Introduction Myself

in HIVE-MYANMAR3 years ago

(English / Myanmar)
Hello everyone, I am a Myanmar citizen. I want to write a letter,l was a little nervous because l had never written one.

Let me introduce myself first. My name is Moe. I am 27 years old. I graduated from Technological University (Mandalay) with a degree in BE (Electrical Power). I work as a civil servant in the Department of Myanmar Railways, Mechanical and Electrical Engineering. Now I will start writing about my life.

20191013_102802.jpg

I am an only child. My father passed away when I was a child. I think I was only three years old when my dad died, so I do not remember his dad's face. It's only when I look back at the photos that I realize, "Oh, is that my father?" My father died of an alcohol, so I hated people who drank so much that. It should be called my ego.

IMG_20211215_124409_796.jpg

I have no father and my mother loves me very much. I love my mother very much. We have 6 family members.
My grandmother, mother, two aunts, uncle and l. My mother and I live with my grandmother and aunt. My uncle lives elsewhere.

She was the only one who gave me love. My mother is an invaluable role model for me.

20190527_104815.jpg

My mother never remarried, thinking for me. My mother worked self-employed.Then she sent me to school. I also try very hard. So I won the annual Scholarship from Kindergarten to 4th grade. My mother's care for me not only earned me a scholarship, but also for my cleanliness, which earned me the Thant Shin Maung Mae Award and the Sports Award.

IMG_20211215_124616_496.jpg

I have many young friends. One of them is my dearest friend. Her name is Ma Sandar. We went to the same school up to elementary, middle and high school together.

Tenth grade is the most important class in our country. It is not wrong to say that it is the grade that will determine our lives. I passed the tenth grade,but no honors. My friend has been very good at reading since he was a child. He passed the tenth grade with honors in 5 subjects,so his score is very good.

FB_IMG_1486820417558.jpg

I was not honored either, but my score was good. From a very young age, I wrote on the wall in front of my desk, "Dr. Daw Yu Zin Moe (MBBS-OG), Engineer Daw Yu Zin Moe (BE) must be" written on the wall in chalk.

As a kid, I didn't know any other degrees, but I did know and memorize the degrees of the two jobs I was interested in, and I knew them from then on.So by the time I graduated from high school,I was able to attend a technical university.

IMG_0004.jpg

At that time, I had the opportunity to become a hobby engineer. My friend went to technical university with me. She now holds a BE (Civil) degree and is a successful engineer accepting Estimate calculations.

After graduating, I joined First National Insurance General Co., Ltd. for two years. Although not related to my degree, I worked after school and did whatever I could to thank my parents.

20180316_140655.jpg

I am currently working as a civil servant in the Department of Myanmar Railways, Mechanical and Electrical Engineering, which is related to my degree, as mentioned above.

20190607_132702.png

Now we are experiencing a coup d'etat in Burma.Therefore,as I am a civil servant,and participated in the "Civil Disobedience Movement" (CDM).

Screenshot_20211215-125118.png
Credit Photo

"Truth always wins"

Thank you all very much for reading to the end of my life.

အားလုံးပဲ မင်္ဂလာပါရှင့် ကျွန်မသည်မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပါသည်။
ဒီ Hive မှာ ပိုစ့်တင်ဖို့ ကျွန်မ ကို @htwegyi ၏တိုက်တွန်းချက်အရ ရေးသားဖြစ်ခြင်းဖြစ်ပါသည်။ ကျွန်မစာရေးချင်မိသော်လည်း တစ်ခါမှမရေးဖူးသဖြင့် အနည်းငယ်စိုးထိတ်မိပါသည်။

အရင်ဆုံးကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါရစေ။ ကျွန်မ၏နာမည်မှာ မိုး
ဖြစ်ပါသည်။ ကျွန်မအသက်သည်၂၇နှစ်ဖြစ်ပါသည်။ ကျွန်မသည် နည်းပညာတက္ကသိုလ် (မန္တလေး) မှ BE (Electrical power) ဘာသာရပ်ဖြင့် ကျောင်းပြီးထားပါသည်။ ကျွန်မသည် မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနတွင် ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ပါသည်။ ယခု ကျွန်မဘဝအကြောင်းလေးကို စတင်ရေးသားပါတော့မည်။

