သစ်ခွလေးရဲ့ ချစ်သစ္စာ
လုဝေ ညနေစောင်းချိန် ချီမြို့ထဲ သို့ ဝင်ခဲ့သည်။
သူ အမှောင်ရိပ် မှ နန်းတွင်းထဲ ဝင်ရန် ဆုံးဖြတ်လိုက်တာကြောင့် မြို့တွင်း ပတ်နေမိသည်။
ပြီးမှ တစ်နေရာ အရောက် လမ်းဘေးဆိုင် တစ်ဆိုင်သို့
မျက်စိရောက်သွားသည်။
သူ ထိုဆိုင်ဆီသို့ သွားကာ ဆိုင်ထဲက ပစ္စည်းလေးတွေ
ကြည့်နေမိသည်။ သူ ကြည့်နေရင်း လိပ်ပြာပုံ ဆံထိုးလေးကို
တွေ့ကာ "ယွိအော်နဲ့ ဆို တော်တော် လိုက်မှာဘဲ "
သူ ဆိုင်ပိုင်ရှင် အဒေါ်ကြီးအား
"ဒေါ်လေး ဒါဘယ်လောက်လဲ"
"ငွေစ 10ပါ သခင်လေး "
"ဟုတ်ကဲ့ ကျွန်တော့်ကို ဒါပေးပါ "
"ကောင်းပါပြီ လူလေးရဲ့ မိန်းကလေးကို ပေးဖို့လား "
လုဝေ ရှက်ကာ လည်ပင်းပွတ်ရင်း "ဟူတ်ကဲ့"
သူ ဈေးဝယ်ပြီး ပြန်ထွက်လာတော့ သူ တွေးမိတာ
"ဒီလို လမ်းဘေး ဈေးက ပစ္စည်းကို ယွိအော် သဘောကျပါ့မလား
ဟာ သူက ပကာသနတွေ မလိုအပ်တာ သူငါ့ကို
ချစ်ရင် ယူမှာပါ ယွိအော် တန်ဖိုးသိပ်မရှိပေမဲ့
ကိုယ့်အချစ်တွေပါနေတယ် မင်းလက်ခံပေးပါ"
လုဝေ သူ့အတွေးနဲ့သူ ပျော်နေသည်။
ညကလည်း မှောင်လာပြီ ဖြစ်၍ လုဝေ ယုချီ ဆီ သွားဖို့
ဆုံးဖြတ်လိုက်သည်။
သူလည်း အမှောင်ရိပ်ကွယ်ကာ မြို့ရိုးကို ကျော်ပြီး
ယုချီ ပြထားပေးသော လမ်းသို့ ဝင်လာကာ ယုချီ
အခန်းထဲ ဝင်လာခဲ့သည်။ အခန်းထဲမှာ ယုချီကို မတွေ့
သူ ခုံ တစ်ခုံတွင် ဝင်ထိုင်ကာ ယုချီကို စောင့်နေမိသည်။
ယုချီ စက်တော်ခေါ်ဖို့ အခန်းထဲ ဝင်လာတော့
မှောင်နေသဖြင့် မီးထွန်းလိုက်သည်။
ယုချီက သူအခန်းထဲ မရှိလျှင် မီးမထွန်းတာ အလင်းကို
မကြိုက်ဘဲ အမှောင်ကို ကြိုက်သောသူ ဖြစ်သည်။
ထိုတစ်ချက်က ယွိအော်နဲ့ တူသည်။ ယွိအော်လည်း
အမှောင်ထဲတွင် မျက်လုံးက စူးရှစွာ မြင်နိုင်သည်။
လုဝေက အလင်းရောင် ချိန်တွင် ပိုကျင်လည်သည်။
ထိုကြောင့် ယွိအော် ထန်လုဝေနဲ့ စစ်ပွဲ ဆင်နွှဲလျင်
အမှောင်ချိန်မှာဘဲ ဆင်နွှဲတတ်သည်။
ီ
ယုချီ အလင်းရောင် လင်းသွား၍ အခန်းကို ကြည့်တော့
"အမလေး "
လုဝေ လှည့်ကြည့်လိုက်သည်။ လန့်ချင်လည်း လန့်စရာ
