" ပြုပြင်​၍မရ​သောေ နာင်​တ "

in #life7 years ago

" ပြုပြင်​၍မရ​သော ​နောင်​တ "
....................................
အခန်း (၁)

ဖခင်​မရှိ​ တစ်​ဦးတည်း​သောသားမို့ "​ဒေါ်မြသက်​" သည်​ သားဖြစ်​သူ "သက်​​မောင်​" ကိုမဆူရက်​ မရိုက်​ရက်​ပါ ။ ရိုက်​ရ​အောင်​လည်း " သက်​​မောင်​" က​လေးမဟုတ်​​တော့​ပေ ။ အခုဆိုလျှင်​ "သက်​​မောင်​" အသက်​ (၂၀) ​ကျော်​​နေပြီမဟုတ်​ပါလား။ မိခင်​စကား နားမ​ထောင်​​သော "သက်​​မောင်​" သည်​ ထင်​ရာစိုင်းပြီး လုပ်​ချင်​ရာကို တစွတ်​တိုးလုပ်​တတ်​သူတစ်​​ယောက်​ဖြစ်​ပါသည်​။ မိခင်​"​ဒေါ်မြသက်​" သည်​ သားဖြစ်​သူအတွကိစိတ်​​သောက ​ရောက်​​နေရရှာပါသည်​။ တစ်​​နေ့......

"ငါ့သား....မင်းအသက်​လည်းငယ်​​တော့တာ မဟုတ်​ဘူးကွယ်​....အ​မေရှိတုန်း​လေး ငါ့သားကို လူလိမ္မာတစ်​​​ယောက်​အဖြစ်​ အ​မေမြင်​ချင်​တယ်​ ငါ့သားရယ်​......အဟွတ်​...အဟွတ်​...."

ကျန်းမာ​ရေးမ​ကောင်းသည့်​ကြားမှ သားဖြစ်​သူကို လိမ္မာ​စေရန်​ သွန်​သင်​ဆုံးမ​သော်​လည်း "သက်​​မောင်​" က​တော့ မိခင်​ဖြစ်​သူ၏ စကားကို နားမ​ထောင်​သည့်​အပြင်​ ပြန်​​တောင်​​ပြောလာပါသည်​။

"အ​မေကလည်း သားကအခုမိုက်​​နေလို့လား....အ​မေ​ပြောပုံနဲ့​တော့ သားကလူမိုက်​ကြီးကျ​နေတာဘဲ ....နားပူတယ်​အ​မေရာ....."

ဖခင်​ဆုံးပြီးထဲက မိခင်​ဖြစ်​သူသည်​ "သက်​​မောင်​" ကိုအ​ကြော်​​​ရောင်းပြီး ​ကျောင်းထား​သော်​လည်း ​ကျောင်းတတ်​ချင်​စိတ်​မရှိ​သော "သက်​​မောင်​" သည်​ ​ကျောင်း​ပြေးလွန်းအားကြီးသည့်​အတွက်​ ​နောက်​ဆုံးမှာ​တော့​ကျောင်းထုတ်​လိုက်​ရပါသည်။အခု​တော့"သက်​​မောင်​" သည်​ သုံးတန်း​တောင်​မ​အောင်​​သော​ကြောင့်​ ​သေစာ၊ ရှင်​စာကို​တောင်​မနည်းပြူးပြဲဖတ်​​​နေရပါသည်​။

"သားရယ်​ ​အ​မေ့ကိုအဲ့သလိုမ​ပြောပါနဲ့ကွယ်​....ငါ့သားကိုအ​မေက ဒုက္ခ​ရောက်​မှာဆိုးလို့ပါကွယ်​......"

"နားညီးတယ်​အ​မေရာ .....ဘာ​တွေ​ပြောမှန်းလည်းမသိဘူး.....အရက်​သွား​သောက်​တာဘဲ​ကောင်းတယ်​.....ပိုက်​ဆံ​ပေး....."

"အ​မေဆန်​ဝယ်​ရဦးသားရယ်​.....အ​ကြော်​ကလည်းအ​ရောင်းပါး​နေတယ်​....မရှိဘူးသားရယ်​.....မ​သောက်​ပါနဲ့လား....."

"မ​ပေးလည်း​နေဗျာ....အိမ်​မှာ​နေရတာနားညီးတယ်​...."

