မိုးသည်းည ပြဇာတ် - ၁

in HIVE-MYANMAR2 years ago (edited)

အခန်း (၁)

မိုးသက်​လေတို့က ဖြည်းညင်းစွာ တိုက်ခတ်လာသည်။ ​လေထဲတွင် ​ပါဝင်​သော အေးမြစိုစွတ်မှု​ကြောင့် ​သေချာ​ပေါက် မိုးရွာမည်ဟု တွက်ဆနိုင်သည်။ မိုးရွာရင်​တော့ ​​လှမ်းထားသည့် မုန်ညှင်းရွက်​ခြောက်များပြန်စို​ပေအုံး​တော့မည်။ တ​နေ့ထဲက ​ရေ​ဆေး​ကြောပြီး အ​​ခြောက်ခံထားတာမို့ မိုးစို၍ အဖြစ်​​ပေ။ ​သူမသည် ​ဒူးနှစ်ဖက်​ပေါ်တွင် လက်တင်ကာ ဖြည်းဖြည်းထလိုက်​သော်လည်း လူက ယိုင်သွားသည်။

image Source

" ကျွတ် ကျွတ် ကျွတ် ​အော် ငါ့နှယ် ဒီ​တောင်​​ဝှေး ဘယ်နားမှာပါလိမ့်"

သူမသည် ပါးစပ်မှ တစ်ပျစ်​တောက်​တောက် ​ရေရွတ်ရင်း လက်ဖြင့် အသာအယာ ​ဘေးကို စမ်း​နေ​လေသည်။ ​အသက် ၈၀​ကျော်အရွယ် သူမ အဖို့ ရေနံဆီ မီးအိမ် အလင်း​ရောင်သည် ​ကောင်းစွာ မြင်ရသည့် အ​နေအ​ထေားတွင် မရှိ​တော့။ ကြမ်းပြင်​အောက်သို့လဲကျ​နေ​သော ​တောင်​ဝှေးကို ​ကောက်ယူလိုက်ရင်း အင်အားချိနဲ့စွာ ထလိုက်သည်။ ထို့​နောက် အိမ်အပြင်သို့ မှုန်ဝါးသည့် အမြင်ကြားမှ မှန်းဆကာ ထွက်ခဲ့​​တော့သည်။ အိမ်အပြင်တွင် လ​ရောင် ကြယ်​ရောင် အလျဥ်းမရှိသည့် မဲ​မှောင်သည့် ​ကောင်းကင် ပြင်ကြီးသာ။ တချက်တစ်ချက် အ​နောက်ဖက်​​ကောင်းကင်မှ လျှပ်​ရောင်ကို ​တွေ့ရသည်။

" မိုးနဲ့​လေနဲ့ သားနဲ့သမီး အလုပ်က​နေ အိမ်မှ ပြန်​ရောက်ပါအုံးမလား ​မြေး​လေး​တွေ​ကော ​နေထိုင်​ကောင်းပါ​လေစ အိုးး ​တော်ပါပြီ မ​တွေးတာ ​ကောင်းပါတယ်"

သူမသည် ​တွေးလက်စ အ​တွေးကို ဇွတ်​​မေ့ပစ်ဖို့ ကြိုးစားရင်း ဦး​ခေါင်းကို ခပ်ဆက်ဆက် ခါရမ်းပစ်လိုက်သည်။ ထို့​နောက် ဖျာကြမ်းဖြင့် ခင်းထား​သော မုန်ညှင်းရွက်များကို သိမ်းကြုံးကာ အိတ်အလွတ်ထဲသို့ ထည့်လိုက်သည်။ ထို့​နောက် ​တောင်​ဝှေး​လေးကို အားပြုရင်း အမယ်အိုသည် အိမ်အို​လေးထဲသို့ တ​ရွေ့​ရွေ့ ပြန်ဝင်သွားသည်နှင့် မိုးက အညှိုးကြီးစွာ ရွာချလိုက်​လေသည်။ အမယ်အို၏ အိမ်သည် သိပ်​တော့ဖြင့် မကြီးပါ။ သူတစ်ကိုယ်စာ​နေသာရုံ ပျဥ်ခင်းပြင်ကာ သွပ်မိုး အိမ်က​လေး တစ်လုံးသာ ဖြစ်သည်။ အိမ်၏ နံရံကို ​ရေနံ​ချေးများ ဝ​နေ​အောင် သုတ်ထားသဖြင့် ​ဟောင်းနွမ်း​နေသည်မှာ သိပ် မသိသာလှ​ပေ။ ရွာဘက် ခြံများဖြစ်သဖြင့် ခြံဝန်းက​တော့ အ​တော်ကျယ်လှပါသည်။ ခြံအတွင်းနှစ်ရှည်ပင်များနှင့် အုံ့ဆိုင်း​နေသည့်အပြင် အိမ်မဲမဲ​​လေးမှာ ​သည်လိုမိုးသည်းညများတွင် သေချာကြည့်မှ မြင်ရနိုင်​ပေမည်။

ဆက်ရန်

Sort:  

Good
!LUV
!hiqvote

@naythan ပျောက်သွားလို့ ဘာဖြစ်တယ် မသိရ၊ စိုးရိမ်မိ၊ စိတ်မကောင်းဖြစ်မိနေတာ။ ခု ပြန်ပေါ်လာတာ ဘယ်သူပါလဲ သူပဲလား။

ပြန်လာခဲ့မယ်အကို
နေရာအပြောင်း အရွေ့လေးကြောင့် ကြာနေတာ
သတိရပေးလို့ ကျေးဇူးပါ
ကျန်းမာရေးကတော့ ပြန်ကောင်းသွားပါပြီ
!LUV

ရှင်သန်နေသေးတာ သိရလို့ ဝမ်းသာပါတယ်။
Welcome Back !luv

Loading...

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@hiq.smartbot(3/5) tipped @suhlaing (x1)

Learn more at https://hive.pizza.

စာအသွား ရေးထားတာ ညက်နေတာပဲ။ ဆက်ရေးပါဦးဗျ။

ဟုတ်ကဲ့ ​ကျေးဇူးပါရှင့်

‌အဲသလိုတွေရေးတင်ပါ !LUV

အမြဲတမ်း​တော့ မ​ရေးဖြစ်ဘူးဆို😊