Best note of the day.

in #knowledge8 years ago

❦ ❦ အရမ်းမှတ်သားဖွယ်ပါ ဖတ်ကြည့်
🚦 #ဘဝရ
🐚🐚🐚🐚🐚🐚🐚🐚

🚦 ဆရာဝန်ကို ယူရင်
ဆရာဝန်ကတော်

🚦 စစ်ဗိုလ်ကို ယူရင်
ဗိုလ်ကတော်

🚦 လုပ်ငန်းရှင် သဌေးကိုယူရင် သဌေးကတော်

🚦 ဆိုက္ကာသမားကို ယူရင်
ဆိုက္ကာသမား မယား

🚦 အရက်သမားကို ယူရင်
အရက်သမား မယား

🚦🚦🚦
ဒါတွေက ဘယ်လိုမှ ငြင်းမရတဲ့ အမှန်တရားတွေပါဘဲ ...
မိန်းကလေး တစ်ယောက်ရဲ့ ဘဝမှာ ကိုယ့်ရဲ့ရွေးချယ်မှု့တစ်ဝက်နှင့်
ကံတရားရဲ့ စီမံမှု့ တစ်ဝက်ရဲ့
အောက်မှာ အိမ်ထောင်တစ်ခုကို တည်ဆောက်ကြရတယ် ..

🚦🚦🚦
ကိုယ့်ရွေးချယ်မှု့ နှင့် ကံကြမ္မာရေစက်တွေကြောင့်
ဆုံတွေ့ရတဲ့
ကိုယ့်ရဲ့ အိမ်ထောင်ဖက်ပေါ်မှာ ဖြစ်စေချင်တဲ့
ကိုယ့်ရဲ့အတ္တနှင့် ဆန္ဒတွေကို ထိန်းညှိနိုင်ရမယ်လို့
ကျွန်မ တွေးမိတယ်

🚦🚦🚦
ဥပမာပေါ့ ...
ကိုယ့်ယောက်င်္ကျားကို
တခြားတခြားသော
အိမ်ထောင်ရှင်
ယောင်္ကျားတွေနှင့် ယှဉ်ပြီး

🚦 သူ့လောက်တော့ ငွေမရှာနိုင်ဘူး

🚦 သူ့လောက်တော့ အခွင့်အလမ်းတွေကို မမြင်ဘူး

🚦 သူ့လောက်တော့ နားလည်မှု့ မရှိဘူး

🚦 သူ့လောက်တော့ အရည်အချင်းမရှိဘူး

🚦 သူ့လောက်တော့ စိတ်မရှည်တတ်ဘူး
သည်းမခံတတ်ဘူး ဆိုပြီး

ညီမျှခြင်း ချလို့ မရပါဘူး...

🚦🚦🚦
ဘာကြောင့်လဲ ဆိုတော့
ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ရွေးချယ်ထားမှု့ဘဲလေ ...
အဲ့ဒီလူတွေက
ကိုယ်ရွေးချယ်ထားတဲ့
ကိုယ့်ရဲ့ အိမ်ထောင်ဘက်လင်သားမှ မဟုတ်တာ
သူကသူလေ
ကိုယ့်အိမ်ထောင်ဘက်ကလဲ
ကိုယ်ရွေးချယ်ခဲ့တာဘဲ

🚦🚦🚦
များသောအားဖြင့် တွေ့ရတတ်တယ်
ဥပမာ ညီအစ်ကို နှစ်ယောက်ရှိတယ်ဆိုပါတော့ ...

အစ်ကိုလုပ်တဲ့သူက ဆီဒိုးနားမှာ ကြီးကြီးကျယ်ကျယ်
မင်္ဂလာဆောင်ခဲ့တယ် ဆိုရင်
ညီဖြစ်တဲ့သူက အဲ့လိုမျိုးကို
သူ့ရဲ့ဇနီးကို မင်္ဂလာမဆောင်ပေးနိုင်ခဲ့ဘဲ တင့်သင့်တဲ့ မင်္ဂလာပွဲကိုဘဲ ပြုလုပ်နိုင်ခဲ့တယ် ဆိုပါတော့...