ကျွန်မသည် တစ်ဦးတည်းသောသမီး
တစ်ယောက် ဖြစ်ပါသည်။ ကျွန်မဖေ‌ဖေ‌သည် ကျွန်မငယ်စဉ်ကလေးဘဝကတည်းက ဆုံးပါးသွားခဲ့ပါသည်။ ကျွန်မဖေဖေဆုံးပါးသွားချိန်တွင် ကျွန်မအသက် ၃နှစ်လောက်သာရှိအုံးမည် ထင်ပါသည်။ထို့ကြောင့် ကျွန်မသည် ဖေဖေ့မျက်နှာကိုမမှတ်မိပါ။ ဓာတ်ပုံများပြန်ကြည့်မှသာ "ဪ ဒါငါ့ဖေဖေပါလား" ဟုသိရပါသည်။ကျွန်မဖေဖေသည် အရက်အလွန်အကျွံသောက်၍ ဆုံးပါးသွားခဲ့ရပါသည်။ထို့ကြောင့်ကျွန်မသည် အရက်သောက်သောသူများကို အလွန်တရာမုန်းတီးမိပါသည်။ ကျွန်မ၏အစွဲအတ္တဟုခေါ်ရမည်လားမသိပါ။

ကျွန်မတွင် ဖေဖေမရှိတော့၍ မေမေသည် ကျွန်မကိုအရမ်းအလိုလိုက်ပြီး
အင်မတန်လည်းချစ်ပါသည်။ ကျွန်မသည်လည်းမေမေကို အင်မတန်ချစ်ပါသည်။
ကျွန်မတို့တွင် မိသားစုဝင်(၆)ယောက်ရှိပါသည်။ ကျွန်မ၏ အဘွား၊ မေမေ၊ အဒေါ်နှစ်ယောက်၊ဦးလေးနှင့်ကျွန်မ တို့ဖြစ်ကြပါသည်။ ကျွန်မနှင့်မေမေသည် အဘွား၊အဒေါ်တို့နှင့်အတူတူ နေထိုင်ပါသည်။ဦးလေးသည် တခြားနေရာတွင်နေထိုင်ပါသည်။

မေမေသည် ကျွန်မတွင် အဖေမရှိတော့၍ ကျွန်မ၏ အပေါ်တွင် သူသည်သာအဖေ၊
သူသည်သာအမေအဖြစ် တစ်ယောက်တည်း‌ မေတ္တာများပေးခဲ့ပါသည်။ ကျွန်မ၏မေမေသည် ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်သော စံပြမေမေတစ်ယောက် ဖြစ်ပါသည်။

ကျွန်မအတွက်စဉ်းစားပေး၍ မေမေသည် နောက်အိမ်ထောင်လည်း မထူထောင်ခဲ့ပါ။ကျွန်မမေမေသည် ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရှာကာ ကျွန်မအား ကျောင်းထားခဲ့ပါသည်။ ကျွန်မသည်လည်း စာအရမ်းကြိုးစားပါသည်။ ထို့ကြောင့် ကျွန်မသည်သူငယ်တန်းမှစပြီး လေးတန်းအထိ နှစ်စဉ်ပညာရည်ချွန်ဆုရရှိခဲ့ပါသည်။ ကျွန်မအပေါ် မေမေ၏ဂရုစိုက်မှုသည် ကျွန်မပညာရည်ချွန်ဆုရရုံသာမက သန့်သန့်ရှင်းရှင်းထားပေးမှုကြောင့် သန့်ရှင်းမောင်မယ်ဆု၊ အားကစားဆုတို့ပါ ထပ်မံရရှိခဲ့ပါသည်။

ကျွန်မတွင် ငယ်သူငယ်ချင်းများစွာရှိပါသည်။ ထိုအထဲတွင်ထဲမှ ကျွန်မအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါသည်။
သူ့နာမည်မှာ မစန္ဒာဖြစ်ပါသည်။ သူနဲ့ကျွန်မ၏ခင်မင်မှုကို ပြောပြရရင် စာတောင်ဖွဲ့လို့ရပါသည်။ ကျွန်မတို့သည် မူလတန်း၊အလယ်တန်း၊ အထက်တန်းထိ
တစ်ကျောင်းတည်း အတူတူတက်ခဲ့ကြပါသည်။

ကျွန်မတို့မြန်မာနိုင်ငံတွင် ဆယ်တန်းသည် အရေးအကြီးဆုံးသောအတန်းဖြစ်ပါသည်။ ကျွန်မတို့၏ဘဝများကို အဆုံးအဖြတ်ပေးမည့် အတန်းဟုဆိုလည်းမမှားပါ။ ကျွန်မသည် ဆယ်တန်းတွင် နှစ်ချင်းပေါက် အောင်မြင်ခဲ့သော်လည်း ဂုဏ်ထူးမပါခဲ့ပါ။ ကျွန်မ၏သူငယ်ချင်းသည် ငယ်ငယ်ကလေးဘဝကတည်းက စာအရမ်းတော်ပါသည်။ သူသည်ဆယ်တန်းကို (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။
ထို့ကြောင့် သူ၏အမှတ်သည်အရမ်းကောင်းပါသည်။

