" ကိုကို သူဌေးသား " အပိုင်း ( ၂ )
" ဟိတ် ကောင်မလေး နှစ်ယောက် ဒါနင်တို့နေရမယ့် နေရာပဲ သူဌေးကြီး ပြောခဲ့သလိုပဲနော် ကိုယ့်နေရာ ကိုယ်နေ ဟိုစပ်စပ် ဒီစပ်စပ် လျှောက်မလုပ်နဲ့ အထူးသဖြင့် သူဌေးကြီး သားတွေ နဲ့ ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်း ပါ ဝေါင်ဝေါင်မရွှေးပဲ ပွတိချီနမ်းချီ အရောတဝင် နေရင်တော့လား ရွာပြန်ပြီး နှောက်ချေးပုံးကြား ခေါင်းတိုးသာ နေကြပေတော့ ကောင်မလေးတွေ "
" ဟို သမီးတို့က တောကဆိုပေမယ့် နွားမမွေးတော့ နွားချီးမရှိပါဘူး ဦးကြီး လာမယ့်နှစ်တော့ အဘက ငွေချေးပြီး နွားတစ်ရှင်း ဝယ်မယ်လို့တော့ တိုင်ပင်နေကြပါတယ် "
" အေးပါ သဘောတရား ပြောပြတာပါ ကောင်မလေးတွေရ နွားမွေးတော့မှ နွားချေးလူးကြပေါ့ ကမတွေရယ်"
" ဟုတ်ကဲ့ ဟီး ဟီး "
ပျော်တတ်သော နွယ်နီက ဦးဘီလူး စကားကို ရယ်နေသလောက် လှသွေးကြွယ် ကတော့ မျက်နှာမှာ ကျောက်ပေါက်ခွက် ပရပွနဲ့ ရုပ်ဆိုးလွန်းလှတဲ့ ဦးဘီလူး ဆိုတဲ့လူကြီးကို ကြည့်ပြီး ကြောက်ရွံ့ထိတ်လန့် နေမိပြန်ပါသည်။
" ဟို ကောင်မလေး ငါ့ကို ပြူးကြည့်မနေနဲ့ ငါ က အပေါက်သာ ဆိုးတာ သဘောမနောက ရှယ်ကောင်းပဲ "
" ဟုတ် ဟုတ်ကဲ့ပါ ဦးကြီး "
လှလွန်းကြွယ် အသံက ပြောရင်း ဆိုရင်း ပိုလို့တောင် တုန်ယင်နေပါသေးသည်။
ခြံစောင့် ဦးဘီလူးလည်း သူမတို့ အနီးမှ ထွက်ခွာသွားပြီမို့ လှလွန်းကြွယ်တို့နှစ်ယောက် ပါလာသော အဝတ်များကို နေရာတကျ ထားကြလေသည်။
အခန်းလေးက အသားနဲ့ဖွဲ့စည်းထားပြီး လေးခန်းတွဲ အရှည် တန်လျားပါ ။ ဦးဘီလူး ဆိုတဲ့လူကြီးက ထိုတန်းလျားမှာ မနေပါပဲ တိုက်ကြီးရဲ့ မီးဖိုခန်းဘေးချင်းကပ်လျက် အခန်းမှာ နေပုံပေါ်ပါသည်။ ဝင်လိုက်ထွက်လိုက် မြင်နေရတာ မဟုတ်လား ။