🚦🚦🚦
အဲ့ဒီအချိန်မှာ ညီလုပ်တဲ့သူရဲ့ ဇနီးက

" ရှင့်အစ်ကိုတုန်းကတော့
ဘယ်မှာ မင်္ဂလာဆောင်တာ "

ဆိုပြီး
စကားနာ မထိုးသင့်ပါဘူး ။
ကိုယ်ယူထားတဲ့ ယောင်္ကျားရဲ့
မျှတတဲ့ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုဘဲ ကျေနပ်စွာ ဝမ်းမြောက် ဝမ်းသာဖြစ်ပေးသင့်ပါတယ်

" ကိုယ်ယူမှာက
သူ့ရဲ့ အစ်ကိုမှ မဟုတ်တာ "

🚦🚦🚦
တခါတရံ ပတ်ဝန်းကျင်မှာ မြင်ရကြားရတတ်တယ် ..
ယောင်္ကျားလုပ်သူက
မရှာနိုင်လို့
မဖွေနိုင်လို့
ဆိုတဲ့
ဇနီးရဲ့ ပြစ်တင်ဝေဖန်မှု့တွေကိုပါ ...

🚦🚦🚦
အကယ်၍
ကိုယ်ယောင်္ကျားလုပ်သူက
အချိန်ပြည့် မူးရူးနေပြီး
လက်ကြောမတင်း ၊ အပျင်းထူပြီး
အလုပ်မလုပ်ရင်တော့
ပြောတဲ့ ဇနီးက မလွန်ပါဘူး...

🚦🚦🚦
ဒါပေမယ့်ပေါ့
တကယ်ကိုဘဲ
ရိုးရိုးသားသား
ကြိုးကြိုးစားစား
လုပ်ကိုင်ပြီး
ရသမျှအားလုံး ဇနီးကို အပ်တဲ့ ဝင်ငွေနည်းတဲ့
ခင်ပွန်းကို
အသုံးမကျဘူး
စီးပွားအမြင်မရှိဘူးလို့ ပြောတဲ့ ဇနီးမျိုးတော့ မဖြစ်သင့်ပါဘူး

🚦🚦🚦
ကိုယ့်အိမ်သားရဲ့ ကြိုးစားမှု့ကို အသိအမှတ်ပြု့မယ်
သူ့ကို အားပေးမယ်
တကယ်ဘဲ သူ့ဝင်ငွေနှင့် မရပ်တည်နိုင်တော့ရင်

" မောင်တစ်ထမ်း မယ်တရွက် "

ဆိုသလို
ကိုယ်ပါအလုပ်
ထွက်လုပ်သင့်ရင် လုပ်မယ် ။
ဒီလိုမျိုးဘဲ ဖြစ်သင့်ပါတယ် ။

🚦🚦🚦
ကိုယ့်အိမ်သားကို

🚦 သမာအာစီဝကျကျ ငွေရှာဖို့

🚦 လောဘမထားဖို့

🚦 ကိုယ့်ကိုရှာဖွေ ကျွေးမွေးရင်း သံသရာအကြွေးတွေကို မယူဆောင်မိဖို့

🚦 ဘဝတိုတိုမှာ ခဏတာ
ဆုံရတဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို ကိုယ့်ကိုရှာဖွေကျွေးမွေးရင်း ပြုမိတဲ့အကုသိုလ်ကြောင့် နောင်ဘဝထိ အကုသိုလ်တွေ အကျိုးဆက်မပါအောင်
ကိုယ်က အမြဲ သတိပေးထိန်းသင့်ပါတယ်

🚦🚦🚦
ဒါမှသာလျှင် စေတနာမှန်တဲ့
ဇနီးကောင်း ဖြစ်မှာပေါ့ ..
ပါးစပ်ဖျားလေးက
ချစ်တယ် ၊ ချစ်တယ် ပြောတတ်ရုံ ၊
ထမင်း ၊ ဟင်းမှန်မှန်ချက်ကျွေးတတ်ရုံ
ကိုယ်လိုချင်တာ ပူဆာတတ်ရုံလောက်နှင့်တော့ ဇနီးကောင်းမဖြစ်နိုင်ဘူးလို့
ကျွန်မတော့ ထင်တာဘဲလေ

