မေ့လို့မရတဲ့နေ့လေးတစ်နေ့

in HIVE-MYANMAR3 years ago

img_0.4310173023439707.jpg
ဓာတ်ပုံဟောင်းလေးတွေပြန်ကြည့်ရင်းဒီပုံလေးကိုမြင်တော့အဲ့ဒီအချိန်လေးကိုသတိရသွားတယ် လူတိုင်းရင်ထဲမမေ့နိုင်တဲ့ ၁.၂.၂၀၂၁ ရက်နေ့လေး ။ အဲဒီတံတား‌ကကယားပြည်နယ်အတွင်းကဖားဆောင်းမြို့နဲ့မယ်စဲ့မြို့ကိုဆက်သွယ်ပေးထားတဲ့ သံလွင်တံတားလေးပါ။ အလုပ်ကိစ္စနဲ့မယ်စဲ့မြို့ကိုရောက်နေချိန်အဲ့ဒီနေ့မနက် ၅ နာရီအိပ်ရာထတော့ဖုန်းလိုင်းတွေမရတော့ဘူး စိတ်ထဲကတော့ဩနယ်စပ်မြို့ဆိုတော့ဖုန်းလိုင်းခဏပျက်တယ်ထင်မိသေး ဖားဆောင်းကိုသွားဖို့ကားလာကြိုမှပဲအာဏာသိမ်းမှန်းသိရတော့တယ်။ အဲ့ဒါနဲ့မယ်စဲ့ကနေဖားဆောင်းကိုသွားရင်း ဒီသံလွင်တံတားကိုမြင်တော့အမှတ်တရဓာတ်ပုံရိုက်မယ်ဆိုပြီးရိုက်ဖြစ်ခဲ့တယ်။ ပြီးတာနဲ့ဖားဆောင်းမြို့ကို မနက် ၇ နာရီလောက်ရောက်ပြီးဝင်မယ်လုပ်တော့မြို့အဝင်မှာစစ်တပ်ကပိတ်ထားပြီ မြို့ထဲကိုဝင်လို့လဲမရသလို မြို့ထဲကလူတွေကိုလည်းပေးမထွက်ပါဘူးတဲ့။ ကျမတို့အဖွဲ့တစ်ဖွဲ့ကဖားဆောင်းမြို့ထဲမှာ ကျမတို့ကိုအဆက်အသွယ်မရတော့စိတ်ပူနေလေရဲ့။ ကျမတို့တွေလည်းဂိတ်ကလူတွေကိုအကျိုးအကြောင်းသေချာရှင်းပြပြီးမြို့ထဲဝင်ခွင့်ပေးဖို့ကိုတော်တော်လေးပြောယူလိုက်ကြရတယ်။နောက်ဆုံးမှာတော့ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ပြန်ထွက်ခွင့်မရှိပါဘူးတဲ့။ ဖားဆောင်းမြို့ထဲရောက် ကျမတို့အဖွဲ့၂ဖွဲ့ပြန်ဆုံကြတော့ဝမ်းသာအားရနဲ့ကိုပြေးဖက်မိကြတယ်။ ပြီးတာနဲ့ကျမတို့တွေ လွိုင်ကော်ပြန်မလားဖားဆောင်းမှာပဲအ‌ခြေအနေစောင့်ကြည့်မလားတိုင်ပင်ဆွေးနွေးကြတယ်။သူတို့တွေကမြို့ကိုဘယ်အချိန်ထိပိတ်ထားမယ်ဆိုတော့မသေချာတော့ဒီမှာပိတ်မိနေရင်အားလုံးကစိတ်ပူနေကြလိမ့်မယ်လွိုင်ကော်ပဲရောက်အောင်ပြန်ကြမယ်ဆိုပြီးဆုံးဖြတ်လိုက်ကြတယ်။လွိုင်ကော်ပြန်တဲ့လမ်းတစ်လျှောက်ကျမတို့အဖွဲ့ရဲ့ကား၄စီးကလွဲ၍မည်သည့်ယာဉ်မျှသွားလာခြင်းမရှိလမ်းတစ်လျှောက်လုံးတိတ်စိတ် ငြိမ်သက်နေတာခြောက်ခြားစရာကောင်းပြီးကမ္ဘာပျက်ရုပ်ရှင်တွေထဲကလို စိတ်ထဲမှာလန့်နေမိတယ်။လမ်းတစ်လျှောက်စစ်ဆေးရေးဂိတ်ပေါင်းများစွာကလဲဝင်ခွင့်တောင်းရင်ဝင်ပြီးပြန်ထွက်လို့မရဘူးပြော၊ထွက်ခွင့်တောင်းရင် ဟိုဘက်ကလက်မခံလို့ပါပြောပြီးပြန်လာလည်းပေးမဝင်တော့ဘူးအပြီးထွက်နဲ့မနည်းကိုပြောဆိုပြီးမှလွိုင်ကော်ကိုပြန်ရောက်လာခဲ့တော့တယ်။ ဘဝမှာဘယ်လိုမှမေ့လို့မရတဲ့နေ့လေးတစ်နေ့ပါပဲ။

Sort:  

အော် အဲ့မှာ အဲ့သလိုတွေဖြစ်တယ်ပ။

ဟုတ်ကဲ့