Hive မိသားစုအားလုံး မင်္ဂလာပါ။ နေကောင်းကြရဲ့လား။ရာသီဥတုက တနေ့ထက်တနေ့ ပိုပြီး ပူပြင်းလာပါပြီ။ လက်ပံတွေလည်း ဝေနေအောင် ပွင့်ပြီးပါပြီ။ ကျွန်မတိုင်း ငယ်ငယ်က လက်ပံပွင့်ချိန် ခွေးရူးချိန်ဆိုပြီး ဆိုရိုးလိိုလို ကြာဖူးကြမှာပါ။ လက်ပံပွင့်ချိန်နဲ့ ခွေးတွေရူးချိန်က တစ်ချိန်တည်းကျလို့နေပါတယ်။

Photo by me
တနေ့က ကျွန်မရဲ့ အစ်မ အမှိုက်ပုံမှာ အမိုက်တွေသွားပစ်ရင်း ခွေးကိုက်ခံလာရပါတယ်။ ကျွန်မလည်း သိသိချင်းအနာကို အရက်ပြန်နဲ့ ချက်ချင်းပိုးသတ်ဆေးကြောလိုက်ပါတယ်။ ပြီးတာနဲ့ ပြည့်သူ့ဆေးရုံကြီးကို ပြေးခဲ့ပါတယ်။ ဆေးရုံရောက်တော့ ဆေးရုံက ပိုးသတ်ဆေးနဲ့ ခွေးရောဂါဆေးပေါင်းပြီး ဆေးထိုးပေးပါတယ်။ ဆေးရုံမှာ ခွေးရူးဆေး အလုံအလောက်မရှိလိူ့ အချို့ဆေးတွေကို ဆေးကုမ္ပဏီကနေ လှမ်းမှာရပါတယ်။
(Image Source)[https://burma.irrawaddy.com/lifestyle/health/2019/05/31/193171.html]
ခွေးရူးဆေးတွေက စျေးအင်မတန်ကြီးပါတယ်။ ကျွန်မ အမထိုးခဲ့ရတဲ့ ခွေးရူးပိုးသတ်ဆေးက တစ်လူံးထဲကို ခုနှစ်သောင်းခွဲပေးရပါတယ်။ အဲ့ဒီနောက်တော့ အမကိူ ဆေး၈လုံးထိုးပါတယ်။ ခွေးကိုက်တဲ့ အနာတစ်ဝိုက်မှာ ၄လုံးနဲ့ လက်မောင်း၂ဖက် တင်ပါး ၂ဖက် ထိုးနှံပါတယ်။
၄ ကြိမ်တိတိရက်ချန်းနဲ့ ထိုးနှံရပါတယ်။ အမနဲ့အတူတူ လူပေါင်း ၆၀လောက် ခွေးရူးကာကွယ်ဆေး ထိုးကြပါတယ်။ မန္တလေးမြို့မှာ လမ်းဘေးခွေးတွေ ပေါလှပါတယ်။ များသောအားဖြင့် အကိုက်ခံရသူတွေဟာ စည်ပင်အမှိုက်ပုံးတွေရှိရာကိူ အမှိုက်သွားပစ်ရာက အကိုက်ခံရပါတယ်။
ခွေးကိုက်ရင် လူလည်း အနာတရဖြစ်သလို ငွေကုန်ကြေးကျလည်း များလှပါတယ်။ ဒါကြောင့် လမ်းသွားရင် သတိရှိရှိနဲ့ ခွေးလေခွေးလွင့်တွေကို ရှောင်ရှားသွားကြပါ။ ခွေးကိုက်ပြီဆိုရင်လည်း ခြစ်ရာဖြစ်ဖြစ် ကိုက်ရာနည်းသည်ဖြစ်စေ များသည် ဖြစ်စေ ကျန်းမာရေးဌာနတွေနဲ့ ဆက်သွယ်ပြီး ၂၄နာရီအတွင်း ဆေးကုသမှုခံယူပါလို့ တိုက်တွန်းလိုက်ပါတယ်။ မိတ်ဆွေတွေအားလုံး ခွေးကိုက်ခြင်းမှ ကင်းဝေးကြပါစေ။
!hiqvote
@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @suhlaing gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
Hive.Pizza upvoted this post.
$PIZZA slices delivered:
hiq.smartbot tipped suhlaing
(1/10) @htwegyi tipped @suhlaing
Please vote for pizza.witness!
ခွေးအန္တရာယ်ကတော့ သတိထားရတယ်ဗျို့။
!PIZZA
!MEME
Credit: tanzil2024
Earn Crypto for your Memes @ HiveMe.me!