြတ်သွားတဲ့ ကောင်မလေးတွေ ဝါဂွမ်းတို့ကိုကြည့်ပြီး တီးတိုးပြောသွားကြလေရဲ့။ဝါဂွမ်းစိတ်ထဲ ထင့်ခနဲ လန့်သွားတယ်။
ဒီအစ်ကိုကြီးနဲ့ စကားပြောနေတာ အိမ်ကိုတစ်ယောက်ယောက်က တိုင်လိုက်ရင်
ဝါဂွမ်းကြောက်ကြောက်နဲ့ မိုးရေထဲ ပြေးထွက်ခဲ့မိတယ်။

img_0.45361739193812395.jpg

နောက်က ကိုယ်တော်ချောက လှမ်းအော်နေလေရဲ့
"ချာတိတ် မင်းဖျားသွားမယ် ထီးယူသွား"တဲ့။
ဒီကောင်မလေး အရမ်းကြောက်တတ် အားငယ်တတ်လွန်း အေးလွန်းမှန်း သိလေ
ဒီကောင်မလေးကို ပိုသနားပြီး ချစ်ရလေပါပဲ။
ဝါဂွမ်း ထိုညက တညလုံး ကိုယ်တော်ချောလေး
မျက်နှာ ကို မြင်ယောင်နေမိတယ်။
နုဖတ်ပြီး ချောမောနေလိုက်တာ
အသံကလည်း ကြင်နာနေလိုက်တာ။
ဝါဂွမ်းစိတ်ထဲက သူကို မောင်းထုတ်လိုက်တယ်။
သွားပါ ငါနဲ့မဆိုင်တဲ့ ကိစ္စ တွေ ပါ။
နောက်နေ့ အလုပ်ထဲရောက်တော့ ဝါဂွမ်းကို ကြည့်ပြီး တီးတိုးပြောနေကြရဲ့။
ဝါဂွမ်းက သတိမထားမိ ပါဘူးလေ။
ခနနေတော့ အစ်မတစ်ယောက် က
"ဟဲ့ ဝါဂွမ်းဖြူ နင် မနေ့က အလုပ်ရှင်သား ကိုကောင်းကင်နဲ့ လာပြောနေကြတာ လား ကြိတ်မကြံနဲ့နော် နင့်ဘဝနဲ့ သူ့ဘဝ မိုးနဲ့မြေ"
ဝါဂွမ်းအံသြသွားပါတယ်။အလုပ်ရှင်သားမှန်း
ဝါဂွမ်းတကယ်မသိခဲ့တာပါ။

နောက်တစ်ယောက်က လဲ
"ဟဲ့ ဝါဂွမ်းဖြူ သူဌေးသားကို မြူဆွယ်မနေနဲ့ လူကအေးသလိုလိုနဲ့ တတ်တယ်နော် ဟိုကနင့်လို ငအမကို စိတ်မဝင်စား လောက်ပါဘူး ငါ့ကိုဆိုတော်သေး"တဲ့ ခပ်ချောချော အစ်မတစ်ယောက်ကပြောလာပြန်တယ်လေ
ဝါဂွမ်းလည်း မပြင်မဆင်ပေမယ့် မျက်နှာလေးကနုဖတ်လှပချစ်စရာကောင်းသူလေးပါ။ထိုနေ့က သူတို့က
အမျိုးမျိုး ဝေဖန်ကြ ပြောဆိုကြပါသည်။

