ဟော .... .. သူမကျောင်းဝန်းထဲကို စ၀င်လာပြီ ။ ခပ်မှန်မှန်လေး လမ်းလျှောက်လာရင်း
(၃)တန်းဆောင်အရှေ့ရောက်တော့ အဲအခန်းထဲကို ၀င်သွားတယ် မ။ သူဘာဝင်လုပ်တာပါလိမ့် ။ ကျတော်သိချင်လာတယ်။
နောက်နေ့ နောက်နေ့ ကျောင်းလာရင်လည်း သူမ (၃)တန်းအခန်းထဲဝင်ဝင်သွားတယ် ။ ကျတော် စိတ်တွေ ဗျာများသွားရတယ်။
ကောင်လေးတစ်ယောက်နဲ့ စာပေးစာယူ လုပ်နေတာလား ။ ဘာလားပေါ့ ။ ညတွေမှာတွေးရင်းအိပ်မပျော်ခဲ့ပါဘူးသူရယ်။
အော် လွမ်းလိုက်တာသူရယ် --- ချမ်းတယ်ဆိုတာတောင် မသိနိုင်တော့ပါဘူး ။
ဒီလိုနဲ့ ဒီဇင်ဘာရဲ့ ညတွေကျော်လွန်လာပြီး ကျောင်းတွေပိတ်တော့ သူ့မရဲ့ပုံရိပ်ကို မြင်တွေ့ခွင့် မရသလောက်ပါဘဲ။
မိန်းကလေးဆန်ဆန်နေတတ်တဲ့သူရယ် ။ ရိုးရိုးလေးနေတတ်တဲ့သူ့အတွက် အပြင်အဖော်အိမ်တွေကို သွားလာခြင်း
မရှိတော့ ကျွန်တော်မှာ သူမကို တွေ့ဖို့ ဖြစ်နိုင်ချေတွေ နည်းခဲ့ပြီလေ ။ ကျောင်းကြီးရယ် မြန်မြန်ဖွင့်ပါတော့ကွယ် ။
ခေါင်းအုံးကို ပါးမှာအပ် မအိပ်တတ်ပါနဲ့ချစ်သူ ။
နေထိုးတဲ့အခါ နေပျောက်လေးတွေ ၊ ရေချိုးတဲ့အခါ ရေပြောက်လေးတွေ မင်းအသားကို ထိနေတာတောင်
အော် .. .......
ကိုယ်လေအူတိုတတ်ပါရဲ့ ။
နွေသြဥတို့ အသံတွေကြားစပြုလာပြီး အရာရာဟာ ပူပြင်းချောက်သွေ့လာနေပါတော့တယ် ။
ကျွန်တော်ရင်လည်း ပူလောင်းလွန်းလို့ မနေတတ်တော့ပါဘူး လေ ။ ဟော ...... သင်္ကြန်နားနီးလာတော့
ပိတောက်ပန်းတွေ ပွင့်လာပြီချစ်သူ ။ သူ့ရဲ့ခေါင်းမှာ ပိတောက်ပန်းလေးတွေ ပန်ဆင်ပေးခွင့် ရှိသူတစ်ယောက်ဖြစ်ချင်မိတယ် ။
(ခွင့်ပြုပါချစ်သူရယ် ခွင့်ပြုလိုက်ပါ ) ဘ၀ မှာ ချစ်သူနှစ်ဦး ရဲ့ အတူကြည်နူးခွင့်လေးတွေရချင်စမ်းပါဘိ ။
ကျောင်းပြန်ဖွင့်လာတော့ ကိုယ်က(၁၀)တန်းရောက်ပြီလေ ။ ဆယ်တန်းဆိုတော့ စာကိုပိုပြီး ကြိုးစားရတော့မယ် ။ အချစ်ရေးကို
ဦးစားပေးနေလို့ စာမေးပွဲအောင်လာမှာမဟုတ်ဘူးဆိုတာကိုသိပါတယ် ။ သူ့ကို လွမ်းတဲ့အလွမ်းတွေကို ကြိတ်မှိတ်မြိုသိပ်ပြီး (၁၀)တန်းဘ၀ကို ဖြတ်သန်းလာခဲ့ရတယ် ။
သူမကျောင်းကိုလာတိုင်း လာတိုင်းတော့ ငေးကြည့်မိတာပေါ့ ။ ကိုယ်မှပိုင်ဆိုင်ခွင့် မရှိသေးတာငေးကြည့်နေယုံပေါ့ :-) :-) :-) (ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ ကွယ် )
ဘယ်နေ့ရယ်လို့မှ ပိုင်ဆိုင်ခွင့်မပေးတဲ့မင်းကို မမေ့ပျောက်နိုင်တာလည်းငါ
မချစ်နိုင်မှန်းသိလို့ ဇွတ်အတင်း ချစ်ပါရယ် လို့ မခိုင်းရက်တာလည်း အချစ်စစ်ရယ်ပါချစ်သူ
မုန်းမေ့လိုက်မယ်လို့ ငါကြံလိုက်တိုင်း အပြစ်ကင်းစင်တဲ့ မင်းရဲ့မျက်နှာမြင်ခဲ့ရသော်
ညပေါင်းများစွာ အိပ်စက်မရနိုင်တာလည်း ငါရယ်ပါချစ်သူ
ရိုးရိုးလေးပြောရရင် နင့်ကိုလွမ်းတယ်
သူနဲ့သာအိပ်မက်တွေ ဆက်မက်နေရမယ်ဆိုရင် ဒီလိုညမျိုး မိုးမလင်းရင်နေပါစေ ။
MSC-146
Myanmar Steemit
Photo - Google
Authority nannhtike
V 100% = 0.122$ v n cm done,@thi/poe.
V 100% = 0.122$ v n cm done,@thi/poe.
thank bro
Good post
Good writing
ကျေးဇူးပါ
Good Writing!
good
good letter
good bro
Good post
thank
နေထိုးတဲ့အခါ နေပြောက်လေးတေ ရေချိုးတဲ့အခါ ရေပေါက်လေးတွေ😁😁😁ဘယ်မာ ဖတ်ဖူးပါလိမ့် မောင်စိန်ဝင်း ကဗျာတွေထဲကလားဖဲ😁😁ကောင်းပါတယ် bro
ဟုတ်တယ် မှတ်မိတော့ဘူး ဘယ်ဆရာမှန်း ;)
ကောင်းတယ် အစ်ကိုရယ်
ကျေးဇူးပါ sir
အချစ်ရသလေးတွေပြောင်မြောက်ပါတယ်အကိုရေ
မနည်းညှစ်ရေးထားရတာ :)
ဖတ်လို့ကောင်းပါတယ်အကိုရေ
ကောသ်းတယ်ဗ်ျု့ နည်းနည်းတိုသလိုခံစားရပါတယ်ခင်ဗျ
ဟီး ကျေးဇူးပါ
Myanmar tagထည့်ပေးပါ
ဟုတ်ကျေးဇူးပါ
so good
thank bro
Good
Good
Good
Amazing post