လုဝေက အမှောင်ထဲမှာ ထိုင်ကာ အင်္ကျီက အဖြူရောင်
"ယုချီ မင်း ပြန်ရောက်ပြီလား "
"ဘာကိစ္စ မင်းက ဒီကို ရောက်နေတာလဲ ငါခုတလော
လန့်ရလွန်းလို့ သေတော့မှာဘဲ"
"မသေသေးနဲ့ဦး မင်း တိုင်းပြည် အုပ်စိုးရဦးမယ်"
"သေစရာလား ဒါနဲ့ မင်းက ချီပြည်ကို ဘယ်လိုလုပ်ပြီး
ရောက်လာတာလဲ ပြီးတော့ ငါ့အခန်းထဲ ခိုးကြောင်ခိုးဝှက်
ဘာလာလုပ်တာလဲ "
"ဘာမှ လာမလုပ်ဘုး မင်းကို မေးစရာ ရှိလို့ စောင့်နေတာ
ဒါနဲ့ မင်းးကရော အထိန်းတော်တွေ မပါဘဲ ပြီးတော့ အပြင်ဝတ်စုံနဲ့
ဘယ်ကနေ ပြန်လာတာလဲ "
"ငါ့ရဲ့ ကိုယ်ယံတော် ငါစုံစမ်းခိုင်းထားတာ အကြောင်းမကြားလို့
ဘာဖြစ်တာလဲ ဆိုပြီး သွားစုံစမ်းတာ "
"ဘာအကြောင်းလဲ ပြီးတော့ မင်းကိုယ်ယံတော်နဲ့ကော
တွေ့ခဲ့လား "
"မြို့ပြင်က တည်းခိုခန်း အကြောင်းပါကွာ ချွဲ့မင်ကိုလည်း
မတွေ့ခဲ့ဘူး "
"မြို့ပြင် တည်းခိုခန်း ဆိုတော့ စီချွမ်း တည်းခိုခန်းကို ပြောတာလား "
"ဟုတ်တယ် မင်းက ဘယ်လို လုပ်သိတာလဲ ပြီးတော့
ငါမေးတာ မင်းမဖြေရသေးဘူး မင်းဘယ်တုန်းက ချီကို ရောက်တာလဲ "
"'ငါအခု စီချွမ်း တည်းခိုခန်းမှာနေတာ ပြီးတော့ တကယ်တော့
ငါချီပြည်ကနေ မထွက်ခွာရသေးဘူး ဂုဏ်ပြုပွဲ ပြီးတည်းက"
"ဟမ်း ဒါဆို မင်း မဟူရာ တောအုပ်ထဲကနေ အခုမှ ထွက်လာတာပေါ့
ငါကများ မင်းသေပြီလားလို့ "
ယုချီ ရယ်ကျဲကျဲ ပြောတော့ လုဝေက
"အရူး ငါ့ကို သေစေချင်နေတယ် ငါ့မှာ သေလုမတတ်ဖြစ်ခဲ့ရတာ
ငါ့ကို ကယ်တဲ့သူ ရှိလို့ "
"ဟမ် ကယ်တဲ့သူ ဟုတ်လား ဧကန္တ မင်းပိုင်မေ့ရွာကို
ရောက်သွားတာလား "
"ဟုတ်တယ် ငါအခု ထန်ကို ပြန်မလို့ မင်းဆီက မေးစရာလေးရှိလို့
မင်းပြောထားတဲ့ လမ်အတိုင်း ဝင်လာတာ"
"တကယ်မလွယ်ဘူး မင်းနဲ့ယွိအော်က "
"ဟမ် ယွိအော် မင်းဆီ ရောက်လာသေးတယ် ဟုတ်လား "
"အေးလေ ဘာလဲ စိတ်မပူနဲ့ စစ်ပွဲကိစ္စ မဟုတ်ဘူး
သူက တစ်ခြားကိစ္စ လာမေးတာ ကြည့်ရတာ မင်းတို့
ထန်ပြည်ကို တိုက်ဖို့ သူမအားသေးဘူး ထင်တယ်"
အခြေနေ ဘာမှန်း မသိဘဲ ပြောနေသော ယုချီကြောင့်
