Credit to google image
Zawgyi
ခ်မ္းသာေသာအမ်ိဳးသမီးနွင့္ကေလးငယ္
(ဘာသာျပန္)
အရမ္းေအးလွတဲ့ေန႔တစ္ေန႔မွာကေလးငယ္ေလးတစ္ေယာက္ဟာ
ဖိနပ္ဆုိင္တစ္ဆိုင္ရဲ႕အျပင္ဘက္မွာေျခဗလာနဲ႔ရပ္ေနတယ္။သူဟာအထဲကဖိနပ္ေတြကိုၾကည့္ရင္းအခ်မ္းဒဏ္ေၾကာင့္ခိုက္ခိုက္တုန္ေနတယ္။အဲဒီအခ်ိန္မွာပဲခ်မ္းသာတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ ဆိုင္ထဲကထြက္လာတယ္။သူဟာကားေပၚတက္မလို႔လုပ္တုန္းကေလးငယ္ကိုေတြ႕သြားတယ္။ဒါနဲ႔ကေလးငယ္နားကိုကပ္ၿပီးေမးတယ္။
"သား...ဘာေတြကိုမ်ားအဲ့ေလာက္စူးစိုက္ၾကည့္ေနတာလဲ"
ကေလးငယ္က
"ကြၽန္ေတာ့္မွာဖိနပ္မရိွပါဘူး..ဒါေၾကာင့္ကြၽန္ေတာ့္ကိုဖိနပ္တစ္ရံေပးဖို႔ ဘုရားသခင္ဆီမွာဆုေတာင္းေနတာ"
ကေလးငယ္ရဲ႕စကားနားေထာင္ၿပီးတာနဲ႔အမ်ိဳးသမီးဟာ ကေလးငယ္ကိုဆိုင္ထဲကုိေခၚသြားရင္းအေရာင္းစာေရးကိုေရတစ္ဖလားနဲ႔ တဘက္တစ္ထည္ ရနိုင္မလား လို႔ေမးတယ္။တေအာင့္အၾကာမွာပဲအမ်ိဳးသမီးေတာင္းတာကိုစာေရးကယူလာေပးတယ္။အဲဒီေနာက္အမ်ိဳးသမီးဟာကေလးငယ္ကိုဆိုင္အေနာက္ဘက္ေခၚသြားတယ္။
ူသူ(မ)ရဲ႕လက္အိတ္ကိုခြၽတ္ၿပီးဒူးေထာက္လိုက္တယ္။အဲဒီေနာက္ ကေလးငယ္ရဲ႕ ေျခေထာက္ေတြလက္ေတြကို ေသခ်ာေဆးေၾကာေပးတယ္။ၿပီးတာနဲ႔ကေလးငယ္ကိုဖိနပ္ဆိုင္ထဲျပန္ေခၚသြားရင္း
အေရာင္းစာေရးကို ဖိနပ္တစ္ရံနဲ႔ေျခအိပ္တစ္စံုယူလာေပးဖို႔ေတာင္းလိုက္တယ္။
စာေရးကေျခအိတ္နဲ႔ဖိနပ္ေတြယူလာၿပီးအမ်ိဳးသမီးကိုေပးတယ္။အဲ့ဒါေတြကိုယူၿပီးအမ်ိဳးသမီးကေနာက္တစ္ခါဒူးေထာက္တယ္။ကေလးငယ္ကိုေျခအိတ္စြပ္ေပးရင္းဖိနပ္စီးၾကည့္ခိုင္းတယ္။ၿပီးတာေျခအိတ္ေတြထပ္ဝယ္ၿပီးကေလးငယ္ကိုေပးတယ္။
အမ်ိဳးသမီးဟာကေလးငယ္ရဲ႕ေခါင္းကိုအသာအယာပုတ္ရင္းေမးတယ္။
"သား ...အခုပိုၿပီးေနလို႔ေကာင္းသြားၿပီလား"
သူ(မ)ျပန္လုဆဲဆဲမွာပဲ ကေလးငယ္ဟာသူ႔ရဲ႕မ်က္ဝန္းေတြမွာ မ်က္ရည္အ႐ႊဲ သားနဲ႔ သူ(မ) လက္ကိုဖမ္းဆုပ္ကိုင္ရင္းေမးတယ္။
"အန္တီက ဘုရားသခင္ရဲ႕ ဇနီးေလာင္းလားဟင္"
Danieldmyo( လက္သစ္ၾကယ္)
Rich Lady and Little Kid..!! ကိုဆီေလ်ာ္ေအာင္ျပန္ဆိုသည္။http://moralstories26.com/tag/heart-touching-short-stories/ မွ
