COVID-19 ဆိုတဲ့ စိတ်ပျက်စရာကာလကြီးမှာ
ဘယ်မှသွားလို့လာလို့မရဘဲ အားလုံးဟာ Stay
at home နေကြရတာဆိုတော့....... မိသားစုတွေ
ပြန်စုံကြပြီး အတူတကွ နေထိုင်ကြရတယ်။
မရှိရှိတာလေးထုခွဲရောင်းချ၊ခြိုးခြံခြွေတာပြီး ဝေမျှစားသောက် နေထိုင်ကြရတယ်၊၊ဒါလဲ တစ်မျိုးတော့ ကောင်းပါတယ်လေ၊မိသားစုတွေစုစည်း နွေးထွေးမှုတော့ဖြစ်တာပ။ အချို့ဆို
ကိုဗစ်ကြီးကိုတောင် ကျေးဇူးတင်နေကြတယ်
ဟုတ်။
ဒါပေမဲ့......အတူနေထိုင်ကြရတဲ့ အချိန်မှာ
စားရေး ၊ ဝတ်ရေး ၊ နေရေးဆိုတဲ့ ရေးသုံးပါးက
အဆင်ပြေနေတဲ့အချိန် မသိသာပေမဲ့၊ ကိုဗစ်ရဲ့
တစ်နှစ်တာ ကာလအတွင်းမှာ......ခက်ခဲလာတဲ့ အချိန်ဆိုတာ သာမန် လူတန်းစားတွေ အနေနဲ့
တွေ့ကြုံရမယ်ဆိုတာ သေချာပါ့ဗျာ။
အဲဒီကာလတွေဟာ ..... မိသားစုအတွင်း
" ပွတ်တိုက်မှု" တွေပေါ်ပေါက်လာတတ်ပါတယ်။
မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ မိတ်ဆွေ
အပေါင်းအသင်းဆက်ဆံရေးတွေနဲ့ " ပွတ်တိုက်
မှုကို .....ကိုဗစ် ကာလ စိန်ခေါ်မှုလို့တောင် တင်
စားပြောချင်မိတယ်ဗျာ။
ကျွန်တော်နေထိုင်တဲ့ ရွာက မိသားစုတွေ
" ပွတ်တိုက်မှု" ဖြစ်ရာက ....နင်ပဲ ငဆ နဲ့ စကား
စစ်ထိုးပွဲကနေ.... တိုက်ပွဲငယ်တခုအသွင် ရောက်
နေကြရတယ်။ အဓိကအကြောင်းရင်းကတော့
" နားလည်မှု" လွဲမှားကြတာ ကနေ အခြေခံပြီး
ပေါ်ပေါက်လာကြတာပါ။
နားလည်မှု ဆိုတဲ့ အသုံးအနှုန်းဟာ လူမှု
အသိုင်းအဝိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံး
ပြုနေတဲ့ စကားလုံး ဖြစ်ပါတယ်။
နားလည်မှု ဆိုတဲ့ ဝေါဟာရ ကို မြန်မာ့
အဘိဓါန် ကျန်းမှာ (၁) အခြေအနေကို သဘော
ပေါက်မှု၊(၂) စိတ်သဘောချင်း တိုက်ဆိုင် ညီ
ညွတ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ဒီလိုဆိုတော့......နားလည်မှုဟာ ..... တစ်ဦးတစ်ယောက်
အစုအဖွဲ့မှ သည် .... လူသားအားလုံးနှင့် သက်
ဆိုင်လာသည့် စကားဖြစ်လာခဲ့ပါတယ်။
နားလည်မှုမှာ......သီးခံခွင့်လွှတ်ခြင်းနဲ့ စာနာစိတ်တို့ဟာ အခြေခံလေ့ကျင့်မွေးမြူရမယ့်
စိတ်နေသဘောထားတွေဖြစ်ကြောင်း ကိုလည်း
မှတ်သားဖူးပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး
အထင်အမြင်သေးမှု၊ ရှုတ်ချမှူနဲ့ မာန်မာနတို့ဟာ
လည်း " နားလည်မှု" ကို ပျက်စီး ပျောက်ကွယ်
သွားနိုင်တာကိုလည်း သတိချပ်သင့်ပါတယ်။
နားလည်မှုကို တည်ဆောက်ရာမှာ အပြန်
အလှန် စိတ်သဘောထား ညီညွတ်ဖို့ ညှိနှိုင်းယူ
တတ်မှုဟာ အခြေခံကျပါမယ်၊၊တဦးက အချို
ကြိုက်လို့ ကိုယ်က အချိုလိုက်ကြိုက်ဖို့မဟုတ်ပဲ