လုဝေ အနည်းငယ်တော့ စိတ်ပျက်မိသည်။
"'ယွိအော်က အခု ဘယ်မှာနေတာလဲ "
"ဘာလဲ မင်းက ပြသနာ သွားရှာမလို့လား "
"မဟုတ်ပါဘူးကွာ ပြောမှာသာ ပြောစမ်းပါ "
"'ငါမသိဘူး သူငါ့ကို ဘယ်မှာနေလည်း မပြောခဲ့ဘူး "
"ဟာ ဒါဆို သူချီမြို့တွင်းမှာဘဲ ရှိနေနိုင်သေးတယ်မလား"
"အင်း သူလာတာ နှစ်ရက်လောက်လဲရှိသေးတယ်
ဒါနဲ့ မင်းက ထူးထူးဆန်းဆန်း သူ့အကြောင်း လာမေးတာ
ဘာလုပ်မလို့လဲ "
"ဘာမှ မဟုတ်ဘူး ဒါနဲ့ အဲ့တည်းခိုခန်းက ဘာဖြစ်လို့
မင်းစုံစမ်းခိုင်းရတာလဲ "
"အဲ့ဒီ တည်းခိုခန်းက ခမ်းနားပြီး မြို့ပြင်မှာ ဆောက်ထားတာ
ပြီးတော့ ည သန်းခေါင်ချိန်ဆို တည်းခိုခန်းနောက်က တောအုပ်ထဲကို
အရိပ်မည်းမည်းနဲ့ လူတွေ ဝင်သွားတာ တွေ့တယ်လို့
အဲ့ဒီတည်းခိုခန်းမှာ တည်းဖူးတဲ့ လူတွေ ပြောတယ်
နောက် အဲ့ဒီ တောအုပ်ထဲ ဝင်သွားတဲ့သူတွေက ရှင်လျက်နဲ့
ဘယ်တော့မှ ပြန်ထွက်မလာနိုင်ဘူး ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ရင်တောင်
မကြာခင်မှာဘဲ အသတ်ခံလိုက်ရရော "
"ဟာ ဒါဆို စိတ်ဝင်စားစရာဘဲ ငါ ဒီည စောင့်ကြည့်ထားပေးမယ်
အခြေနေထူးရင် အကြောင်းကြားမယ်"
"'ဒီညတော့ ဘာအခြေနေမှ ထူးမှာ မဟုတ်ဘူး အရိပ်မည်းဆိုတဲ့ လူတစ်စုက
တစ်ပတ်မှ တစ်ခါလာတာ တစ်နေ့က လာပြီးသွားပြီလို့
ချွဲ့မင် သတင်းပို့တယ် ပြီးတော့ သူ့မှာ အဖော်ကောင်မလေးတစ်ယောက်နဲ့
တောထဲဝင်ပြီး စုံစမ်းဖို့ရှိတယ်တဲ့ ဒါပေမဲ့ အဲ့ထဲက
ခုထိ ဘာမှအကြောင်းမကြားသေးတာ ငါသူ့ကို စိတ်ပူတယ်
သူတစ်ခုခု ဖြစ်နေလား မသိဘူး "
"သိပ်လည်း စိတ်မပူပါနဲ့ ငါ သေချာ စုံစမ်းကြည့်မယ်ခုတော့ ပြန်လိုက်ဦးမယ်"
ပြောပြီးတာနဲ့ ပြတင်းပေါက်ကနေ ခုန်ဆင်းသွားသော
လုဝေကို ကြည့်ကာ
"နှစ်ယောက်သား က မတည့်လို့ တည့်သာတည့်ရင်
ငါအကောင်း နေရမှာ မဟုတ်ဘူး ငါ့အခန်းကို လာတဲ့
လျို့ဝှက်လမ်းကို ပြောခဲ့မိတာ ငါ့အမှားဘဲ ယွိအော်က
ပြောင်းလဲ သွားပြီး လုဝေကတော့ မပြောင်းလဲသေးဘူးဘဲ"
