An Ancient Lake In Mandalay

in Ecency4 days ago (edited)

Hello all my friends.....

A few days ago, Mandalay Region, Chan Myat San Township, I went on a pilgrimage to Maha Sandamuni Pagoda in Tampavati Ward.

Mahasanda Muni Pagoda is Mandalay Region, Chanmyathazi Township, Tampawati Ward, It is located on the east side of the Sagaing-Mandalay highway.

လွန်ခဲ့တဲ့ရက်အနည်းငယ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်မှာရှိတဲ့ မဟာစန္ဒာမုနိဘုရားကို ဘုရားဖူးသွားရောက်ခဲ့ပါတယ်။

မဟာစန္ဒာမုနိဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းမဘေး အရှေ့ဘက်တွင် တည်ရှိသည်။






Maha Sandamuni Pagoda was built and worshiped by ancient kings. So, along with ancient caves, there is also a huge ancient lake. I also saw big trees that have been around for years. So some came to take pictures.

မဟာစန္ဒာမုနိဘုရားကြီးက ရှေးဘုရင်များတည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရှေးဟောင်းဂူ‌တွေနဲ့အတူ ကြီးမားလှတဲ့ ရှေးဟောင်းရေကန်ကြီးလည်းရှိပါတယ်။ နှစ်ပေါင်းကြာပြီဖြစ်တဲ့ ထနောင်းပင်ကြီးတွေကိုလည်းမြင်တွေ့ခဲ့ရတယ်။ ဒါ့ကြောင့် တချို့က ဓာတ်ပုံရိုက်ဖို့လာကြတယ်။





What I want to share with you is about the ancient lake. This ancient lake is an ancient lake that is more than (230) years old. This large lake was named Kantawmingalar. In the ancient and historical Kantawmingalar, it was built with ten million, nine million, eight hundred and seventy thousand and fifty-five bricks, and the outer wall, Double walled with inner wall.

မိတ်ဆွေတို့ကို မျှဝေချင်တာက ရှေးဟောင်း ရေကန်ကြီးအကြောင်းပဲဖြစ်ပါတယ်။ ဒီရှေးဟောင်းရေကတ်ကြီးက နှစ်ပေါင်း (၂၃၀)ကျော် ရှိသော ရှေးဟောင်းရေကန်ကြီးဖြစ်ပါတယ်။ ဒီရေကန်ကြီးကို ကန်တော် မင်္ဂလာလို့အမည်ပေးထားခဲ့ကြပါတယ်။ ရှေးဟောင်း သမိုင်းဝင် ကန်တော်မင်္ဂလာကြီးမှာ အုတ်ချပ်ပေါင်း ဆယ်ကုဋေ ကိုးသန်းရှစ်သိန်း ခုနှစ်သောင်း ငါးဆယ့်ငါးချပ်ဖြင့် တည်ဆောက်ခဲ့ပြီး အပြင်တံတိုင်း၊ အတွင်းတံတိုင်းဖြင့် တံတိုင်းနှစ်ထပ် ကာရံထားသည်။






The outer wall is 124' long and the inner wall is 77' long. Each of the four corners of the inner wall has a pagoda built and worshiped. There are 19 steps from the outer wall to the inner wall, and there is a corridor about 5' wide between the bottom step of the upper wall stairs and the inner wall. It is 35' deep from the corridor to the water below and about 55' from the ground of the upper wall to the water below. The special feature of Kantawmyangyi is that the water does not flow continuously during the twelve-month season. These facts are known from stone inscriptions written in front of the lake. If you like it as a friend, please share it so that you can enter and study as knowledge.

အပြင်တံတိုင်း အလျား ၁၂၄' ရှိပြီး အတွင်းတံတိုင်းမှာ အလျား ၇၇' ဖြစ်သည်။ အတွင်းတံတိုင်း၏ ထောင့်လေးထောင့်တို့တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ထားသည်။ အပြင်တံတိုင်းမှ အတွင်းတံတိုင်းအထိ လှေကားထစ်ပေါင်း ၁၉-ထစ်ရှိပြီး အပေါ်တံတိုင်း လှေကားအောက်ဆုံး အထစ်နှင့် အတွင်းတံတိုင်း အကြား ၅' ခန့်ကျယ်သော စင်္ကြန်ပတ်လမ်း တစ်ခုရှိသည်။ စင်္ကြန်ပတ်လမ်းမှ အောက်ရေပြင်အထိ ၃၅' နက်ပြီး အထက်တံတိုင်းမြေပြင်မှ အောက်ရေမျက်နှာပြင်အထိ ၅၅'ခန့် နက်သည်။ ကန်တော်မင်္ဂလာကြီး၏ ထူးခြားချက်မှာ ဆယ့်နှစ်လရာသီ ကာလပတ်လုံး ရေများ မပြတ်ထွက်နေခြင်းပင် ဖြစ်သည်။ ဒီအကြောင်းအချက်တွေကို ရေကန်ကြီးရဲ့ ရှေ့မှာရေးထားတဲ့ ကျောက်စာမှတ်တမ်းအရ သိရခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ကြုံကြိုက်ခဲ့ရင် ဗဟုသုတအဖြစ် ဝင်ပြီးလေ့လာနိုင်ကြစေဖို့ မျှဝေလိုက်ရပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

26 January 2025_SUNDAY


Sort:  

Thank you for posting in the Ecency community

Sending you Ecency points ♥️