သည်ရာသီ သည်အချိန်ရောက်ပြီဆိုနဲ့ မန္တလေးမြို့ရဲ့ ကျုံးအရှေ့ဘက်မှာ သပြေဘူတတွေ ဝါထိန်နေအောင်ပွင့်ပါသည်။ အဖူးလေးပါမကျန် တပင်လုံးကိုင်းညွှတ်နေတော့သည်။ ကြည့်ရသည်မှာ အဝါရောင် လိုင်းလုံးကြီးလိမ့်နေသကဲ့သို့ ဖြစ်ပါသည်။ သပြေဘူတသည် မြန်မာ့ မျိုးရင်းတော့ ဟုတ်ဟန်မတူ။ ထိုင်းနိုင်ငံမှ မှာယူစိုက်ပျိုးသည်ဟု ဖတ်မှတ်ဖူးပါသည်။
သပြေဘူတရဲ့ မျိုးစိတ်အမှန်ကိုဖြင့် မသိပါ။ သို့သော် သပြေဘူတသည် သူ၏ အမိမြေမဟုတ်သည့် တိုင်းပြည်တွင် ရှင်သန်ပေါက်ရောက်ကာ အစွမ်းကုန် ဖူးပွင့် လှပနေပါသည်။ မန္တလေးမြို့တွင်သာမက မုံရွာကဲ့သို့သော အခြားမြို့ကြိးများတွင်လည်း နေရာယူ လှပနေကြပါသည်။
တပြေဘူတပန်းပင်များကို ကြည့်ရင်းဖြင့် စာရေးသူမှာ အတွေးဝင်မိပါသည်။ တစ်ခုက အကောင်းမြင်စိတ်အတွေးနှင့် နောက်အတွေးတစ်မျိုးက အဆိုးမြင်စိတ်ဟု ဆိုရမလိုပင်။ အကောင်းမြင်မိသည်မှာ သပြေဘူတသည် မိမိ၏ အမိနိုင်ငံ မဟုတ်သည့်တိုင် အားငယ်စိတ်မရှိ သိမ်ငယ်စိတ်မရှိ။
သူမ၏ တာဝန်ကို ကျေပွန်စွာဖြင့် တိုင်းတပါးအလည်တွင် ဝင့်ကြွားထည်ဝါနိုင်ပေသည်။ နောက်အတွေးတစ်ခုက တပြေဘူတ၏ အလှနှင့် အရောင်အဆင်းတင့်တယ်မှုကို ဒေသမျိုးရင်းများက လိုက်မမီမှာ စိုးထိတ်မှုပင်။ သည်ရာသီနှင့် အချိန်ကာလတွင် သပြေဘူတအစား ဒေသမျိုးရင်း ပန်းပိတောက်တို့ ဝေနေသင့်သည် မဟုတ်ပါလား။ စာရေးသူက ဘက်လိုက်၍ ဒေသစွဲခြင်မိပါသည်။
ပန်းပိတောက်ကိုသာ နေရာပေးလိုသည်။ ပန်းပိတောက်ကိုသာ ထင်ပေါ်စေချင်သည်။ ပန်းပိတောက်ကိုသာ နေရာရစေချင်သည်။ ပန်းပိတောက်နေရာတွင် တပြေဘူတကို အစားမထိုးချင်။ ပိတောက်မဟုတ်လျှင်တောင် ငုဝါပန်းကို နေရာရစေချင်သည်။ ထိုမှ မြန်မာ့ ပန်းအလှနှင့် လိုက်ဖက်ညီမည်ဟု ထင်မိပါသည်။
ယခုတော့ တပြေဘူတ ပန်းဝါဝါလေးများက နေရာယူနေကြပြီ။ ညနေခင်းဆည်းဆာအလှနှင့်အပြိုင် မိန်းမငယ်လေးများကလည်း တပြေဘူတပန်းဝါဝါလေးများနှင့် အတူယှဥ်တွဲ ဓာတ်ပုံရိုက်နေကြသည်။ မိန်းမငယ်လေးများ၏ အလှနှင့် တပြေဘူတတို့ ပေါင်းစအ်ကာ သည် နွေဦးရာသီသည် အစွမ်းကုန် လှပနေပေတော့သည်။ မြန်မာ့သမီးပျို ပန်းပိတောက်နှင့် ငုဝါတို့မှာ မျက်နှာငယ်လေစွပါတကား။
!hiqvote
အချိန်တန်တော့လည်း ပိတောက် က ပိတောက်ပါလေ။
!PIZZA
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
ပိတောက်တွေ ထိုင်းမှာဝေတော့ စိတ်မကောင်းဘူး ဘထွေးရေ
Hive.Pizza upvoted this post.
$PIZZA slices delivered:
(1/10) @htwegyi tipped @suhlaing
Join us in Discord!