ဟုတ်ပါတယ် ယွိအော် ယုချီ လုဝေ တို့ သုံးယောက်က
မိုးမြင့်တောင်မှာ ဆရာကြီး ယွဲ့မင် ဆီမှာ အတူ ပညာသင်ယူခဲ့တာပါ
ယွိအော်က သူများထက် ထူးကာ ပိုထူးချွန်နေတာပါ
လုဝေနဲ့ ယွိအော်က ငယ်ငယ်တည်းက မတည့်
အကြီးဖြစ်တဲ့ ယုချီက ကြားထဲက ဖြန်ဖြေခဲရသည်။
နှစ်နိုင်ငံ မတည့်တော့ အခုဆို ဆက်ဆံရေးက ပိုဆိုးလာကာ
နှစ်ယောက်သား စစ်ပွဲမှာပက် သူသေ ကိုယ်သေ
တိုက်ခိုက်ခဲ့ကြတာ
ယုချီ မသိခဲ့တာက ဒါက လွန်ခဲ့သော သုံးလက ဆိုတာ
@@@@@@@@@@@@@@@@@@@@@@@
ရိအယ် အိမ်ပြန်ရောက်ပေမဲ့ သူမရဲ့ အိမ်လေးက တိတ်ဆိတ်နေသလို
သူမလာတော့ ဘူးလား သူမ ကလည်း လုနန်းတော်ကို
စာပို့စရာ ရှိသောကြောင့် ယဲ့ချင်ကို စောင့်ရင်း စာရေးနေလိုက်သည်။
ပြီးမှ စာပို့ခို ခေါ်ကာ သူမ စာထည့်အိမ်တွင် စာထည့်ကာ ခိုလေးကို
ပျံသန်း ခိုင်းလိုက်သည်။ သူမလည်း သူ့အလာကို အိမ်ရှေ့က
ထွက်စောင့်နေမိသည်။ သူမ ဘာလို့ အချိန်တို အတွင်း
သူ့ကို ဒီလောက်ထိ တွယ်တာ မိသွားတာပါလိမ့်
သူဘယ်သူလဲ ဆိုတာတောင် သေချာ မသိခဲ့ဘဲနဲ့
သူမ စောင့်နေရင်း ဝမ်းနည်းလာသည်။
"ဘာလဲ သူမလာတော့တာလား အေးလေ သူငါ့ဆီ
နေ့တိုင်းလာရအောင် ငါက သူ့အတွက် ဘာမို့လို့လဲ
လွေရိအယ် နင်တော်တော် တုံးတာဘဲ ကိုယ့်ကို
အလေးမထားတဲ့သူကို နင်ဘာလို့ လိုက်ပြီး တွယ်တာနေမိတာလဲ
နင် ထပ်ပြီး မရူးသင့်တော့ဘူး တော်ပြီ ပြန်အိပ်တာဘဲ ကောင်းတယ်"
သူမ အိမ်ထဲ ဝင်သွားသည်။ သူမရဲ့ ပုဝါလေး ကွပ်ပျစ်လေးတွင်
ကျန်ခဲ့တာတောင် သူမ မသိခဲ့
သူမ အိမ်ထဲ ဝင်သွားတော့ အကွယ် တစ်နေရာက ထွက်လာသော ယဲ့ချင်
"ဟုတ်တယ် ရိအယ် ကိုယ်တို့ မရူးမိုက်သင့်ဘူး ကိုယ်တို့က
ဘယ်လိုမှ မဖြစ်နိုင်တဲ့ သူတွေ မို့လို မင်းကို နောက်ထပ်
ကိုယ်လာတွေ့နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်
ပြီးတော့ မင်းနဲ့ ကိုယ် မျက်နှာချင်း မဆိုင်ရဲဘူး "
ယဲ့ချင် အိမ်ရှေ့ရပ်နေရာ မှ ပြန်အလှည့် ပွင့်လာသော တံခါးနဲ့အတူ
ခေါ်သံလေး တစ်ခု
"အစ်ကို ယဲ့ချင် "
