kkyy

in #kyaw7 years ago

ဖေ့စ်​ဘွတ်​ တပ်ရင်း။

ဟျောင့်​ ... ဂျင်း​ကောင်​ ဘာချက်​လဲ ​ဟျောင့်​ ...

ဟာ .. ဗိုလ်​ရီးလည်း ဒိုးးခပဲ ဒီ​နေ့ တနင်္လာ​လေဗျာ
ကြက်​ဥ​ပေါ့ ...

ဟျောင့်​... ကြက်​ဥက ၂ လုံးစ​ကေး​နော်
ငါ့တပည့်​​တွေကို မင်း ဂျင်းထည့်​ဖို့ မကြံနက်​ ​ဟျောင့်​ ..

မှန်း မင်းကြက်​ဥဟင်း ကြည့်​ရ​အောင်​...

ဟား..ကြက်​ဥလုံး​လေးနဲ့ ဟင်းဆီ​လေး
တွေ​ဝေ့​နေပုံက ​စောက်ရမ်း ​​နန်းဆန်​တယ်​ကွာ
တပည့်​​တော်​တယ်​..

ဒါက တပ်​​ထောက်​နှင့်​ ချက်​ကြီးတို့၏
နေ့စဉ်​ လက်​သုံးစကား မြင့်​မြတ်​ကားကြည့်​ပြီး
ကတည်းကသူတို့ဆရာတပည့်​​နှစ်​​ယောက်
လမ်း​လျှောက်​ရင်​ ​ကော့ပက်​​ကော့ပက်​နဲ့
စကား​ပြောတာကအစ မြင့်​မြတ်​လို 
ညှောင်​နာနာနှင်​နူတ်ဆက်နေကြ

မ​အေး​သောင်း ၀က်​ခြံ​ပေါက်​​တော့

ကျ​နော့်​ရဲ့မနက်​ဖြန်​​ပျောက်​သလို
အရက်​ပြန်​​သောက်​​တော့မယ်​.

အာ့လို ​ရေးရမှာကွ .. ဒါမှ သူ​ကြွေမှာ

မဟုတ်​ဘူး ဗိုလ်​ကြီး ကျ​နော်​စဉ်းစားတာ
တခုရှိတယ်

အဓိကက မ​အေး​သောင်း သတိထားမိဖို့
လိုတယ်​ ကျ​နော်​တို့ ကြိုးစား​ရေးရမယ်
ကျ​နော်​က ဒီလို..

ဝက်​ခြံအကိတ်​ကို ခက်​ထန်​စိတ်​ဖြစ်​မိသလို
လက်​ဖက်​ရည်​ကျန်​​လေးနဲ့ နှိပ်​လိုက်​ရရင်​ ...

ဒါက​တော့ ခွဲ ၁ တပ်​ခွဲမှူးနှင့်​နှင့်​ ဆက်​သွယ်​​ရေးက
ရဲ​ဘော်​ ​အောင်​စိုးတို့အတွဲ

သူတို့က​တော့ မ​အေး​သောင်း ဖန်​​တွေဆို​တော့
အချိန်​အားသမျှ​ဘောလ်​ပင်​နဲ့ စာရွက်​​တွေနဲ့
ဆရာတပည့်​နှစ်​​ယောက်​ ​ခေါင်းခြင်းဆိုင်​ပြီး
မ​အေး​သောင်း Post မှာမန့်​ဖို့ ကဗျာစပ်​ကြတယ်​ ...

ဟျောင့်​ ... ​တပည့်​ မင်းကို​မေးချင်​တာက

ငါခုနကမှာလိုက်​တဲ့ ​ကော်​ဖီရပြီလား​ပေါ့​နော်
မပါခဲ့ရင်​​တော့ မင်းကို နားရင်းအုပ်​မယ်​​ပေါ့​နော်
မင်းကံ​ကောင်းပါဇီ ...

တကယ်​တမ်း ကျ​နော့်​ဆီမှာ ​​ကော်ဖီခွက်ပါမ​​ပါဆိုတာ
သိရ​အောင်​ မီး​လေးတချက်​​လောက်​မှိတ်​​ပေးပါ

ဆရာကြီးမကြာခင်​ ပါလားမပါဘူးလားဆိုတဲ့ အ​ဖြေနဲ့
ကျ​နော်​ပြန်​လာခဲ့ပါမယ်​...

