ရော်ဖက်ရှင်နယ်တို့ ကျဆုံးချိန်

in HIVE-MYANMAR2 years ago

ပရော်ဖက်ရှင်နယ်တို့ ကျဆုံးချိန်

ပရော်ဖက်ရှင်နယ်တို့ ကျဆုံးချိန် အကြောင်းလေးကို ဒေါက်တာဖြိုးသီဟရဲ့ စာအုပ်တစ်အုပ်ဖတ် လိုက်ရလို့ ရေးသားချင်ဖြစ်ပါတယ်။ကျွန်‌ေတာ်တုိ့နယ်ပယ်တိုင်းမှာ အရည်အသွေးတွေ ကျနေတယ်။ ကျင့်ဝတ်စောင့်ထိန်းမှုတွေ အားနည်းနေတယ်။ ဘာလို့လဲဆိုတော့ ဒီဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်လို့မရတာကြောင့်ပါပဲ။ ဒါဆို ဝင်ငွေကောင်းအောင် ဘယ်လိုလုပ်မလဲ။ရှင်းပါတယ်။ တိုင်းပြည်စီးပွားရေးကောင်းဖို့ လိုတယ်။ ‌ဈေးကွက်ကျယ်လာ၊ ဝယ်လိုအားများလာရင် ရောင်းအားကောင်းလာမယ်၊ ဝင်ငွေပိုရမယ်၊ ဒီသဘောပါပဲ။

နယ်ပယ်အသီးသီးမှာ ပရော်ဖက်ရှင်နယ်တွေ များလာရင် တိုင်းပြည်တိုးတက်လာမှာ ဖြစ်သလို၊ အဲဒီလို ပရော်ဖက်ရှင်နယ်တွေ များလာဖို့ကလည်း တိုင်းပြည်တိုးတက်ဖို့ လိုပြန်ပါသေးတယ်။ ဒါကြောင့်လည်း နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးရဲ့အရေးလို့ ဆိုနေရတာပါ။တိုင်းပြည် မတိုးတက်သရွေ့ ကျွန်တော်တို့ဟာ အရည်အသွေးနိမ့်မှုတွေနဲ့ပဲ ကြုံနေရဦးမှာပါပဲ။ အရည်အသွေးနိမ့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ မြန်မာပေါကားတွေ၊ နိုင်ငံခြားတက်ကျမ်းကို ဘာသာပြန်ပြီး ကိုယ်ရေးထားသလိုလို လုပ်နေတာတွေ၊ အဖော်အချွတ်တွေလုပ်ရင်း ဘာဝမ်းစာမှမရှိ၊ ဖြည့်ဖို့လည်း စိတ်မကူးဘဲ ရုပ်ရှင်ဝင်ရိုက်၊ သီချင်းဝင်ဆိုနေတာတွေ၊ စတဲ့ စတဲ့ ခေါင်းကိုက်စရာတွေနဲ့ပဲ တွေ့နေရမှာပါ။ ဒီတော့ လုပ်စရာနှစ်ခုပဲ ရှိပါတယ်။

 ရေစီးကြောင်းနောက် မလိုက်ဘဲ ကိုယ့်သက်ဆိုင်ရာနယ်ပယ်အလိုက် ပရိုပီသအောင် ကြံ့ကြံ့ခံ ကြိုးစားကြဖို့ရယ်၊ တိုင်းပြည်အရေးလေးကို စိတ်ဝင်တစားနဲ့ ဝင်ရောက်ပတ်သက်ပေးကြဖို့ရယ်ပါ။ဒါကြောင့် နယ်ပယ်တိုင်းကြိုးစားပြီး အောင်မြင်မှုရအောင် လုပ်သင့်ပါတယ်။ခုလိုဖတ်ပြီး အသိပညာ ရသများရကြပါစေ ။