ယဲ့ချင် ပြန်လှည့်ကြည့်တော့ သူမလေးက သူ့ကို
ပြုံးပြကာ သူ့ဆီပြေးလာနေပြီ ထိုမှ သူကို ဖက်ကာအငိုလေးနဲ့
"'အစ်ကို မလာတော့ဘူးလို့ ထင်ခဲ့တာ ရိအယ် အစ်ကို့ကို စောင့်နေတာ ကြာပြီ
ဒါပေမဲ့ မတွေ့လို့ အိမ်ထဲ ဝင်သွားတာ အစ်ကိုကို မစောင့်သလို
ဖြစ်သွားလို့ တောင်းပန်ပါတယ် ရိအယ်ကို စိတ်မဆိုးပါနဲ့နော် "
အရင်တုန်းကသာဆို ယဲ့ချင် သူမကို ပြန်ပွေ့ဖက် မိမှာပါ
ခုတော့ မဖြစ်သင့်တာ မဖြစ်ရအောင် ပိုမနာကျင်ခင်
နောက်ဆုတ်လိုက်တာ ပိုကောင်းပါတယ်
သူ့အား ဖက်ထားသော ရိအယ်ရဲ့ လက်အစုံကို ဖြုတ်ချကာ
"နောက်ကျနေပြီ အိပ်တော့ "
"အစ်ကိုက အိပ်ဆို အိပ်ပါမယ် ဒါပေမဲ့ နောက်ညတွေရော
ရိအယ်နဲ့ အတူ စကားတွေ လာပြောပေးမှာလားဟင်"
"ဘာ ငါ့ကို မင်းရဲ့ ပျော်တော်ဆက်များ မှတ်နေလား "
"ဟင် မဟုတ်ပါဘူး အဲ့လို သဘောနဲ့ပြောတာ မဟုတ်ပါဘူး
အစ်ကိုနဲ့ စကားပြောနေရရင် ရိအယ် ပျော်တယ် ဒါကြောင့်
အစ်ကို့ကို မျှော်နေတာ "
ပြောလည်းပြော ပြုံးလည်း ပြုံးကာ သူ့ရှေ့မှာဆို
ကလေးလို ဖြူစင်တဲ့သူမကို သူနှစ်သက်မိတာ မလွန်ဘူးထင်တယ်
"မင်းဆီကို နေ့တိုင်းလာရအောင် ငါမင်းလို အားနေတာ
မဟုတ်ဘူး ငါ့မှာ လုပ်စရာတွေ ရှိတယ် မင်းနဲ့အတူ
အရေမရ အဖတ်မရတဲ့ စကားတွေ ပြောပြီး ငါ့ရဲ့
တန်ဖိုးရှိတဲ့ အချိန်တွေ မကုန်ဆုံး ချင်ဘူး "
"အစ်ကိုက အလုပ်တွေ နဲဆိုတာ ရိအယ် နားလည်ပါတယ်
ဒါကြောင့် အစ်ကို မလာဖြစ်လည်း ဘာမှ မဖြစ်ဘူး
ရိအယ် စောင့်နေမှာပါ အစ်ကို အားမှလာလည်း ရိအယ်
စိတ်မဆိုးပါဘူး "
"'မဟုတ်ဘူး နောက်ထပ် မင်းဆီကို ငါလာတော့မှာမဟုတ်ဘူး
မင်းလို တန်ဖိုးမရှိတဲ့ မိန်းမအတွက် ငါ့အချိန်တွေ မပုပ်စေချင်လို့"
"ရှင် တန်ဖိုးမရှိတဲ့ မိန်းမ ဟုတ်လား"
"ဘာလဲ မင်းက မင်းကိုယ်မင်း သိပ်တန်ဖိုးရှိနေတယ်လို့
ထင်နေတာလား မဟုတ်ဘူး မင်းက တန်ဖိုးသိပ်ပေါလွန်းတယ်
အရင်တုန်းက မင်းကို ပြောခဲ့တဲ့ စကားတွေ ပေးဖူးတဲ့
ဂတိတွေကို အတည်ထင်နေတာလား အဟက် အဲ့လို
မင်းမထင်လိုက်နဲ့ မင်းကို ငါက သနားလို့ အဖော်လုပ်ပေးနေတာ"