တကယ်တော့ သူမနဲ့ နွယ်နီ တို့ရဲ့ ဘဝတွေဟာ တောခေါင်ခေါင်မှာ ဆင်းဆင်ါ်ရဲရဲ ကြပ်ကြပ်တည်းတည်းဖြင့် ဘဝကို တည်ဆောက်နေရတဲ့သူတွေပါ ဒါမျိုး သူများအိမ်မှာ အောက်ခြေလုပ်ငန်းလုပ်ဖို့ ဆိုတာ ယောင်လို့တောင် မတွေးထားခဲ့မိပါ ။ ဒါပေမယ့် လက်တွေ့ဘဝ က ဈေးဆိုင်လေးထောင်ဖို့ ငွေအရင်းအနှီးလေး အချို့တောင် မရှိပါပဲ တနေ့စာ စားသောက်ရေး တွေးပူးနေရတဲ့ ဘဝ ဘာဆိုဘာမျ မရှိတဲ့ သုည ဘဝတွေမို့ ဒါမျိုးအလုပ်တွေ မလုပ်ချင်ပါပဲ မျက်စိစုံမှိတ် လုပ်ကိုင်နေရပြီ မဟုတ်လား ။
" ဒီမယ် သမီး လူဆိုတာ သူဖြစ်ရာ ဖြစ်ဆိုပြီး ဘဝကို အရှူံးပေးပြီး ခန္ဓာရင်းပြီး ထမင်းတစ်လုပ်စားနေရတဲ့သူလည်း မဖြစ်စေနဲ့ မပြည့်စုံ မလုံလောက်မှုကို အကြောင်းပြုပြီး ဖြစ်ချင်ရာဖြစ် ကံကို ပုံချပြီး ဘဝကို အရှူံးပေးနေတဲ့ လူညံ့လည်း မဖြစ်စေပါနဲ့ လူဆိုတာ အလွှာအမျိုးမျိုး အဆင့်အမျိုးမျိုး ရှိကြတယ် ဆိုပေမယ့် အမေတို့ ဘဝတွေက ငွေရေးကြေးရေး အခြေနေရ တိုင်းတာမယ်ဆို အောက်ဖျားအဆင့်မှာ ရောက်နေတယ် ဒါပေမယ့် စိတ်ဓါတ်ရေးရာ အဆင်အတန်းမှာတော့ ထိပ်ဆုံးမှာ ရပ်တည်ဖို့ အမေတို့မှာ အခွင့်အရေးရှိတယ် သမီး ဒါ့ကြောင့် ငါ့သမီးလေး လုပ်ငန်းနိမ့်ပါးတယ် ဆိုပြီး စိတ်အားမငယ်ပါနဲ့ကွယ် အလုပ်ဟူသမျ ဂုဏ်ရှိစွတဲ့ သမီးရဲ့ သူတပါးဟာ မခိုးမဖွက် မလိမ်မကောက်ရင်ပဲ လူပီသတဲ့ လူတန်ဖိုးရှိ ဖြစ်နေပါပြီ သမီး ဒါကြောင့်မို့ အမေတို့ အရင်းအနှီး ပြည့်စုံလာတဲ့ တနေ့ ကိုယ်ပိုင်အလုပ်လေး လုပ်ကြရအောင် သမီး ခုချိန်မှာတော့ သူများအလုပ် သည်းခံလုပ်ပြီး ငွေစုဆောင်း ကြတာပေါ့ သမီး "
" အမေ သမီးကို ယုံတယ် ငါ့သမီးလေးက ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ သမီး စိတ်ဓါတ်ရေးရာမှာ ထိန်းသိမ်းနိုင်တဲ့သမီး ဒါ့ကြောင့် အသက်ငယ်သေးတဲ့ အမေ့သမီးလေးကို မြို့ပေါ်မှာ အလုပ်လုပ်ဖို့ အတွက် အမေစိတ်ချတယ် သမီး "
မေမေ့ရဲ့ အားပေး ဆုံးမ စကားတွေက သူမအတွက် သံမှိုရိုက်သလို နားထဲစွဲနေပါပြီ သတိရလိုက်တာ မေမေရယ် မေမေ ပြောသလိုပါပဲ သမီး လူချမ်းသာ မဖြစ်တောင် တန်ဖိုးရှိတဲ့ လူ လူပီသတဲ့ လူဖြစ်အောင် ရှေ့ဆင်ကြိုးစားနေသွားမှာပါ မေမေရယ် ။