Unicode
ချမ်းသာသောအမျိုးသမီးနှင့်ကလေးငယ်
(ဘာသာပြန်)
အရမ်းအေးလှတဲ့နေ့တစ်နေ့မှာကလေးငယ်လေးတစ်ယောက်ဟာ
ဖိနပ်ဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်မှာခြေဗလာနဲ့ရပ်နေတယ်။သူဟာအထဲကဖိနပ်တွေကိုကြည့်ရင်းအချမ်းဒဏ်ကြောင့်ခိုက်ခိုက်တုန်နေတယ်။အဲဒီအချိန်မှာပဲချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆိုင်ထဲကထွက်လာတယ်။သူဟာကားပေါ်တက်မလို့လုပ်တုန်းကလေးငယ်ကိုတွေ့သွားတယ်။ဒါနဲ့ကလေးငယ်နားကိုကပ်ပြီးမေးတယ်။
"သား...ဘာတွေကိုများအဲ့လောက်စူးစိုက်ကြည့်နေတာလဲ"
ကလေးငယ်က
"ကျွန်တော့်မှာဖိနပ်မရှိပါဘူး..ဒါကြောင့်ကျွန်တော့်ကိုဖိနပ်တစ်ရံပေးဖို့ ဘုရားသခင်ဆီမှာဆုတောင်းနေတာ"
ကလေးငယ်ရဲ့စကားနားထောင်ပြီးတာနဲ့အမျိုးသမီးဟာ ကလေးငယ်ကိုဆိုင်ထဲကိုခေါ်သွားရင်းအရောင်းစာရေးကိုရေတစ်ဖလားနဲ့ တဘက်တစ်ထည် ရနိုင်မလား လို့မေးတယ်။တအောင့်အကြာမှာပဲအမျိုးသမီးတောင်းတာကိုစာရေးကယူလာပေးတယ်။အဲဒီနောက်အမျိုးသမီးဟာကလေးငယ်ကိုဆိုင်အနောက်ဘက်ခေါ်သွားတယ်။
ူသူ(မ)ရဲ့လက်အိတ်ကိုချွတ်ပြီးဒူးထောက်လိုက်တယ်။အဲဒီနောက် ကလေးငယ်ရဲ့ ခြေထောက်တွေလက်တွေကို သေချာဆေးကြောပေးတယ်။ပြီးတာနဲ့ကလေးငယ်ကိုဖိနပ်ဆိုင်ထဲပြန်ခေါ်သွားရင်း
အရောင်းစာရေးကို ဖိနပ်တစ်ရံနဲ့ခြေအိပ်တစ်စုံယူလာပေးဖို့တောင်းလိုက်တယ်။
စာရေးကခြေအိတ်နဲ့ဖိနပ်တွေယူလာပြီးအမျိုးသမီးကိုပေးတယ်။အဲ့ဒါတွေကိုယူပြီးအမျိုးသမီးကနောက်တစ်ခါဒူးထောက်တယ်။ကလေးငယ်ကိုခြေအိတ်စွပ်ပေးရင်းဖိနပ်စီးကြည့်ခိုင်းတယ်။ပြီးတာခြေအိတ်တွေထပ်ဝယ်ပြီးကလေးငယ်ကိုပေးတယ်။
အမျိုးသမီးဟာကလေးငယ်ရဲ့ခေါင်းကိုအသာအယာပုတ်ရင်းမေးတယ်။
"သား ...အခုပိုပြီးနေလို့ကောင်းသွားပြီလား"
သူ(မ)ပြန်လုဆဲဆဲမှာပဲ ကလေးငယ်ဟာသူ့ရဲ့မျက်ဝန်းတွေမှာ မျက်ရည်အရွှဲ သားနဲ့ သူ(မ) လက်ကိုဖမ်းဆုပ်ကိုင်ရင်းမေးတယ်။
"အန်တီက ဘုရားသခင်ရဲ့ ဇနီးလောင်းလားဟင်"
Danieldmyo( လက်သစ်ကြယ်)
Rich Lady and Little Kid..!! ကိုဆီလျော်အောင်ပြန်ဆိုသည်။http://moralstories26.com/tag/heart-touching-short-stories/ မှ