"သနားလို့ ဟုတ်လား "
"ဟုတ်တယ် မင်းကို ငါ့ရဲ့ လက်တွဲဖော်အဖြစ်ရွေးချယ်မယ်လို့
ထင်နေတာလား မင်းသိပ်မှားသွားပြီ မင်းလို နိပ်ကျတဲ့သူကို
ငါက လှည့်တောင်မကြည့်ဘူး "
"ရှင် အစ်ကို ရိအယ်ကို တကယ်ပြောနေတာ မဟုတ်ဘူး မလား"
သူမ ယဲ့ချင် လက်ကို ဆုပ်ကိုင်ရင်း မေးနေတော့
ယဲ့ချင် သူမ လက်ကို ဆောင့်ချလိုက်သောကြောင့်
သူမ လဲကျသွားသည်။ ထိုမှ
"မင်းရဲ့ ရွံစရာ ကောင်းတဲ့ လက်နဲ့ ငါ့အသားကို မထိနဲ့
နောက်တစ်ခါလည်း ငါ့ကို မျှော်မနေတော့နဲ့ ဒီနေ့လာတာက
မင်းအပေါ် ငါပြောဆိုဆက်ဆံခဲ့တာကို မင်းတစ်လွဲ
တွေးနေမှာ စိုးလို့ ငါလာရှင်းပြတာ ပြီးတော့ ငါ လက်ဆက်တော့မယ်ဆိုတာ
လာကြို ပြောပြတာ ငါသွားပြီ"
ယဲ့ချင် ထွက်သွားတာကို သူမ မတားမိ သူနဲ့သူမနဲ့က
ဘာမှ မသက်ဆိုင်တဲ့ လူတွေဘဲ သူမ မှာ တားခွင့် မရှိဘူးလေ
သူမကဘဲ သူ့အပေါ် မေတ္တာ ပိုခဲ့မိတာဘဲ
ဒီအချိန် မျက်ရည် ဆိုတာ အကောင်းဆုံး အဖော်ဘဲ
သူ ထွက်သွားတာကို သူမ ဝိုးတဝါးသာ မြင်ခဲ့ရသည်။
လဲကျတုန်းက ထောင့်ထားရင်း အဆစ်လွဲကာ နာနေသော
လက်ကို ကိုင်ရင်း သူမ အိမ်ထဲ ပြေးဝင် မိခဲ့သည်။
အိမ်တံခါးကို မှီကာ သူအ ငိုနေမိခဲ့သည်။
ယဲ့ချင် သူမ ကို မပြောသင့်တာတွေလည်း ပြောခဲ့မိသည်။
သူမ သူ့ကို မုန်းသွားမှ ဖြစ်မည်။ သူတို့နှစ်ယောက်က
ပေါင်းစပ်ခွင့် မရှိသည့် ရန်သူတွေ ပြီးတော့ သူမ
စုံစမ်းနေတဲ့အဖွဲ့စည်းရဲ့ ခေါင်းဆောင်ဟာ ယဲ့ချင် ဆိုတာ
သူမ သိခဲ့လျှင် သူ နောက်လှည့်မကြည့်မိခဲ့
ရိအယ် ဘာဖြစ်နေလဲ ဆိုတာ လည်း မသိချင်တော့
သူသာ လှည့်ကြည့်မိသွားရင် သူကြိုးစားခဲ့ရသမျှ
အရာထင်တော့မည် မဟုတ် ခုတောင် ဒီစကားလုံးတွေ
ထွက်ဖို့ သူ အားတင်းပြီး ပြောခဲ့ရတာ
"တောင်းပန်ပါတယ် ရိအယ် ကိုယ်မင်းကို ချစ်တယ်
ဒါပေမဲ့ မင်းကိုယ့်ကို မုန်းမှ ဖြစ်လိမ့်မယ်
ကိုယ် မငိုပါဘူး ဒါပေမဲ အသည်းပေါက် မတတ် နာကျင်နေတယ်
ဒါကို မင်းသိအောင် ကိုယ်မပြောချင်တော့ဘူး
ကိုယ့်ကို မုန်းလိုက်ပါတော့"