Hello friends.
Today I will eat and chew.
Last week, while visiting a monastery, we ate fried chicken served by a donor.
So we decided to make our own fried chicken at home.
Now, we have realized that idea.
In the morning, I bought chicken breast from the chicken seller.
The chicken seller cut the chicken breast into pieces with a knife.
When I got home, I washed the chicken pieces and mixed them with crushed ginger, garlic, turmeric powder, salt, and curry powder.
I put the chicken pieces in a pan, put them on the stove, and cooked them until they were fragrant.
Then, let the cooked chicken pieces cool for a while and then cut them into small pieces with a pair of scissors.
Then, as you can see in the picture, mix together the three-ingredient flour, egg, salt, sugar, ginger, and garlic.
Then add the chicken pieces to the mixed batter and roll them.
Then, add the chicken pieces to the hot oil pan and fry them.
The chicken is finished frying when the chicken pieces coated in the delicious batter turn red.
Then my wife makes the sauce.
This sauce is made with lime juice, ginger, garlic, green chilies, salt, and sugar.
To serve the fried chicken with the sauce, the lettuce leaves are also washed.
Then, the fried chicken and sauce are wrapped in the lettuce leaves, wrapped, and eaten.
The chicken is boiled and then fried, which is crispy and delicious.
Our family enjoyed it because it was the first time we had ever fried chicken like this.
Now, friends, you try eating fried chicken at home like we do.
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ စားမယ် ဝါးမယ် ပေါ့ဗျာ။
လွန်ခဲ့သော ရက်သတ္တပတ်က ဘုန်းကြီးကျောင်း သို့ သွားရောက်စဉ် အလှူရှင်က ဧည့်ခံကျွေးသော ကြက်သားကြော် ကို စားခဲ့ကြရပါတယ်။
ဒါနဲ့ ထိုကဲ့သို့သော ကြက်သားကြော် ကို အိမ်မှာ ကိုယ်တိုင် ကြော်စားရန် စိတ်ကူးထားခဲ့ပါတယ်။
ယခုတော့ ထိုစိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပါတယ်။
မနက်ခင်းမှာပဲ ကြက်သားသည် ဆီမှ ကြက်ရင်အုပ်သား ဝယ်ယူခဲ့ပါတယ်။
ကြက်သားသည်က ကြက်ရင်အုပ်ကို ဓားဖြင့် ခုတ်ပိုင်းပေးခဲ့ပါတယ်။
အိမ်ရောက်တော့ ကြက်သားတုံးများကို ရေဆေးပြီး ထုထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆား နှင့် ဟင်းခတ်မှုန့် တို့ ထည့်ကာ လူးနယ်လိုက်ပါတယ်။
ကြက်သားတုံးများကို ဒယ်အိုး ထဲ ထည့်ကာ မီးဖို ပေါ်တင်ပြီး အရသာဝင်အောင် မွှေပေးကာ ပြုတ်ပါတယ်။
ထိုနောက်တော့ ပြုတ်ထားသောကြက်သားတုံးများကို အေးအောင် ခဏထားပြီး အတုံးငယ်များ အဖြစ် ကပ်ကြေး ဖြင့် ကိုက်ဖြတ်ပါတယ်။
ထိုနောက် ပုံထဲ၌ မြင်ရသည့်အတိုင်း သုံးမျိုးစပ်အကြော်မှုန့်၊ ကြက်ဥ၊ ဆား၊ သကြား၊ ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကို သမအောင် ရောမွှေပါတယ်။
ထိုနောက် ကြက်သားအတုံးငယ်များကို ရောမွှေထားသော မုန့်အနှစ်ထဲသို့ ထည့်ကာ လူးနယ်လိုက်ပါသည်။
အဲ့ဒီနောက်တော့ ပွက်နေသော ဆီဒယ်အိုး ထဲသို့ ကြက်သားတုံးလေးများကို ထည့်ကာ ကြော်လိုက်ပါတော့သည်။
အရသာမုန့်အနှစ်လူးနယ်ထားသော ကြက်သားတုံးလေးများ၏ အရောင်နီရဲလာသောအခါ ကြက်သားကြော်ခြင်း ပြီးဆုံးခဲ့ပါတော့သည်။
ထိုနောက်တော့ ကျွန်တော်၏ ဇနီးက အချဉ်ရည် ဖျော်ပါတယ်။
ဒီအချဉ်ရည်ကို သံပုရာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား နှင့် သကြား တို့ဖြင့် ဖျော်စပ်ထားပါတယ်။
ကြက်သားကြော် ကို အချဉ်ရည် နှင့် တွဲစားရန် ဆလပ်ရွက်တွေကိုလည်း ရေဆေးထားပါတယ်။
အဲဒီနောက်မှာတော့ ဆလပ်ရွက် ထဲကို ကြက်သားကြော် နှင့် အချဉ်ရည် ထည့်ပြီး ထုပ်ကာ ဝါးစားကြပါတော့သည်။
ကြက်သားကို ပြုတ်ပြီးမှ အရသာအနှစ်လူးကာ ကြော်ထားတော့ ကြွပ်ရွပြီး စားလို့ အလွန်ကောင်းပါတယ်။
ကျွန်တော်တို့မိသားစုသည် ဒီလိုမျိုး ကြက်သားကြော်ကို ယခုပထမဆုံးအကြိမ် ကိုယ်တိုင် ကြော်စားဖူးတာကြောင့် အားရပါးရ ပျော်ပျော် စားခဲ့ကြပါတယ်။
ကဲ မိတ်ဆွေတို့လည်း ကျွန်တော်တို့ကဲ့သို့ အိမ်မှာ ကြက်သားကြော် စားကြည့်ကြပါလား။
!LUV. !MEME
Have a nice eating!
(1/4) sent you LUV. | tools | discord | community | HiveWiki | <>< daily@tin.aung.soe, @chanmin
Credit: megareigns
Earn Crypto for your Memes @ HiveMe.me!
Thank you
!hiqvote
@tin.aung.soe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @tin.aung.soe gets !COFFEE from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our