img_0.9068958541963772.jpg

ထိုအချိန်က ကျွန်မရဲ့ မာနလေး မသိမသာ ထကြွလာပြီး
ရင်နာမိပါသည်။ကျွန်မက သူဌေးသား အမိဖမ်းရလောက်အောင် အောက်တန်းမကျပါ။
ကျွန်မရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့သာ ရပ်တည်မယ့်သူပါ။
မထင်မှတ်ပဲ ညနေအလုပ်ကပြန်တော့
ကျွန်မနောက်က လူရိပ်တွေ့လို့ လှည့်ကြည့်မိတော့ သူ ကောင်းကင်ဆိုတဲ့ ကိုလူချောလေ။
ကျွန်မခပ်တည်တည်ပဲ ဆက်သွားလိုက်တယ်။လူရှင်းတဲ့ တနေရာရောက်တော့
သူကပြောတယ်။
"ခနလေးပါ ဝါဂွမ်းဖြူ ကိုယ်မင်းကိုပြောစရာရှိလို့ပါ"
ဝါဂွမ်းဖြူ မျက်နှာကို တည်တင်းလိုက်ပြီး လှည့်ကြည့်လိုက်တယ်။
"ကိုမင်းအကြောင်းကို အစအဆုံး စုံစမ်းကြည့်သလို မင်းရဲ့အနေထိုင်အပြုအမူ အားလုံးကို ဂရုတစိုက်လေ့လာထားပါတယ် မင်းကြောက်မှာစိုးလို့ သိက္ခာ ကျမှာစိုးလို့ ကိုမင်းကို စကားစ မပြောရဲခဲ့ဘူး
မနေ့က မင်းမိုးရေထဲ ပြေးသွားတော့ ဖျားနေမှာပဲဆိုပြီး ကိုယ်စိတ်ပူလို့ နောက်ကလိုက်လာမိတာပါ "
ဝါဂွမ်းမျက်နှာကို တင်းလိုက်ပြီး
"ဒီမှာ ရှင်စိတ်ပူစရာ မလို သလို သိစရာမလို ကျွန်မကို ပက်သက်စရာမလိုဘူး ကျွန်မနောက်က လိုက်လာတာ တစ်ယောက် ယောက်က မြင်ရင် ကျွန်မသိက္ခာကျစေတယ်"
သူဘာမှဆက်မပြောခင် ဝါဂွမ်းလှည့်ထွက်ခဲ့တယ်။

အချစ်ဆိုတာ အာဒံနဲ့ဧဝကပဲ စစ လူသားတိုင်း ချစ်ခွင့်ရှိတာပဲ ဖြစ်ဖြစ်ပါ ဘယ်သူတွေ ဘယ်လို
​ချစ်သူထားနေကြပါစေ
ဝါဂွမ်းဖြူ ကတော့ ဒါမျိုးနဲ့ မသက်ဆိုင်သူပါ။
ဘယ်သူတွေ ရီးစားထားထား အချစ်လို့ မြင်ပေးကြပေမယ့် ကျွန်မကိုမှ ဘာလို့များ မချစ်ခင်က
မတန်မရာ တို့ အမိဖမ်း စတဲ့ စကားတေ​ွနဲ့
ညည်းဆဲရက်ကြသလဲ ပတ်ဝန်းကျင် ရယ်ဲ။
ဒါပေမယ့် ဒီနေ့ သူနဲ့ကျွန်မရပ်စကားပြောတာ ဘယ်သူမှ မမြင်ပါ။
ညကျတော့ စိတ်ညစ်ညစ်နဲ့ facebook အပျင်းပြေဖွင့်ကြည့်မိတယ်။ အမယ် ကိုယ်တော်ချောက Account Addထားပါလား။ ဘယ်တုန်းထဲက Addထားလည်းမသိ ကျွန်မအခု လျှောက်ကြည့်မှ မြင်မိတာလေ။block လိုက်ရမလား။မလိုလားတဲ့ ပြသနာတွေ မဖြစ်ခင် block ရမလား။တွေးမိပေမယ့် ကြင်နာပြီး နူးညံ့တဲ့ သူ့အသံလေးနဲ့ အမူအရာကြောင့် Acceptကို နှိပ်လိုက်မိတယ်။
ဒါအချစ်လားကွယ် အို မဟုတ်တာ ငါမချစ်တတ်ပါဘူး။ဝါဂွမ်းတစ်ယောက်ထဲ
တွေးနေတုန်းမှာ
"hi ညီမလေး"
ဟာ
ဟိုကိုလူချော Messager ကနေ စာလာပို့နေတာပဲ
စာမပြန်ပဲ နေလိုက်တယ်။