Hive Myanmar မိသားစု အားလုံး မင်္ဂလာပါ။မိသားစုတွေ အားလုံး အန္တရာယ်ကင်းရှင်းကြရဲ့လား။ ကျွန်မတို့ မိသားစုကတော့ ဘေးကင်းပါတယ်။ မန္တလေး ငလျှင်ကတော့ အားလုံး သိရှိပြီးဖြစ်ပါတယ်။ ကျွန်မ နေထိုင်တဲ့ ၄ထပ်တိုက် အဆောက်အဦးကလည်း ခိုင်ခန့်မှု မရှိတဲ့အတွက် အိမ်ရှေ့ မြေပြင်မှာ အိပ်ရပါတယ်။ ဒါကလည်း ဘယ်နှစ်ရက် ကြာမယ် မသိတော့ အဆင်မပြေတာနဲ့ မန္တလေးနဲ့ နီးတဲ့ ပြင်ဦးလွင်ကို တက်ခဲ့ပါတယ်။
အိမ်ခန်းဌားပြီးသကာလ အခုတော့ မေမြို့မှာ အပူရှောင်နေပါတယ်။ ပန်းမြို့တော် ရောက်ပြီဆိုတော့ ကန်တော်ကြီးဘက် ရောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်အဖြစ် ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ရိုက်ဖြစ်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။စိတ်အခြေအနေ သိပ်မကောင်းတာကြောင့် စာတွေတော့ ရှည်ရှည်ဝေးဝေးမရေးချင်တော့ပါဘူး။ အားလုံးကို ကျေဇူးတင်ပါတယ်။
အားတင်းထားပါ မစုရေ ။
!PIZZA
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
ကျေးဇူးဘထွေးရေ
!PGM
$PIZZA slices delivered:
(1/10) @htwegyi tipped @suhlaing
Moon is coming