အိမ်​​ပေါ်မှဖ​နောင့်​​စောင့်​ပြီးထွက်​သွား​သော သားဖြစ်​သူ၏လုပ်​ရက်​ကိုကြည့်​ကာ ​"​ဒေါ်မြသက်​" စိတ်​​ရော လူ​ရော​မောရပါ​တော့သည်​။

××××××××××××××××××××

            အခန်း (၂)

"​ဟေ့​ယျောင့်​ မင်းအ​မေအ​ကြော်​သည်​မကြီးကို ဝယ်​ခိုင်းပါလား အခု​ပေါ်​နေတဲ့ ဆိုင်​ကယ်​ကအရမ်းမိုက်​တယ်​ကွ ဂျပန်​ကလာတာ....ငါအခုစီ​နေတဲ့ဘီး​လေ....."

ကိုယ့်​အ​မေကို အ​ကြော်​သည်​မကြီးလို့​ခေါ်တာကိုလည်း "သက်​​မောင်​" တစ်​​ယောက်​နာရ​ကောင်းမှန်းလည်းအသိပါ။ လိုချင်​တာတစ်​ခုတည်းဘဲသိသည်​။

"လိုချင်​တာ​ပေါ့ကွာ ....​ဈေးကြီးမှာ​ပေါ့ကွ...."

"အဲ့အတွက်​ဘာမှမပူနဲ့ အခုငါစီး​နေတဲ့ဘီးကို မင်းကိုအထူး​လျော့​ဈေးနဲ့ပြန်​​ရောင်း​ပေးမယ်​ သူငယ်​ချင်း အချင်းချင်းမို့လို့​နော်​ တပြင့်​လူဆိုငါမ​ရောင်းဘူး.....ဘယ်​လိုလဲ ယူမှာလား......"

"ယူမယ်​ကွာ....."

"အခုလား...​ဟေ့​ယျောင့်​...."

"အခု​တော့ဘယ်​ဟုတ်​မလဲကွာ....ငါ့အ​မေကို ​ပြောရဦးမယ်​​လေ...."

"​အေ​ပြောကွာ....သိပ်​ကြာရင်​ငါမ​ရောင်း​တော့ဘူး...."

"​အေးပါကွာ....သူငယ်​ချင်းကလဲ...."

"သက်​​မောင်​" လိုချင်​တာကိုရဖို့အတွက်​ သွက်​လက်​​သော​ခြေလှမ်းများဖြင့်​ မိခင်​ဖြစ်​သူထံလှမ်းခဲ့ပါ​လေသည်​။

"အ​​မေ​ရေ....​"

"​ဟေ....​ပြောငါ့သား....ဘာလဲ...အ​ကြော်​စားဖို့လား....."

"မဟုတ်​ပါဘူးအ​မေရာ....သားအ​မေ့ကို​ပြောစရာရှိလို့....."

"ဘာ​ပြောမှာလဲ..."

"​ဒေါ်မြသက်​" စကား​ပြောရင်း နှဖူးမှ​ချွေးများကို ပခုံးတွင်​တင်​ထား​သော တဖက်​နွမ်း​လေးဖြင့်​သုတ်​လိုက်​ပါသည်​။

"ဒီလိုဗျ....သားသူငယ်​ချင်းက သူစီး​နေတဲ့ ဂျပန်​က ဆိုင်​ကယ်​ကို ပြန်​​ရောင်းမယ်​တဲ့အ​မေရဲ့..."

"အဲ့ဒါဘာဖြစ်​လဲသားရဲ့....ဘာလဲအ​မေ့ကို ပွဲစားလုပ်​ခိုင်းမလို့လား...အ​မေကစာမတတ်​​တော့....မလုပ်​တတ်​ပါဘူး သားရယ်​...."

"အ​မေရာ...ဘာ​တွေ​ပြောမှန်​လည်းမသိဘူး....အ​မေ​ပြောချင်​ရာဘဲ​ပြော​နေတယ်​....ဒါ​ပြောတာ​တော့နားမ​ထောင်​ဘူး...."

"ဒါဖြင့်​ဘာလဲ...."

"သားအဲ့ဆိုင်​ကယ်​ကိုလိုချင်​တယ်​....
အ​မေရယ်​...."

"ဗု​ဒ္ဓေါ......အ​မေကဘယ်​က ပိုက်​ဆံနဲ့ဝယ်​​ပေးရမှာလည်းငါ့သားရယ်​....."

"​ဒေါ်မြသက်" သားဖြစ်​သူ လိုချင်​​သောဆိုင်​ကယ်​ကို မဝယ်​​ပေးနိုင်​လို့စိတ်​မ​ကောင်းဖြစ်​​နေရပါသည်​။ဒါကို​တော့ "သက်​​မောင်​"တစ်​​ယောက်​ မသိနိုင်​ပါ။

"မရဘူးအ​မေရာ.....သားလိုချင်​တယ်​....မရမရ​အောင်​ဝယ်​​ပေး .......မဝယ်​​ပေးရင်​သားအိမ်​ပြန်​မလာဘူး....."

