You are viewing a single comment's thread from:

RE: Making my first beautiful water candles🕯️

မိုးကောင်းကင်၌ ရာသီဥတုက မသာယာ အုံ့ဆိုင်းနေတဲ့ ရာသီဥတုကြောင့် စာရေးသူအနေဖြင့် စိတ်တွေထိုင်းမှိုင်းနေတယ်ပေါ့။
ဒါပေမယ့် နေ့တစ်နေ့ရဲ့ တာဝန်ကြီးတစ်ခုက စာရေးပို့စ်တင်ခြင်း အလုပ်ကို ဘယ်လိုအကြောင်းမျိုးကိစ္စနဲ့မှ အပျက်မခံပဲ ပို့စ်တစ်ပုဒ်လောက်ကိုတော့ မဖြစ်ဖြစ်အောင် ရေးသားတင်ပြမယ်ဆိုတဲ့ ဇွဲ လုံးလ ဝိရိယ ဆိုတဲ့ စိတ်ဓာတ်ကို စာဖတ်သူအနေဖြင့် သိရှိလိုက်ရတယ်။
ထို့အတွက်ကြောင့် လေးစားမိပါတယ်လို့ ပြောခဲ့ပါတယ်။
ဒီနေ့တင်ပြတဲ့ ရေဖရောင်းတိုင် ပြုလုပ်ပုံအဆင့်ဆင့်ကို ကိုယ်တိုင်တီထွင် ဖန်တီးပြီး တင်ပြခဲ့တာ ရိုးရှင်းလွယ်ကူသလောက် အရမ်းကို ကောင်းမွန်လှပါတယ်။
ငါငယ်ရွယ်တဲ့အချိန်တုန်းက ဖရောင်းတိုင် တစ်တိုင်းကိုရရှိလာအောင် ဘယ်လိုပြုလုပ်ရသည်ကို မြင်တွေ့ခဲ့ဖူးပါတယ်။
ခေတ်တွေဟာ တိုးတက်ပြောင်းလဲလာတော့ လူသားတွေဟာ ပြိုင်ဆိုင်ခြင်းတွေကြား၌ တီထွင်ဖန်တီးမှုတွေ အမျိုးမျိုးနဲ့ လောကကို အလှဆင်လာကြတာ နည်းလမ်းမျိုးစုံလင်စွာနဲ့ပါပဲ။
အဲ့ဒီလို အမျိုးမျိုးသော တီထွင်ဆန်းသစ်မှုတွေထဲမှာ ရေဖရောင်းတိုင်ပြုလုပ်နည်းလေးက အလွန်ရိုးရှင်းပြီး လွယ်ကူပါ့လားဆိုတာကို နင်ရဲ့ ပုံနှင့်တကွ ရေးသားတင်ပြခြင်းကို အကြောင်းပြု၍ ငါသိရှိခဲ့ရတယ်။
ပြီတော့ နင့်ရဲ့ ရေဖရောင်းတိုင် ပြုလုပ်တီထွင် ဆန်းသစ်မှုဟာ နောက်ဆုံး၌ အောင်မြင်သွားခဲ့တဲ့အတွက် နင်နဲ့ထပ်တူ ဝမ်းသာပျော်ရွှင်မိပါကြောင်း ငါဒီနေရာကနေ ပြောခဲ့လိုက်ပါရစေ။

Sort:  
 3 years ago  

ဟုတ်တယ်ရေဖယောင်းတောင်ကပြုလုပ်ရတာလွယ်ကူပြီးလှပတယ်.