Happy December! In the next few days, the year 2024 will end. I wish all my friends to be happy in the last days of 2024. I'm @suhlaing. Today, I'm going to share some topics and a song that's currently trending. So let's start.
မင်္ဂလာရှိသော ဒီဇင်ဘာလပါ။ မကြာခင် ရက်ပိုင်းအတွင်းမှာ ၂၀၂၄ ခုနှစ် ကုဆုံးတော့မှာ ဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်ရဲ့ နောက်ဆုံးရက်တွေမှာ မိတ်ဆွေတို့ အားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်မကတော့ @suhlaing ဖြစ်အာတယ်။ ဒီနေ့မှာတော့ ကျွန်မက အကြောင်းအရာအချို့နဲ့ ခုတလော Trend ဖြစ်နေတဲ့ သီချင်းလေးကို မျှဝေသွားပါမယ်။ ဒါဆိုရင် စ လိုက်ကြရအောင်ပါ။
Everyone knows Bruno Mars. His songs are very popular nowadays. After Bruno Mars and Rose's APT song became a trend on social platforms, now Bonde Do Brunao is trending again. It's so good to listen to, and I want to dance as soon as I hear the music. I have copied the YouTube link so that everyone can listen together.
Bruno Marsကို အားလုံး သိကြပါလိမ့်မယ်။ သူ့ရဲ့ သီချင်းလေးတွေက အခုတလောမှာ အရမ်းကို ကျော်ကြားနေပါတယ်။ Bruno Marsနဲ့ Roseတို့ရဲ့ APTသီချင်းဟာ Social Platforms မှာ Trend ဖြစ်ပြီးနောက်မှာ အခု Bonde Do Brunaoက Trendဖြစ်လာပြန်ပါတယ်။ အရမ်းနားထောင်လို့ ကောင်းပြီးတော့ မြူးကြွနေလို့ သီချင်းသံကြားတာနဲ့ က ချင်လာပါတယ်။ အားလုံးအတူတူနားဆင်နိုင်ဖို့ Youtube linkကို ကူးယူဖော်ပြလိုက်ပါတယ်။
I first noticed this song because of a part of the song that was translated into Burmese. "Chocolate ice cream stick with good egg and peanuts, Thai fruit jam and U Lay To Ho Chow....U Lay To Ho Chow"
ကျွန်မ ဒီသီချင်းကို စတင် သတိထားမိတာကတော့ ခင်ရွှေ မြန်မာလို ပြန်ဆိုထားတဲ့ သီချင်း အပိုင်းအစ တစ်ခုကြောင့်ပါ။ "ချောကလတ်ရေခဲချောင်းလေးနဲ့ ကြက်ဥမြေပဲကောင်း၊ သေင်္ဘါသီးချဥ်စပ်ထောင်းလေးနဲ့ ဦးလေးတို့ဟူးချောင်း....ဦးလေးတို့ဟူးချောင်း"
After listening to the music, the Risingstar Game presentation will begin. Risingstar Game is moving forward with us. I have reached level 104. Currently, we are working on special missions. An important news is that you can vote for the Blockchain Games Awards 2024 made by Plat ToEarms. Aimed at showcasing the capabilities and innovations of Hive-Based projects. I have voted. Friends, are you interested? Thank you all.
သီချင်းနားဆင်ပြီးနောက်မှာတော့ Risingstar Game တင်ပြချက်ကိူ စတင်ပါမယ်။ Risingstar Gameက ကျွန်မတို့နဲ့အတူ ရှေ့ဆက်နေပါတယ်။ ကျွန်မကတော့ Level 104ကို ရောက်ရှိနေပါပြီ။ အခုအချိန်မှာတော့ Special Missionတွေကို လုပ်ဆောင်နေပါတယ်။ သတင်းထူးတစ်ခုကတော့ Plat ToEarmsကနေ ပြုလုပ်တဲ့ Blockchain Games Awards 2024ကို Vote ပေးနိုင်ပါပြီ။ Hive- Based ပရောဂျက်များရဲ့ဘစွမ်းရည်နဲ့ ဆန်းသစ်တီထွင်မှုများကို ပြသရန်အတွက် ရည်ရွယ်ပါတယ်။ ကျွန်မကတော့ Vote ပေးပြီးပါပြီ။ မိတ်ဆွေတို့ကော စိတ်ပါဝင်စားပါသလား။ အားလုံးကို ကျေးဇူးတင်ပါတယ်။