ကျွန်မသည်လည်း ဂုဏ်ထူးမပါခဲ့သော်လည်း ကျွန်မ၏အမှတ်မှာကောင်းခဲ့ပါသည်။ ကျွန်မသည်
ငယ်စဉ်ကလေးဘဝ သိတတ်စအရွယ်မှစ၍ ကျွန်မစာကျက်သော စားပွဲ၏ရှေ့တွင် "ဒေါက်တာဒေါ်ယုဇင်မိုး (MBBS-OG)၊‌အင်ဂျင်နီယာ ဒေါ်ယုဇင်မိုး (BE) တစ်ခုခုဖြစ်ရမည်" ဟုနံရံတွင် မြေဖြူဖြင့်ရေးသားထားခဲ့ပါသည်။

ကျွန်မသည်ကလေးဖြစ်၍ တခြား
ဘွဲ့များကိုမသိခဲ့သော်လည်း ကျွန်မဝါသနာပါသော ထိုအလုပ်နှစ်ခု၏
ဘွဲ့များကိုမူ လူကြီးများအားမေးမြန်းခဲ့ပါသည်။ ထိုစဉ်ကတည်းကသိခဲ့ရပြီး မှတ်သားထားခဲ့မိပါသည်။ ထို့ကြောင့်ကျွန်မဆယ်တန်းအောင်မြင်သောအခါ ကျွန်မ၏ အမှတ်မှာ ဆေးကျောင်းမမှီခဲ့သော်လည်း နည်းပညာတက္ကသိုလ်သို့
တက်ခွင့်ရခဲ့ပါသည်။

ထိုအခါ ကျွန်မဝါသနာပါသော အင်ဂျင်နီယာတစ်ယောက်ဖြစ်ခွင့်ရခဲ့ပါသည်။ ကျွန်မ၏သူငယ်ချင်းသည်လည်းဆေးကျောင်းအမှတ်မှီခဲ့သော်လည်း ကျွန်မနှင့်အတူတူ နည်းပညာတက္ကသိုလ်သို့တက်ရောက်ခဲ့ပါသည်။ ထို့‌ကြောင့်ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်သည် တက္ကသိုလ်တက်သောအခါ၌လည်း အတူတူဖြစ်ခဲ့ကြပါသည်။ ယခုအခါ သူသည် BE (Civil)ဘွဲ့ရရှိခဲ့၍ Estimate များလက်ခံတွက်ချက်ပေးနေပြီးအောင်မြင်နေသောအင်ဂျင်နီယာတစ်ဦးဖြစ်နေပါသည်။

ကျွန်မသည် ကျောင်းပြီး‌သောအခါ ပထမအမျိုးသားအာမခံ (First National Insurance General Co.,Ltd) တွင်(၂)နှစ်ခန့် ဝင်ရောက်အလုပ်လုပ်ခဲ့ပါသည်။ကျွန်မ၏ဘွဲ့နှင့်မဆိုင်သော်လည်း ကျောင်းပြီးသောအခါ အလုပ်လုပ်ပြီး မိဘကျေးဇူးဆပ်ချင်၍ ရရာအလုပ်ကို လုပ်ခဲ့ပါသည်။

ယခုအခါ ကျွန်မသည် အထက်မှာဖော်ပြခဲ့သည်အတိုင်း ကျွန်မ၏ဘွဲ့နှင့်သက်ဆိုင်သော မြန်မာ့မီးရထား၊စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနတွင် ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်‌နေပါသည်။

ယခုအချိန်တွင် ကျွန်မတို့မြန်မာနိုင်ငံတွင် အဓမ္မအာဏာသိမ်းမှုတစ်ရပ်ဖြစ်ပေါ်နေပါသည်။ ထိုအခါကျွန်မသည် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အားလျော်စွာ အဓမ္မနှင့်ဓမ္မလွန်စွဲပွဲတွင် ကျွန်မ တတ်နိုင်သည့် ဓမ္မဘက်ကနေ ရပ်တည်ခဲ့ပြီး "အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု"(CDM)တွင်ပါဝင်ခဲ့ပါသည်။

"ဓမ္မသည်သာအမြဲအောင်နိုင်ရာ၏"

ကျွန်မ၏ဘဝအကြောင်းကို အဆုံးထိဖတ်ရှုပေးသည့်အတွက် အားလုံးကိုကျေးဇူးအများကြီးတင်ပါသည်။

@yuzinmoe
15-12-2021

Sort:  

HMCမှ မင်္ဂလာပါ ညီမ။!PIZZA !LOL

Why are ducks good at playing limbo?
Because they can get down.

