ပြန်လည်မွေးဖွားခြင်း မရှိ

in #life11 months ago

ပြန်လည်မွေးဖွားခြင်း မရှိ

အရာရာကို နားလည်မှုနဲ့စတင်ခဲ့ပေမယ့် ကိုယ်အတွက်ကျတော့ အစသာရှိပြီး အဆုံးမရှိခဲ့ဘူး
ရှီခဲ့ တဲံ အဆုံးသတ်ကလဲ မလှပ ခဲ့ဘူး ဘယ်လို အရာတွေက ဘ၀တွက် အရေးပါနေ ခဲ့
တာလဲ ခုတော့ နားမလည်နိုင် တော့ဘူး။အရာရာကို ကိုယ့် စိတ်နဲ့ယှဥ်ယူလို့ မရနိုင်မှန်း သိ
ခဲ့ပေမယ့် ရူးသွပ်ခဲ့မိတယ် ထင်တယ်။

တနေ့နေ့ တချိန်ချိန် မှာ လမ်းမှာပြန်တွေ့ခဲ့ရင်တောင် မခေါ် မိ တော့မယ့် အရင်းနီးဆုံး သူ
စိမ်းဆိုတာ ရှိလာလိမ့်မယ်လို့လဲ တစ်ခါမှ မတွေးဖူးဘူး။ ရှောင်လွဲလို့ မရတော့လဲ ရင်ဆိုင်လိုက်
ရတယ်။ ထင်တော့မထားဘူးပေါ့ အရမ်းရင်းနှီးလွန်းတော့လဲ သူစိမ်းတွေဖြစ်သွားလိမ့်မယ်လို့
ဘယ်ထင်ခဲ့ပါ့မလဲ။ခုတော့ အရင်းနီးဆုံးသူစိမ်းဆိုတာဟာ စကားလုံး သက်သက် မဟုတ်ဘူးဆို
တာကိုယ်တိုင်ကြံုခဲ့ရပီလေ။

ဘယ်တော့မှပြန်မရတော့မယ့် အတိတ်ကို မေ့ပြစ်ချင်ပါသော်လဲ ကိုယ်တိုင်ကစွဲလမ်း နေတော့လဲ
မခက်ပေဘူးလား။ပြင်ဆင်နိုင်ခွင့် ရှိရင်ပြင်ဆင်ပေးလိုက်ချင်ပါသေးတယ် ဒါပေမဲ့ကိုယ်တိုင်တောင်မှဘဲ
တတ်နိုင်တာ ဘာမှမရှိ့ဘူးလေ နောက်ဆုံးတော့လဲ ကံကုသာ အပြစ်တင်ရင်းနဲ့ဘဲဖြတ်သန်းရတော့
မယ်ပေါ့ ကိုယ်တိုင်လဲဘာမှမတတ်နိုင်ခဲ့ဘူးလေ။

နောင်ဖြစ်လာဦးမယ့် အနာဂါတ် ကိုတော့ တွေးတောပြီးကြောက် တတ်လာတော့ တော်ယုံအရာ
တစ်ခုလို မတွေးရြတော့ဘူး အခုလိုခပ်ဆိုးဆိုး ဘတ အခြေနေတွေကို တွေးမိတိုင်း ရင်နာမိလို့
အတိတ်က ကံကြွေးတွေရှိခဲ့ရင်လဲ ကျေပါစေတော့ မကျေသေးရင်လဲဒဘ၀ရဲ့ဘယ်လို အတိုင်းတာနဲ့
မဆိုကျေအောင် ဆပ့်ချင်ပါတယ်။အတိတ်ကမင်း အပေါ်မကောင်းခဲ့မိတာတွေ အတွက်တောင်းပန်ပါတယ်
မင်းရြ့ အတိတ်က တရားခံ။