အပေါ်ယံ

in HIVE-MYANMAR8 months ago (edited)


ဒီနေ့ရုံးရောက်မှရုံးကညီမလေးတစ်ယောက်က သူ့အသိမင်္ဂလာဆောင်လိုက်ကူဖို့ပြောတာနဲ့ ဒီအတိုင်းရုံးလာတဲ့အဝတ်အစားနဲ့ပဲသွားကြတာပေါ့။အဲ့ညီမလေးကလဲ သာမန်လောက်ပဲဝတ်ထားတယ် ကိုယ်ကလဲသာမန်ရုံးတက်တဲ့ပုံစံပဲဝတ်ထားတယ်။ ၂ ယောက်စလုံးဘာလက်ဝတ်လက်စားမှမဝတ်ထားကြဘူးပေါ့။ မင်္ဂလာလက်ဖွဲ့စာအိတ်ပေးပြီးခန်းမထဲဝင်တဲ့အချိန်မှာလဲ ကိုယ်တွေ ၂ ယောက်ပဲရှိတာတောင် သော့ချိတ်ကမ်းတဲ့ကလေးတွေက ကိုယ်တွေ၂ယောက်ကိုအရေးမစိုက်စွာနဲ့ မမြင်ချင်ယောင်ဆောင်ပါတယ်။ထားလိုက်ပါ သော့ချိတ်ကိုလဲစိတ်မဝင်စားပါဘူး။မင်္ဂလာဆောင်က hotel တစ်ခုမှာလုပ်တာပါ။အထဲကိုရောက်တဲ့အချိန်မှာလဲ ဘယ်သူကမှလာဧည့်ကြိုဧည့်ခံခြင်းမရှိတဲ့အတွက် ကိုယ့်ဘာသာပဲလွတ်တဲ့စားပွဲမှာထိုင်လိုက်ကြတာပေါ့။ခဏနေတော့ကြက်ဆီထမင်းပန်ကန် ၂ပွဲရောက်လာတယ်။၂ ယောက်လုံးထမင်းစားပြီးမှ လာတာဆိုတော့ မစားချင်ကြဘူး ဩ ခဏနေရေခဲမုန့်လေးလာချမှ ရေခဲမုန့်ပဲစားကြတာပေါ့လို့။ ခဏနေမင်္ဂလာစုံတွဲကလာနှုတ်ဆက်ပြီး ဘယ်သူမှမလာကြတော့ဘူး။ hotel က ကလေးတွေကလဲ ကိုယ်တွေရှေ့ကစားပွဲ၊ဘေးကစားပွဲတွေကိုသာလာသိမ်းသွားတယ် ကိုယ်တွေစားပွဲမှာ ရေဘူးမရှိတာ၊ရေခဲမုန့်မချသေးတာကိုဘယ်သူမှအရေးမလုပ်ကြဘူး။ မနေနိုင်တဲ့အဆုံးရေတောင်းသောက်ရတယ်။ရေဘူးလာပေးပြီးတာတဲ့ အရေးမလုပ်ကြတော့ပါဘူး။စိတ်ထဲနည်းနည်းတော့တင်းလာပြီ အဲ့ကြောင့် အဲ့ဒီ ညီမလေးကိုပြန်ကြရအောင်လို့ ငါတို့ကိုရှိတယ်လို့တောင်သတ်မှတ်ကြတာဟုတ်ဘူးလို့။ လူတွေလူတွေ ကိုယ်တိုင်တွေကဘာမှမဟုတ်ပေမဲ့ တောက်ပြောင်စွာဝတ်စားထားခြင်းမရှိတဲ့သူဆိုရင်အရေးမလုပ်ချင်ကြတာ စိတ်ဓာတ်တွေကကြောက်စရာကောင်းပါ့။အစကစိတ်တိုတယ် ပြီးတော့ရယ်ချင်လာတယ်။ လူတွေကဟန်ဆောင်မှု့တွေ အပေါ်ယံတွေနဲ့ပဲထိုက်တန်ပါတယ်လို့။ဒီနေ့ရဲ့အမှတ်တရပါပဲ။ပုံထဲကအတိုင်းဝတ်သွားကြတာပါ။