Eating Braised Pork Phone Photography

in Feel Good3 days ago

I'll eat, I'll eat, don't stop me, I mumbled.
I can't go anywhere, so I just cook and eat at home.
I can't go out and take beautiful pictures of the scenery, so I have to create food photos at home.
Instead of being sad about what I can't do, I should do what I can and be happy.

Today, my wife took a phone photo of me cooking and eating it myself.
Today's dish is braised pork.
Although I didn't have all the ingredients for braising pork, I braised the pork with the pan and bowl I had.

Actually, I ordered a nice three-layer pork chop, but I only got a meaty pork thigh.
So, I washed the pork thigh thoroughly, put it in a bowl, and covered it with minced ginger and garlic.
Then, I put the pork thigh bowl in a pan on the stove to boil water, and covered it with a lid.

When the pork chops are tender, take a fork and pierce them all over with a fork.
Then, mix the soya bean, curry powder, salt, and sugar together and coat the pork chops with the sauce.
Then, put the pork chops back in the hot pan, cover, and simmer.

It took about an hour and a half to braise the pork.
After that, the pork was cut into small pieces.
Then, the pork was served with readymade tomato sauce and eaten savourily .

The pork is braised separately without mixing oil and water, so it is not satiated and it is sweet and delicious.
I don't think it's wrong for people to say that mango is the best fruit and pork is the best meat.
I have to say that the taste of pork is so good when you put it in your mouth.
I am happy to share the delicious pork recipe that I created.

"စားမှာပဲ စားမှာပဲ ငါ့ကို လာမတားနဲ့" ဆိုတဲ့ သီချင်းစာသားကို ရေရွတ်မိပါတယ်။
ဘယ်ခရီးမှ မထွက်ရတော့ အိမ်မှာပဲ ကြော်ချက် စားရုံသာပဲ။
အပြင်ထွက်ကာ ရှုခင်းပုံလှလှတွေ မရိုက်ယူနိုင်တော့ အိမ်ထဲမှာပဲ စားစရာပုံတွေ ဖန်တီးရတော့တာပါပဲ။
မလုပ်နိုင်တာကို တွေးပြီး စိတ်ညစ်နေမယ့်အစား လုပ်နိုင်တာ လုပ်ပြီး ပျော်ပျော်နေရမှာပါပဲ။

ဒီနေ့ကတော့ ကိုယ်တိုင် ချက်ပြုတ်ပြီး ကိုယ်တိုင်စားတဲ့ Phone Photography ကို ဇနီးက ရိုက်ပေးထားတာပါ။
ယနေ့ဟင်းလျာကတော့ ဝက်သားပေါင်း ပါ။
ဝက်သားပေါင်းစရာ ပစ္စည်း မပြည့်စုံပေမယ့် ရှိတဲ့ ဒယ်အိုး ဇလုံနှင့် ဝက်သားကို ပေါင်းနှပ်ခဲ့ပါတယ်။

တကယ်တော့ ဝက်သားသည်ကို သုံးထပ်သားအတုံးလှလှလေး မှာခဲ့ပေမယ့် အသားများတဲ့ ဝက်ပေါင်သား သာရခဲ့ပါတယ်။
ဒီတော့လည်း ရတဲ့ ဝက်ပေါင်သားကို ‌စင်အောင် ရေဆေးပြီး ဇလုံ ထဲ ထည့်ကာ ထုထောင်းထားသော ဂျင်း ကြက်သွန်ဖြူ အုပ်ထားပါတယ်။
ထိုနောက် ရေဆူအောင် မီးဖိုပေါ်တင်ထားသော ဒယ်အိုး ထဲသို့ ဝက်သားဇလုံကို ထည့်ကာ အဖုံးအုပ်ထားခဲ့ပါတယ်။

ဝက်သားတုံးကြီး နုအိလာသောအခါ ဆည်ယူပြီး ခက်ရင်းအချွန်ဖြင့် နေရာစုံကို ထိုးဖောက်ခဲ့ပါတယ်။
ထိုနောက် ကြာညို့၊ ဟင်းခတ်အချိုမှုန့်၊ဆား နှင့် သကြား တို့ကို ရောသမမွှေကာ ဝက်သားတုံးကို သုပ်လိမ်းပေးခဲ့ပါတယ်။
ထိုနောက်တော့ ရေနွေးဒယ်အိုး ထဲသို့ ဝက်သားဇလုံကို ပြန်လည်ထည့်ကာ အဖုံးအုပ်ပြီး ပေါင်းထားလိုက်ပါတယ်။

ဤသို့ ဝက်သားတုံးကြီး ပေါင်းနှပ်တာသည် အချိန် ၁ နာရီခွဲလောက် ကြာခဲ့ပါတယ်။
ထိုနောက်မှာတော့ ဝက်သားတုံးကြီးကို အတုံးငယ်လေးတွေ အဖြစ် လှီးဖြတ်ခဲ့ပါတယ်။
ပြီးတော့ ဝက်သားပြားကို Readymade Tomato sauce တို့သုပ်ကာ အားရာပါးရ ဝါးစားခဲ့ပါတယ်။

ဝက်သား ကို ဆီ နှင့် ရေ ရောမချက်ဘဲ သီးသန့် ပေါင်းနှပ်ထားသောကြောင့် မအီဘဲ ချိုအိနေပါတယ်။
အသီးထဲမှာ သရက်သီး၊ အသားထဲမှာ ဝက်သား စားလို့အကောင်းဆုံးဟု လူတွေ ပြောကြတာ မှားမယ် မထင်ပါဘူး။
ဝက်သားအတုံးလိုက် ပါးစပ် ထဲထည့်ကာ စားရသည့်အရသာကို ဘယ်လိုကောင်းလှချည့်ရဲ့ဟု ပြောရပါမလဲ။
အရသာရှိရှိ ဖန်တီးကာ စားဖြစ်ခဲ့တဲ့ ဝက်သားပေါင်းနည်းကို မျှဝေပေးခွင့်ရလို့ ပျော်ရပါတယ်။

Sort:  

သားအဖ တက်ညီ လက်ညီ ဆွဲ။
!LOLZ
!MEME

What do you call a knight who is afraid to fight?
Sir Render

Credit: reddit
$LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@tin.aung.soe, I sent you an

တခါတလေသာ ဆွဲနိုင်တာ

Sending you an Ecency curation vote!

Thank you 🙏

It is my pleasure!
!LUV

@tin.aung.soe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @tin.aung.soe gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

PIZZA!

$PIZZA slices delivered:
(5/5) @hiq.smartbot tipped @tin.aung.soe

Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 31000 upvotes.
Your next target is to reach 32000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP