"ဦးနဲ့ခလိန်း"
ပိုးအိ ရင်တို့အရမ်းပျော်နေတာပါဦးနေကိုမြင်လိုက်ရတော့....
ဦးနေကပိန်သွားသလိုလို မျက်နှာကချောင်သွားသလိုလို
ပိုးအိအရမ်းပျော်လွန်းလို့ဦးနေလို့ခေါ်တာတောင်ပင်အသံကမထွက်ချေ..,...
နေရောင်လည်းထိုနည်းအတိုင်းပင်
သူမလေးကိုကြည့်တော့လည်း အရမ်းပျော်နေပုံပင်
ကလေးမလေးနဲနဲတောင်ချောင်ကျသွားသလိုပင်....
နောက်ဆုံးပိုးအိက
"ဦးနေ ပြန်လာပြီနော် ပိုးအိကိုphထဲမှာပြောတုန်းကကျတော့
နောက်တစ်ပတ်လောက်ကြာဦးမယ်ဆိုပြီး ခုကျတော့..."
"အဲ့ဒါsupriseဖြစ်မှာပေါ့ပိုးအိရဲ့ ပိုးအိကိုပြောပြထားရင်ညည်းကသိနေမှာပေါ့
နောက်ပြီးညည်းကျောင်းမှာဘာတွေလုပ်နေသလဲဆိုတာလည်းသိရအောင်လေ"
နေရောင်ကနောက်သလိုပြောလိုက်ပေမဲ့ပိုးအိမိမိကိုယ်ကိုမလုံသလိုလို...အင်း....ဦးနေကိုငါကိုရန်လေးခင်နေတယ်ဆိုတာပြောပြလိုက်ရမလား
ဟာ...မဖြစ်သေးပါဘူး...
ဦးနေကဟိုတစ်ခါငါစကားမပြောပေမဲ့သူတို့လာပြောတာတောင်ကြိုက်တာမဟုတ်
ခင်သွားပြီဆိုလို့ကတော့....အင်း.....
နေရောင်ကသူပြောတော့တွေတွေလေးစဉ်းစားနေသည့်ပိုးအိကို
"အဲ့ဒီလှေကားမှာပဲရပ်နေတော့မှာလား ဒီမှာကားပေါ်ကပစ္စည်းတွေလာချကူဦးလေ"
ထိုအခါမှပိုးအိအတွေးစတို့ပျက်ပြယ်ကာ
"ဟုတ်ကဲ့ လာပြီဦးနေ"
ပိုးအိအမြန်ပင်ဦးနေရဲ့ကားဆီသွားပြီး ပစ္စည်းတွေကူချမည်အပြု
"ဟယ် ဦးနေပစ္စည်းတွေကများလိုက်တာဘာတွေလဲဟင်"
"သယ်စမ်းပါ ညည်းလေးနောက်ကျရင်သိရမှာပေါ့"
ထိုစဉ်မီးဖိုခန်းထဲမှကြီးမြထွက်လာပြီး
"သား လူလေးပြန်ရောက်တဲ့အချိန်နဲ့ကြီးမြချက်ပြီးတဲ့အချိန်ကွက်တိပဲနော်
သားမှာထားတဲ့ဟင်းတွေချည်းပဲနော်"
ထိုစကားကိုကြားလိုက်ရတော့ပိုးအိနေရောင်ကိုချက်ချင်းပင်ကြည့်ကာ
"ဦးနေ ပိုးအိကျတော့မပြောဘူး ကြီးမြတို့အန်တီမခိုင်တို့ကျတော့ပြောတယ်"
အန်တီမခိုင်လည်းမနက်ကတည်းကအိမ်လာသွားပြီး
"ဒီနေ့ ပိုးအိလေးပျော်ရမယ့်နေ့တဲ့"အဲ့ဒီလိုလာပြောသွားတာပါ
ခုဦးနေရောက်တော့လည်းကြီးမြကတစ်ခါ.....
ပိုးအိတွေးရင်းတွေးရင်းဝမ်းလည်းနဲ စိတ်တွေဆိုးကာ လက်ထဲမှအထုတ်တွေပစ်ချပြီး အိမ်ထဲသို့ဝင်မည်အပြု
"ပိုးအိ ဒါဘယ်လဲ..ပစ္စည်းတွေချလို့မပြီးသေးဘူးလေ"
"မ ချ ပေး နိုင် ဘူး"ဆိုကာအိမ်ထဲသို့ဝင်သွားလေသည်
ဒီတစ်ချိန်မှာတော့နေရောင်လည်းဘာမှမတတ်နိုင်တော့ပေ
မိမိကမှားသည်ပဲလေ သွားဆူလို့လည်းမရ ရိုက်လည်းမရိုက်ရက်...
ရှိပါစေလေ မိမိပြီးရင်ချော့လိုက်မယ်လေဆိုကာ ပစ္စည်းတွေဆက်ချနေလိုက်သည်
ပိုးအိစာကျက်တော့လည်း စာဖတ်ခန်းထဲသွားကျက်မနေတော့
မိမိအခန်းထဲမှာပဲ အခန်းတံခါးလေးlockချကာစာထိုင်ကျက်နေလိုက်သည်
ထမင်းမစားရပေမဲ့ အခန်းထဲ ရေခဲသေတ္တာလေးတစ်လုံးရှိနေတာကြောင့်
ဗိုက်ဆာလျှင်လည်းအသင့်ပင် ခက်တာကနေ့လည်ကကိစ္စကိုတွေးပြီး
ဝမ်းနဲမိတာတော့အမှန်ပင် သူမကိုခုထိ ဒီအိမ်ရဲ့မိသားစုဝင်တစ်ယောက်အနေနဲ့မသတ်မှတ်နိုင်သေးပါလား.....
နေရောင်ထမင်းစားတော့လည်းကြီးမြနဲ့နှစ်ယောက်ထဲသာ
ဟင်းတွေက မိမိနဲ့ပိုးအိအကြိုက်ဖြစ်ပေမဲ့ စားလို့လည်းမကောင်းတော့တာကြောင့်လက်ဆေးမည်အပြု
"လူလေး နေရောင်စားမကောင်းလို့လား"
"အယ်...ကောင်းပါတယ်ကြီးမြ "
"ဘာလဲ ပိုးအိလေးမရှိလို့စားမဝင်တာလား ဒီတူဝရီးနှစ်ယောက်ကတော့လေ မတွေ့တော့လည်း မေးကြ"
"ဟော ခုတွေ့ကျပြန်တော့လည်းမတည့် မြန်မြန်ပြန်ချော့လိုက်ဦး
ကလေးမလေးကို နေနိုင်တာလည်းမဟုတ်ပဲ"
"ဟုတ်ကဲ့ပါကြီးမြ ကျွန်တော်ကိုကမှားတာပါ ချော့လိုက်ပါ့မယ်"
"အေးကွယ် ကလေးမလေးကခုဆိုထမင်းတောင်မစားရသေးဘူး"
နေရောင်အမြန်ပင်ကားမောင်းထွက်သွားကာဆိုင်တစ်ဆိုင်သို့...
သူမလေးက လွယ်လွယ်နှင့်ချော့လို့တော့မရ
ပိုးအိစာကျက်လို့မရတာကြောင့် သင်္ချာထိုင်တွက်နေလိုက်သည်
Aww ဘာလိုလိုနဲ့ငါတောင်ရှစ်တန်းပြီးတော့မှာပါလား
ပိုးအိတွေးရင်းပထမနှစ်ဝက်ပထရချိန်တုန်းကဦးနေပြောသော
"ပိုးအိ ဒုတိယနှစ်ဝက်ကျရင်လည်း ဒီတိုင်းလေးပဲဖြစ်ပါစေနော်"ဆိုတဲ့
စကားလေးကိုပြန်ကြားယောင်ကာ
"ဟွန့် လူကိုကျစာကြိုးစားခိုင်းပြီး သူကျတော့ဖြင့် လူကိုမိသားစုဝင်လိုသဘောမထားဘူး ဘာဘူး ညာဘူး"ပြောနေချိန်
"ဒေါက် ဒေါက် ဒေါက်"တံခါးလာခေါက်တာကြောင့်ပိုးအိဇတ်လေးပုကာငြိမ်နေလိုက်သည်
"ပိုးအိ ဦးနေပါ ထမင်းမစားရသေးဘူးမလား
ဦးနေ ပိုးအိကြိုက်တဲ့ကြေးအိုးနဲ့ရေခဲမုန့်လေးတွေဝယ်ခဲ့တယ်"
ရေခဲမုန့်နဲ့ကြေးအိုးဆိုတာကြောင့် ပိုအိတံတွေးလေးမြိုချကာ
"မစားဘူး ဘာမှမစားဘူး စာကျက်နေတယ်နော် လာမရှုပ်ကြနဲ့"
နေရောင်ထင်သလိုဖြစ်မလာတာကြောင့်