🚦🚦🚦
အထူးသဖြင့်ပြောချင်တာက .. ကိုယ်ရဲ့ရွေးချယ်မှု့ ပေါ်မှာ ကျေနပ်နိုင်ရပါမယ်
ကိုယ်က အလုပ်ကြမ်းသမားလေးကို ရွေးမိခဲ့ရင်လဲ
ဆရာဝန်ကတော်ဘဝကို ယောင်လို့ အိပ်မက်တောင် မမက်ပါနှင့်တော့ ..
ဒါဟာ ကိုယ့်ရဲ့ ရွေးချယ်မှု့ဘဲလေ

🚦🚦🚦
ကိုယ်ရဲ့ ခင်ပွန်းအပေါ်မှာ ဖိအားတွေ မပေးမိအောင်
သတိထားရပါမယ်
ဆင်ခြင်ရမယ်
သူပျော်ရွှင်တက်ကြွစွာ လုပ်ငန်းခွင်ဝင်နိုင်ဖို့ကိုဘဲ အားပေးသင့်ပါတယ် ။

🚦🚦🚦
ကိုယ့်ရဲ့ ရွေးချယ်မှု့ပေါ်မှာဘဲ လက်ခံကျေနပ်နိုင်တဲ့ စိတ်ဓာတ်မျိုးမွေးမြူနိုင်ဖို့ကိုဘဲ ကြိုးစားရမှာပါ ....
ဒါဟာ မိန်းမကောင်းတစ်ယောက်
ဇနီးမယားကောင်းတစ်ယောက်
ရဲ့ တာဝန်ပါ ။

🐚🐚🐚🐚🐚🐚🐚🐚🐚🐚

🚦 ဆရာဝန်ကို ယူတော့ ဆရာဝန်ကတော်

🚦 စစ်ဗိုလ်ကို ယူတော့ စစ်ဗိုလ်ကတော်

🚦 လုပ်ငန်းရှင် သဌေးကို ယူတော့ သဌေးကတော်

🚦 ဆိုက္ကာသမားကို ယူတော့ ဆိုက္ကာသမား မယား

🚦 အရက်သမားကို ယူတော့ အရက်သမား မယား.... တဲ့

" ရွှေပင်ကို နားတော့ ရွှေကျေး " တဲ့

" ရေမြင့်တော့ ကြာတင့်တယ် " တဲ့

အိမ်ထောင်ရှင် ယောင်္ကျားတို့ဟာလဲ
ဒီအချက်ကို မေ့လျော့နေတတ်ကြသေးတယ် ။

🚦🚦🚦
ငွေရှာကောင်းတဲ့ ယောင်္ကျား တချို့ဟာ

" ငါက ငါ့မိသားစုကို လိုလေသေးမရှိအောင် ထားတာ "
ဆိုတဲ့
စကားတစ်ခုနင့် အနေအထားတစ်ခုကို နင်းပြီး

🚦 ငါသာလျှင်ဘုရား

🚦 ငါသာလျှင် သခင်

🚦 ငါသာလျှင် အိမ်ဦးနတ်
ဆိုပြီး
မိသားစုအပေါ်မှာ ဘာလုပ်လုပ် ငါအမှန်ဆိုပြီး
" ငါစွဲ "
နှင့် ဆက်ဆံတတ်ကြတယ်

🚦🚦🚦
ဇနီးမယားရဲ့
အကြံပေးမှု့
အကူညီပေးမှု့
တွေးခေါ်ပေးမှု့
ဆိုတဲ့ စကားတွေဟာ
ရေထဲမှာ အရုပ်ရေးရသလိုဘဲ .. အသိအမှတ်ပြုခံရမှု့ဟာ တော်တော်နည်းပါတယ် ။

🚦🚦🚦
ကိုယ့်ဇနီးက သိပ်မှန်လွန်းတဲ့ အကြောင်းတရားတွေကို အခြေခံပြီး ပြောခဲ့ရင်တောင်
မှန်နေမှန်းသိရင်တောင်
သူတို့ရဲ့ရင်ထဲတစ်နေရာမှာ
ဝှက်ထားပြီး
သူတို့ရဲ့ ယူဆချက်တွေကို
ခေါင်းမာမာနှင့် တောင့်ခံထားတတ်ကြတဲ့ ယောင်္ကျားတွေကိုလဲ တော်တော်များများ ကျွန်မ မြင်ဖူးမိပါရဲ့ ...