" ဪ......သူက အချိုကြိုက်သူ တစ်ယောက်
ပါလား...." ဆိုတာကို အသိအမှတ်ပြုထားတတ်
ရမှာပါ။
နားလည်မှု တိုင်းဟာ အခွင့်အရေးရှိကြပါ
တယ်။အခွင့်အရေး လက်လွှတ်ဆုံးရှုံးသွားပေမဲ့
နှိမ့်ချမှု၊စာနာမှု၊များနဲ့ ပြန်လည်တည်ဆောက်နိုင်
မယ်ဆိုတာ အသေအချာပါ။
တစ်ပါးသူအပေါ် ဘယ်လောက် နား
လည်ထားပြီလဲ၊ အခြားတစ်ရောက်သောသူက
ရော တစ်ပါးသူအပေါ် ဘယ်လိုနားလည်နေတာလဲ၊အမှား / အမှန်ခွဲခြမ်း စိပ်ဖြာ ကြည့်ပြီးပြီလား၊ အခြားသူ လွဲမှားနေသည့် နားလည်မှုကို ဝိုင်းဝန်းပြုပြင်ကြပြီလား၊ အခြားသူရဲ့ လွဲမှားမှုကို ... မစဉ်းစား....မဆင်ခြင်ပဲ......မိမိကိုယ်တိုင် ပါဝင်ပြီး ပူးပေါင်းလိုက်မည်ဆိုပါက လွဲမှားတဲ့ နားလည်မှုဟာ .. ထုထည်ကြီ:မားလာမယ်ဆိုရင်လုပ်ငန်း....အနာဂတ်များ ပျောက်ဆုံး၊.ရပ်ဆိုင်း၊ ပျက်စီးသွားမှာ အသေအချာပါ။
ကိုဗစ် ကာလကြီးကို အတူတူလက်တွဲပြီး
ခုခံကာကွယ်ကြဖို့ အချင်းချင်း ညီညွတ်မှု၊ နား
လည်မှုတွေနဲ့ .....အပြန်အလှန် တည်ဆောက်ပြီး
အောင်မြင်စွာ.....ကျော်ဖြတ်နိုင်ကြဖို့ လိုအပ်ပါ
တယ်။
နားလည်မှုတည်ဆောက်ရန်အတွက် မာန်
မာနကို ဖယ်ထုတ်ပါ ၊ ပွင့်လင်းစွာ ပြောဆိုဆွေး နွေးပါ၊ တစ်ကိုယ်ကောင်းစိတ်သည် အချင်းချင်း
နားလည်မှု ......အရင်းခံစိတ်ဓါတ်ကို ပျက်ပြယ်
စေနိုင်ပါကြောင်း.......... တွေးမိသမျှကို ..... ရေးမိလိုက်ပါတယ်........။
victornawawng
Tag မှာ palnet ထဲ့ပေးပါလားဗျ။ ကျွန်တော် vote ပေးတော့
ဦးဗစ်တာ pal ရတာပေါ့။
ဘယ်လိုလုပ်ရမယ်မသိဘူး ညီ
နောက်ပိုစ်တင်တဲ့အခါမှ ထဲ့ပေးပါဗျ။ ပိုစ့်တင်ပြီးမှ ထပ်ပြင်ထဲ့လို့
မရတော့ဘူးဗျ။
ကျေးဇူး ပါ ညီရေ
Congratulations @victornawawng! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
နားလည်မှု က လူမှုအသိုင်းအဝိုင်းမှာ အထူးလိုအပ်တဲ့ အရာပါ။
နားလည်မှု ရှိကြမှ လူမှုဘဝ အေးချမ်းသာယာမယ် မဟုတ်လားဗျာ။ပို့စ် တင်တိုင်း tag တွဲရာမှာ #palnet #neoxian နှစ်ခု အမြဲတမ်း တွဲထည့်ပေးပါ။
ကျေးဇူးပါ ညီရေ.... မှတ်ထားမယ် ညီ
နားလည်မှု ဆိုတာ ရှိရင် တစ်ဦးနှင့် တစ်ဦးအဆင်ပြေသွားကြမှာပါ
ဟုတ်....ဆရာ
ဦး victor ... ရေ... စာအရေးအသား အချို့မှာ အပိုဒ်ခွဲ မမှန်လို့ လာ တခုခုကြောင့် စာကြောင်းတွေ ပြတ်ကျန်နေခဲ့တယ်။ ကျွန်တော်တို့ အရင်ကလည်း ဖြစ်ဘူးတယ်.... တခု အသိပေးချင်တာက ကိုယ်ရေးတဲ့ ဆောင်းပါးကို Publish မလုပ်ခင် Preview မှာ သေချာ ကြည့် ပေးရင် ပြန်ပြင်လို့ ရတယ်။
ဟုတ်....ညီ နောက်ကို သတိထားပါမယ်။ကျေးဇူးပါ