သံဝေဂ

in HIVE-MYANMAR2 years ago


နေ့မြင်ညပျောက်ဆိုတဲ့စကားကိုဒီနေ့သေချာယုံမိတယ်၊ အလုပ်မှာနေ့လည်စာ စားပြီးရယ်ရယ်မောမောစကားတပြောပြောနဲ့အလုပ်လုပ်နေရင်းက ရုတ်တရက်ဗိုက်ထဲရစ်ပြီးနာသလိုလိုဖြစ်လာလို့ သန့်စင်ခန်းဘက်သွားလိုက်တယ်၊ အဲ့အထဲရောက်မှဗိုက်ကပိုနာပြီးဇောချွေးတွေပြန်လာတယ်၊ကတုံကရင်ဖြစ်ပြီးအားတွေကိုရုတ်တရက်ဆွဲယူသွားသလိုခံစားလိုက်ရတယ်၊ ကန့်တော့ပါ အလေးနည်းနည်းသွားလိုက်ပေမဲ့ ဗိုက်ထဲမှာလေတွေ‌အရမ်းထိုးပြီး ဗိုက်လည်းအရမ်းအောင့်လာတယ်၊ အဲ့အချိန်တွေးမိလိုက်တာ ငါဒီအခန်းထဲမှာများမေ့လဲနေရင်ဘယ်သူမှသိမှာမဟုတ်ဘူးလို့၊ အားတင်းပြီးအပြင်ထွက်ဖို့ကြိုးစားနေတုန်း ရုတ်တရက်ထိုးအန်ပြန်တယ်၊ ပြီးတော့‌ နောက်တခါ အလေးနည်းနည်းသွားပြန်တယ်၊ တကိုယ်လုံးလဲ ဇော်ချွေးတွေနဲ့‌အရမ်းပင်ပန်းတကြီးခံစားနေရတယ်၊ အတက်နိုင်ဆုံးအားတင်းလို့အခန်းအပြင်ရအောင်ထွက် မိမိအလုပ်စားပွဲကိုမနည်းရောက်အောင်သွားရတယ်၊ သူငယ်ချင်းတွေတအံ့တဩနဲ့ ဘာဖြစ်တာလဲပေါ့ ချက်ချင်းပြန်ဖြေဖို့အားလုံးဝမရှိ၊ ခဏလောက်နား ဖြေဆေးကို ရေနွေးပူပူလေးနဲ့ သောက်လိုက်မှနည်းနည်းသက်သာလာတယ်၊ အကောင်ကြီးကနေ 10 မိနစ် 15 မိနစ်အတွင်းခံစားလိုက်ရတဲ့ဝေဒနာကို တွေးကြီးပြီး ငါဒီလိုမျိုး ရုတ်တရက် သေနိုင်ပါလားလို့ သံဝေဂရမိတယ်၊ ဘဝကတိုတို‌လေးပါ အေးချမ်းချင်ပါတယ် ပုံကတော့တွေ့တာထည့်လိုက်တာ၊

Sort:  

!PIZZA
!hiqvote

Loading...

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
(1/5)
donjaun tipped thandaraye (x1) @htwegyi tipped @thandaraye (x1)

Learn more at https://hive.pizza.

နေရတဲ့ဘဝ ခဏလေးပါလေ။
!PIZZA