🚦🚦🚦
ယောင်္ကျားတွေရဲ့ ဝါဒ အားကြီးလွန်းတဲ့ သူတွေလောက်သာလျှင် ဒီလိုလူမျိုးတချို့ပါလို့ ဆိုပေမယ့် ယောင်္ကျားတိုင်းနီးပါးလိုလိုမှာ တွေ့ရတတ်တယ် ။

" ငါလုပ်နေလို့ မင်းတို့ဘယ်လိုနေရ
စားရတာပေါ့ "
ဆိုတာမျိုးတွေ ..

" ငါပင်ပန်းတာသေတော့မယ် မင်းတို့ကြောင့်ပေါ့ "
ဆိုတာမျိုးတွေ ကို ပြောလေ့ရှိကြတယ် ။

🚦🚦🚦
စကားနည်းရန်စဲပါစေဆိုတဲ့

ပြိုင်မငြင်းချင်တဲ့

ငါတို့စကားများရန်ဖြစ်ရင် ကလေးတွေ စိတ်ဆင်းရဲပါမယ်ဆိုပြီး သည်းခံတဲ့

ဇနီးတွေပေါ်မှာ တစတစနှင့် နလံမထူအောင်
အကျင့်ပါလာတဲ့ထိ စကားလုံးတွေ
အမူအယာတွေနှင့် ပြုမူတတ်ကြတယ်

🚦🚦🚦
တကယ်တော့ မေးချင်မိပါရဲ့...
ဒီမိန်းမနှင့် မဆုံခဲ့ဘဲ တခြားမိန်းမတစ်ယောက်နှင့် ဆုံခဲ့ရင်လဲ ဒီလိုပြည့်စုံတဲ့ အခြေအနေမျိုးကို သူထားမှာဘဲလေ...
နောက်ဆုံး အိမ်ထောင်မပြုဘဲ လူပျိုကြီးဘဝနှင့်နေအုံး .. သူ့ဘဝကို အကောင်းဆုံး ဖြစ်အောင် သူရပ်တည်မှာဘဲလေ

🚦🚦🚦
ဒီမိန်းမကြောင့်
ဒီသားသမီးကြောင့် ပင်ပန်းရပါတယ် လို့ ငြူစူစကားကို
လုံးဝ ( လုံးဝ )
မပြောသင့် မပြောအပ်ပါဘူး ။
ကိုယ်ချစ်လို့ တည်ဆောက်ခဲ့တဲ့ ဘဝတစ်ခုဘဲ ။
ကျေးဇူးရှင်ကြီးလို
အရိုသေခံဘဝနှင့် ကိုယ်ချစ်တဲ့သူတွေပေါ်မှာ မလုပ်သင့်ဘူးလို့
ကျွန်မ ထင်မိတယ် ။

🚦🚦🚦
ဘာဘဲ ဖြစ်ဖြစ် ဒါဟာ ကိုယ့်ရဲ့ရွေးချယ်မှု့ပါဘဲ ။
ခါးသီးပါစေ
ချိုမြိန်ပါစေ
ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာ လူတိုင်းရဲ့တာဝန်ပါ ။

🚦🚦🚦
ကိုယ်ရွေးချယ်မှု့က
အမြဲ ပျော်စရာတွေချည်း ဖြစ်နေမယ်ဆိုတာက
ဖြစ်မှ မဖြစ်နိုင်တာ ...
ခါးသီးစရာတွေ ဖြစ်ခဲ့ရင်လဲ
ကိုယ်ရွေးခဲ့တဲ့လမ်းဘဲ
ခံနိုင်ရည်ရှိဖို့တော့ လိုတာပေါ့ ။

🐚🐚🐚🐚🐚🐚🐚🐚

🚦🚦🚦
တကယ်တော့ အိမ်ထောင်တစ်ခု တည်ဆောက်ရတယ်ဆိုတာ
အရမ်းကို ခက်ခဲပင်ပန်းလှပါတယ်

အိမ်ထောင်တစ်ခုမှာ
လင်ရယ် မယားရယ်ဆိုတဲ့
လူနှစ်ဦးက ဘဝလမ်းကို တူတူလျောက်ကြရတာက ဘာနှင့်တူလဲဆိုတော့ .....