"ဟဲ့သား....​အော်​ဒီက​လေးနဲ့​တော့...."

"​ဒေါ်မြသက်​" ငိုရ​ပေါင်းများလွန်းပြီဖြစ်​​သော​ကြောင့်​ သူမမျက်​ဝန်းအိမ်​မှ မျက်​ရည်​တို့ကမထွက်​ချင်​​တော့ပါ။ သူမဆုံးဖြတ်​ချက်​တစ်​ခုကို ပိုင်​ပိုင်​ချရ​တော့​ပေမည်​။ ​သူမ "သက်​​မောင်" လိုချင်​​သော ဆိုင်​ကယ်​ကို ဝယ်​​ပေးမှာလား....။ မဝယ်​​ပေးဘူးလား.....မသိနိုင်​​သေးပါ။

×××××××××××××××××××

         အခန်း (၃)

"လုပ်​ပါ ဖြူဖြူရယ်​ငါ့ကို မြို့ပို့​ပေးစမ်းပါ တစ်​ရက်​နှစ်​ရက်​ဘဲ ....."

"နင်​ကဘာလုပ်​မလို့လဲ...."

"ငါ့သားဆိုင်​ကယ်​လိုချင်​ဆိုလို့ ငါမြို့မှာအိမ်​​ဖော်​သွားလုပ်​မလို့ပါဟာ....ဒီအ​ကြောင်း​တွေကို ငါ့သားမသိပါ​စေနဲ့​နော်​......ဖြူဖြူ...အဟွတ်​....အဟွတ်​...."

"​အေးပါဟာ...​အေးပါ...အိမ်​​ဖော်​လုပ်​တာ တစ်​ရက်​နှစ်​ရက်​နဲ့ဘယ်​ရမလဲဟဲ့"

"​ဒေါ်ဖြူဖြူ"နှင့်​ ​"ဒေါ်မြသက်" သည်​ ငယ်​သူငယ်​ချင်း​များဖြစ်​ကြ​သော​ကြောင့်​ တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​ သိ​နေကြပါသည်​။

"သက်​ရယ်​....နင်​ကျန်းမာ​ရေးလည်း​ကောင်းတာမဟုတ်​ဘဲနဲ့....နင့်​သား သူလိုချင်​တာ သူဘာသာ သူရှာပါ​စေ​ပေါ့...."

"ငါ့သွားကိုငါလွမ်းတယ်​....ဖြူဖြူရယ်​.....ငါမ​ဝယ်​​ပေးရင်​ သူအိမ်​ပြန်​လာမှာမဟုတ်​​တော့ဘူး......ဟင်း....ဟင်း..."

"​ဒေါ်မြသက်​" မျက်​ရည်​​လေးဖြင့်​​ပြောပြ​သောအခါ သူငယ်​ချင်းဖြစ်​သူလည်းစိတ်​မ​ကောင်းဖြစ်​မိပါသည်​။

"​ပြောမရလည်း နင့်​သ​ဘောဘဲ....နင့်​သားကိုက လွန်​ပါတယ်​​အေ...အံ့​ရော....​ယောကျာင်္​လေးဖြစ်​ပြီး လက်​​ကြောကိုမတင်းဘူး....."

သားဖြစ်​သူကိုအပြစ်​တင်​​နေ​သော သူငယ်​ချင်းဖြစ်​သူကို ပြန်​​ပြောချင်​​သော်​လည်း...သူ​ပြောတာ​တွေက လွန်​မှမလွန်​ဘဲ.....

"ဘယ်​​နေ့သွားမှာလဲ....."

"ဖြစ်​နိုင်​ရင်​ မနက်​ဖြန်​မနက်​​စော​စောသွားချင်​တယ်​...."

"ဒါဆိုကားလက်​မှတ်​ကို ည​နေ​လောက်​သွားဝယ်​ရမှာ​ပေါ့....."

"နင်​ကြိုက်​သလိုလုပ်​...."

××××××××××××××××××××

        အခန်း (၄) ဇာတ်​သိမ်း

"သနားကြပါရှင်​....သနားကြပါ.....အ​မေထမင်းဖိုး​လေးမရှိလို့ သားနားကြပါကွယ်​..."

"ဟင်....."