@yuzinmoe, I sent you an $LOLZ on behalf of @sheinthu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)

မင်္ဂလာပါရှင့်

nice to meet you. Have a great and good time on HIVE. Ecency points လေးနဲ့ boost လုပ်ပေးလိုက်ပါ ဗျ။
!PIZZA

Hello,good evening. Pleased to meet you.

Boostလုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
myanmarkoko tipped yuzinmoe (x1)
htwegyi tipped yuzinmoe (x1)
donjaun tipped yuzinmoe (x1)
kachinhenry tipped yuzinmoe (x1)
nyinyiwin tipped yuzinmoe (x1)
@sheinthu(2/7) tipped @yuzinmoe (x1)

Learn more at https://hive.pizza.

Hive မြန်မာမှ ကြိုဆိုပါတယ်။ အောင်မြင်ပါစေ။ "ဓမ္မသည်သာ အမြဲအောင်နိုင်ရာ၏"

ဟုတ်ကဲ့ မင်္ဂလာပါရှင့်

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

တွေ့ရတာ ဝမ်းသာပါတယ် မမ

မမလည်း တွေ့ရတာဝမ်းသာပါတယ်နော်ညီမလေး

မင်္ဂလာ အဆင်ပြေပါစေ

မင်္ဂလာပါရှင့်

ကြိုဆိုပါ၏နော်

ဟုတ်ကဲ့ပါ

ကြိုဆိုပါတယ်
ဇွဲရှိစွာ ရှေ့ဆက် ပိုစ့်များရေးတင်နိုင်ပါစေကွယ်။
!PIZZA
!LOLZ

If you’re feeling paranoid...
You’re not alone.

@yuzinmoe, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)

ဟုတ်ကဲ့ပါ

စာအရေးအသား ကောင်းပါတယ်။ တစ်ထိုင်တည်းနဲ့အပြည့်အစုံသိသွားအောင် ရေးတတ်ပါပေတယ်။
ကြိုဆိုပါတယ်။ အောင်မြင်ပါစေ။

ကျေးဇူးတင်ပါတယ်ရှင့် ပေးတဲ့ဆုနဲ့ပြည့်ပါရစေ

Wow စာမရေးတတ်ဘူးလို့သာဆိုတယ် စုံစိနေတာပဲ Hive-Myanmar Community မှ ကြိုဆိုပါတယ်။ !LOL !LUV

Want a new friend?
Tell a women you love her.

@yuzinmoe, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင့်

Hive Myanmar Community မှ ကြိုဆိုပါတယ်။ !PIZZA

ဟုတ်ကဲ့ပါရှင့် ကျေးဇူးအများကြီးတင်ပါတယ်

Welcome! Have a nice journey ahead.
!LUV

Thank you

Welcome !PIZZA

Congratulations @yuzinmoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 10 upvotes.
Your next target is to reach 50 upvotes.
You got more than 10 replies.
Your next target is to reach 50 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Support the HiveBuzz project. Vote for our proposal!

Hello @yuzinmoe ! This is @macchiata from the @OCD(Original Content Decentralized) team. We saw that you already posted your first post here in Hive Blockchain. Congratulations and welcome!

There are some information that I want you to have a look:

  1. Exploring communities on hive OCD Communities Incubation Program and https://peakd.com/communities for all communities on hive
  2. For tips and information as a Hive newbie, click here: newbie guide.
  3. The important thing is Hive is a bit different from other social media platforms since you are monetizing your blog. You can't include content that you don't own without sources. For more information, check this post: Why and How People Abuse and Plagiarise.

If you have questions or concerns, you can hop into OCD's Discord server or you can tag @macchiata if you have further question. I'd be happy to help.

Have a nice day and have fun exploring hive!

Thank you very much for telling me this.

Hive Myanmar မှ နွေးထွေးပျူငှာစွာ ကြိုဆိုပါ၏။
အမ၏ ဘဝအကြောင်းအား ဝေငှပေးသည့်အတွက်
ဗဟုသုတများ ရရှိရပါသည်။ ဓမ္မဘက်မှာ ဆက်လက်ရပ်တည်ပြီး
Hive Platform မှာ အောင်မြင်မှုများရရှိပါစေ...

!PIZZA

!LOL

Why does Snoop Dogg carry around an umbrella.
Fo Drizzle.

@yuzinmoe, I sent you an $LOLZ on behalf of @myanmarkoko
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင့်

ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

ကြိုဆိုပါတယ်ခင်ဗျာ ရှေ့လျောက်အောင်မြင်မှုတွေအများကြီးရပါစေ

ကြိုဆိုပါတယ် ညီမ​လေး​ရေ