Huawei Mate 10 Pro စမတ်ဖုန်းဟာ Huawei ရဲ့ ကိုယ်ပိုင် Processor တစ်ခုဖြစ််တဲ့ Kirin 970 Processor ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီး Huawei ဟာ အဆိုပါ Kirin 970 Processor မှာ Neural Processing Unit – NPU လို့ခေါ်တဲ့ Chip တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ထားခဲ့တာဖြစ်ပြီး ပထမဆုံး Hardware Level AI Chip ပါဝင်နေတဲ့ဖုန်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။
အခု Huawei မှာပါဝင်တဲ့ AI Chip ဟာ Mate 10 Pro စမတ်ဖုန်းမှာ ကင်မရာပိုင်းနဲ့ စမတ်ဖုန်းပိုင်းဆိုင်ရာတွေအကုန်လုံးမှာ ပါဝင်နေတာဖြစ်ပြီးတော့ CPU Processor ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုပါ ပိုပြီးအဆင့်မြှင့်တင်ထားနိုင်တာပြဲဖစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းထက်ပိုတဲ့အရာတွေကိုရော Huawei Mate 10 Pro ရဲ့ AI Processor က စွမ်းဆောင်နိုင်ရဲ့လားဆိုတာက စိတ်ဝင်စားစရာပါ။
အဲ့ဒီအတွက် Huawei ကနေ ရူးသွပ်ဖွယ် စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အဲ့ဒါကတော့ Huawei Mate 10 Pro ရဲ့ AI Chip နဲ့ မော်တော်ကားကို မောင်းနှင်စေချင်တာပဲဖြစ်ပါတယ်။ အခုလိုမျိုး Huawei Mate 10 Pro ရဲ့ AI Processor ကို မော်တော်ကားကို မောင်းနှင်စေတဲ့အပြင် အရာဝတၳုတွေကို ခွဲခြားနိုင်စွမ်းရှိမရှိကိုလည်း လမ်းမပေါ်မှာ ခွေးကို ထားထားပြီး Huawei Mate 10 Pro ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး စမတ်ဖုန်းတွေရဲ့ ညဏ်ရည်တု – Artificial Intelligence စနစ်တွေဟာ အခြားသော AI စနစ်တွေထက် အလွန်မြန်ဆန်စွာတိုးတက်နေတာဖြစ်ပြီးတော့ နောက်နှစ်တွေမှာ စမတ်ဖုန်းတွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာက တွေးကြည့်ဖို့တောင် ကြောက်ဖို့ကောင်းနေပါတယ်။ Huawei Mate 10 Pro ရဲ့ ဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။