"​ဒေါ်ဖြူဖြူ" စိတ်​ထဲ ဒီအသံပိုရှင်​ကိုရင်းနှီး​နေသလိုခံစားလိုက်​ရပါသည်​။ ရန်​ကုန်​မြို့ရဲ့ လူစည်​ကား​သောအရပ်​တွင်​ ​တောင်​​ရမ်း​နေ​သော အသက်​ငါးဆယ်​ခန့်​အရွယ်​အမျိုးသမီးကြီးသည်​ ​ခေါင်း​ပေါ်၌ပါဝါကိုခြုံကာ လက်​ကိုပတ်​တီးများစည်း​ထားပါသည်​။ ပါးပြင်​မှာလည်း သနားခါးအ​ဖွေးသားနှင့်​.....။"​ဒေါ်ဖြူဖြူ​" ​ခြေလှမ်း​တွေကိုရပ်​တန့်​ကာ ​တောင်းရမ်း​သော​ အမျိုးသမီးကြီးကို ခမ်းလှမ်းလှမ်းမှ​နေ၍ ​သေချာအကဲခတ်​လိုက်​ပါသည်​။

"ဟင်​....ဟုတ်​ပါတယ်​...သက်​မှသက်​ဘဲ...သက်​ရယ်​ဖြစ်​မှဖြစ်​ရ​လေ သားမိုက်​အတွက်​နဲ့....."

"​ဒေါ်မြသက်​" သည်​မြို့ကိုသွား​သော တစ်​ပတ်​အတွင်းမှာ ပိန်​ခြုံးကာ ချက်​ချင်းကြည့်​ရုံဖြင့်​ "​ဒေါ်မြသက်​" ဆိုတာချက်​ချင်းမသိနိုင်​ပါ။ ​ဒေါ်ဖြူဖြူ ပိုက်​ဆံအိတ်​ထဲမှ လက်​ကိုင်​ဖုန်းကိုထုတ်​ကာ "​ဒေါ်မြသက်​" ၏ သားအတွက်​​ပေးဆက်​​နေ​သော မိခင်​တစ်​​ယောက်​​ရဲ့​မေတ္တာကို သားမိုက်​ဖြစ်​သူ "သက်​​မောင်​" သိ​အောင်​ မှတ်​တမ်းတင်​လိုက်​ပါ​လေသည်​။

××××××××××××××

"ဟုတ်​လို့လား အန်​တီဖြူရယ်​...."

"ငါ့ကိုမ​မေးနဲ့ မင်းဒီပုံကိုကြည့်​ မင်းအတွက်​နဲ့မင်းအ​မေ မလုပ်​ဖူးတာ​တွေလုပ်​​နေရပြီ....မင်းဟာ​လေ....."

"​ပြောပါ အန်​တီဖြူရယ်​....​မေ​မေ့ကို​တွေ့ခဲ့တဲ့ ​နေရာကိုလိုက်​ပြပါအန်​တီဖြူရယ်​ သား​မေ​မေ့ကို ​တောင်းပန်​ချင်​လို့ပါ.....သား​မေ​မေ့ကိုပြန်​ပြီးလုပ်​ကိုင်​​ကျွေး​မွေးပြုစုပါရ​စေ...သား​နောင်​တရပါပြီ...."

"သက်​​မောင်​" ​နောင်​တ​တွေ တစ်​​ပွေ့တစ်​​ပိုက်​ဖြင့်​ ​"​ဒေါ်ဖြူဖြူ " ​ခေါ်​ဆောင်​ရာသို့လိုက်​သွားပါ​လေသည်​။ သို့​သော်​ထို​နေရာတွင်​ ​ဒေါ်မြသက်​ကိုမ​တွေ့ရ​တော့ပါ။ထို့​ကြောင့်​ "​ဒေါ်ဖြူဖြူ" တစ်​​ယောက်​မုသားသုံး၍ ​စုံစမ်းလိုက်​​သောအခါ.....

"အမ အမတို့ဆိုင်​​ရှေ့မှာ​တောင်းရမ်းတဲ့ မိန်းမတစ်​​ယောက်​ ဒီ​နေ့လာတာမ​တွေ့ပါလား .....ကျွန်​မလှူဒါန်းချင်​လို့ပါ...."

"အဲ့မိန်းမလား.....မ​နေ့ကဘဲ​တောင်း​နေရင်းနဲ့ လမ်း​ပေါ်သေဆုံးသွားလို့ ရဲ​တွေ​ရောက်​လာစစ်​​ဆေးပြီး ​ရေ​ဝေးကို ​ခေါ်​ဆောင်​သွားပြီး​လေ အမရဲ့.....သားနားပါတယ်​......"

ဆိုင်​ရှင်​အမကြီး​ပြောလိုက်​​သော စကား​ကြောင့်​ "သက်​​မောင်​" ရှုံးပွဲချငို​ကြွေး​လေပါ​တော့သည်​။ "သက်​​မောင်​" ရလိုက်​​သော ​နောင်​တတို့သည်​ ပြင်​ဆင်​ခွင့်​မရရှိ​သော ​နောင်​တများဖြစ်​ခဲ့ရပါ​လေ​တော့သည်​။

.........ပြီးပါပြီ........။……………End…………