ငယ်ငယ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွေမှာ
တွေ့ရတတ်တဲ့
ကစားနည်းတစ်ခုဖြစ်တဲ့ ....

လူနှစ်ယောက်တစ်တွဲစီဟာ ခြေထောက်တစ်ဘက်စီကို
ကြိုး (သို့) ပုဆိုးနှင့် ကပ်ချည်ပြီး အတွဲလိုက် ပြေးရတဲ့
ကစားနည်းနှင့် သိပ်တူတာဘဲ ...

🚦🚦🚦
ခြေလှမ်းတွေကို ဟန်ချက်ညီညီ လှမ်းနိုင်မှာသာလျှင်
ခရီးပေါက်တာ
ခရီးရောက်တာလေ

ကိုယ်က ဘယ်ဘက်ခြေထောက် လှမ်းနေချိန်မှာ
ကိုယ့်ဘေးက တွဲပြေးဖော်က
ညာဘက်ခြေထောက်ကို တပြိုင်တည်းလှမ်းရမယ် ။
ပြီးရင် ကြိုး ( သို့) ပုဆိုးနှင့်
တွဲပြီးချည်ထားတဲ့
သူတို့ရဲ့ ဘယ်ဘက်နှင့်
ညာဘက် ခြေထောက်တွေကို ပြိုင်တူလှမ်းရမယ် ။
အဲ့လို ခြေလှမ်းတွေကို
မမှားဘဲ ဟန်ချက်အညီဆုံး
လျှောက်နိုင်တဲ့ အတွဲက ရှေ့ဆုံးကို ရောက်လာတာပါဘဲ ....

🚦🚦🚦
ဟန်ချက် မညီ့တညီ
အတွဲတွေကလဲ
ချည်နှောင်ထားတဲ့ ခြေချင်းဝတ်နေရာတွေမှာ
နာကျင်ရင်း
ပွန်းရှရင်း
ခက်ခက်ခဲခဲ ပန်းတိုင်ကို ရောက်အောင် လျှောက်ကြရတာဘဲ

🚦🚦🚦
ဟန်ချက် လုံးဝမညီတဲ့ စုံတွဲကတော့ လမ်းခုလတ်မှာ လဲပြိုလို့ပေါ့
ခရီးကလဲ မတွင် ...
တစ်ယောက်တည်း ထလျှောက်သွားလို့ကလဲ မဖြစ် ...
လဲပြိုထားလို့ နာကျင်မှု့တွေကလဲ သွေးစက်စက် နှင့်
ဘယ်သူ့ကို အပြစ်တင်ရမလဲ ။
ကိုယ်က ဒီပွဲကို ဝင်ခဲ့ပြီဘဲ
ဆက်လျှောက်နိုင်ဖို့ကိုဘဲ ကြိုးစားရတော့မှာပေါ့

🚦🚦🚦
အိမ်ထောင် တစ်ခုမှာလဲ
အဲလိုဘဲ မြင်မိတယ် ။
တစ်ယောက်ကို တစ်ယောက်
အထပ်ထပ် ချည်ထားတဲ့ ကြိုးတွေနှင့် ဟန်ချက်ညီဖို့ကို ကြိုးစားရတာလေ

🚦🚦🚦
ကျွန်မလဲ ဒီနေ့ထိ
ကြိုးစားနေရတာပါဘဲ
ဟန်ချက်ညီညီ လျှောက်နိုင်ဖို့အတွက်
သေတပန် သက်တစ်ဆုံးထိလဲ ကြိုးစားရအုံးမှာပါဘဲ

အားလုံးအားလုံးသော အိမ်ထောင်ရှင်တိုင်းလဲ
ဘဝရဲ့ ခြေလှမ်းများကို
ဟန်ချက်ညီညီနှင့်
ဘဝပန်းတိုင်သို့ မယိုင်မလဲဘဲ ပျော်ရွှင်စွာဖြင့်
လျှောက်လှမ်းနိုင်ကြပါစေ.......