ဒါက​တော့ Myanmar idol ဖန်​ဖြစ်​တဲ့
တပ်​ကြပ်​ကြီး ၀င်းလွင်​နဲု့ သူ့တပည့်​ ​ရဲ​ဘော်​ဇော်​သက်​​အောင်​..
သူတို့နှစ်​​ယောက်​က​တော့ MM idol.ဖန်​ပီပီ သူတို့စကား​ပြော
တဲ့အခါ အခုလို​လေး​တွေ ​ပြော​လေ့ရှိကြတယ်​ ....

ဟဲ့ ...​ကောင်​မ
နင့်​ကို ငါက မတင်​ညွန့်​ပဲဟဲ့ မသာမရဲ့...

သြော်​...နင်​က မတင်​ညွန့်​ဆို
ငါက မအုန်းကြည်​​ဟေ့ နင့်​ထက်​ဗလပို​တောင့်​တယ်​...

နမစပ လား...

ဖျာသည်​မ ....

ဒါက​တော့ ရဲ​ဘော်​ ခင်​​အောင်​နဲ့
ရဲ​ဘော်​တင်​​မောင်​တို့ရဲ့ မိန်းမ​တွေ သူတို့ကလည်း
ရန်​ဖြစ်​ရင်​ FB ဘန်းစကားနဲ့ ရန်​ဖြစ်​​နေကျ...

တပ်​ရင်းတရင်းလုံး အားလုံးလိုလို FB ​တွင်
ခေတ်​စား​နေ​သော ...

ဘန်းစကားများဖြင့်​ ​ပြောဆိုသုံးနှုန်းနေသည်​မို့

ကျ​နော်​လည်း ဘန်းစကားတခုခုတတ်​မှရမည်​ဟု
တွေး​တောရင်းဒုတပ်​မှူးအိမ်​​ရှေ့​ရောက်​လာသည်

ရုံးဆင်းချိန်​ဖြစ်၍ ဒုတပ်​မှူးနှင့်​ ဒုတပ်​မှူးက​တော်​ကို
မီးဖို​ချောင်​ထဲတွင်​အခန့်​သား​တွေ့ရသည်

ကျ​နော်​​ရောက်​​နေသည်​ကို သူတို့မသိ​ပေ

ကိုယ်​မင်းကို ..ဘယ်​​​လောက်​ချစ်​တယ်ဆိုတာ
မင်းနားလည်​​အောင်​ ရှင်းပြလို့မြ၀ူး...

အိုက်​စ်​... ​ကြွေပြီ​လေ.
ဘယ်​လို​တောင်​လား ခိုခိုရယ်​ ...

အိုရ်​....အာ့ ​မေးဈာလို​သေးလား သဲရယ်

ငှယ်​ ...ကြာလာရင်​ မ​ကောင်း​ဘူး
ငါလည်း ဘန်းစကားတခုခုနဲ့ ၀င်​​ပြောရမယ်
စဉ်းစားစမ်း စဉ်းစားစမ်း.. ..ဟားး သိပြီ ဟုတ်​ပြီ

အကိုကြီး အကိုကြီး
ဟေ...ဟာ ညီ​လေးပါလား ဘာကိစ္စလဲကွ...

ကျ​နော်​ တခု​လောက်​ မရှင်းတာ​လေးရှိလို့
လာ​မေးတာပါခင်​ဗျာ....

ဟေ...ဘာ Case လဲကွ ရုံးကိစ္စလား 
ဘာသိချင်တာလဲ ​မေး​လေ ရပါတယ်​ကွ ...

ဟို....ဟို...ကျ​နော်​ ​မေးချင်​တာက

#ကျ​နော်​ ​ချောလားဟင်​ ....????

နောက်​တ​နေ့တွင်​ ဗွီးစစ်​ပိုင်​အား
တပ်​ရင်း​ဆေးခန်းတွင်​ ပတ်​တီအ​ဖွေးသားဖြင့်
တွေ့မြင်​ရ​လေ​တော့သည်​ ....

သူရစစ်​ပိုင်​(Army Rum) image