အံမယ် သူကစာကျယ်နေတယ်လေး ဘာလေးနဲ့
"အဲ့ဒါဆိုမစားဘူးပေါ့ဟလား ပိုးအိ"
"ဟုတ်တယ်မစားဘူး "
စားချင်တာပေါ့လို့ ဘယ်လိုကြီးမေးနေပါလိမ့်
"ကောင်းပြီလေ နောက်မှနောင်တမရနဲ့နော်"
"ကြီးမြရေ.... ကြီးမြ"
"ဟေ....လာပြီလူလေး "
"ဒါတွေကိုလေ...ကျွန်တော့်ကားဝင်လာတုန်းက အိမ်ရှေ့မှာရှိနေတဲ့ခွေးလေးကိုကျွေးလိုက်ပါနော်သနားပါတယ်မျှော်နေရှာတာ ဗိုက်ဆာနေမှာပေါ့"ဟုပိုးအိအခန်းနားပါးစပ်လေးကပ်ကာ ခပ်ကျယ်ကျယ်လေးပြောလိုက်လေသည်
ဟင်ခွေးကျွေးမည်တဲ့ သူမ ကြိုက်တဲ့ဟာလေးတွေကို မူချင်အုံးပိုအိဖြူရေဆိုကာ ကိုယ့်ကိုယ်ကိုနောင်တရနေချိန်
နေရောင်ကသူအဲ့လိုပြောတာတောင် ပိုးအိကထွက်မလာတာကြောင့်
တော်တော်ခေါင်းမာနေပါလား အမိက
"ကြီးမြ အား....ကျွန်.....ကျွန်တော့်ခြေထောက် အား...ကြွက်တက်နေပြီ
မ....မရတော့ဘူး"လို့အော်လိုက်တော့
ဟင် ဦးနေကြွက်တက်နေပြီတဲ့ ကြွက်တက်ရင်နှိပ်ပေးရမယ်တဲ့ ကြီးမြကလူကြီးဆိုတော့ ဦးနေငရဲ
ပိုးအိချက်ချင်းပင်ကုတင်ပေါ်မှပြေးဆင်းကာ
အခန်းတံခါးဖွင့်လိုက်တော့ ဦးနေကပြုံးပြုံးကြီးရပ်လျက်...
ဘေးမှာဘယ်ကြီးမြမှလဲမရှိ ကြေးအိုးနဲ့ရေခဲမုန့်ဗူးကလည်းဦးနေလက်ထဲ၌သာ
ထိုအခါမှပိုးအိ အညာခံလိုက်ရမှန်းသိလိုက်ရလေသည်
ပိုးအိချက်ချင်းအခန်းထဲပြန်ဝင်မည်ပြုတော့ နေရောင်ကပိုးအိလက်ကိုလှမ်းကိုင်ပြီး
"ဒါဘယ်လဲ ဦးနေကိုစိတ်ပူလို့ထွက်လာတာမဟုတ်လား"
နေရောင်ပြုံးစိစိနှင့်မေးတော့
"ဘာမှမဟုတ်ဘူး ကြေးအိုးနဲ့ရေခဲမုန့်ကိုခွေးကျွေးမှာစိုးလို့"
နေရောင်သဘောကျ၍တစ်ဟားဟားနှင့်ရယ်ပါတော့သည်
နေရောင်ပျော်ပါသည် ဘာပြဲဖစ်ဖြစ်လေ သူမလေးစိတ်ကိုသိလိုက်ရပြီလေ
"ကဲလာပါ လာစားတော့ဂျစ်တူးမလေး"ဆိုကာပိုးအိလက်ကိုဆွဲပြီးထမင်းစားခန်းထဲခေါ်ခဲ့လေသည်
ပိုးအိကိုထိုင်ခိုင်းပြီး နေရောင်ပင်အကုန်လုပ်ပေးလေသည်
စိတ်သာဆိုးရပေမဲ့တကယ့်တကယ်တော့ပိုးအိဦးနေကိုကြောက်ပါသည်
သိပ်ပြီးလည်းမဆိုးရဲ
"ရပြီ ငဂျစ်မလေး စားတော့ "
"ဟုတ် "
ဟော ခုကျတော့လည်းသိပ်တောင်မချော့လိုက်ရ သူ့ဘာသာသူ ပြန်ပြေသွားသည်သာ
"ပိုးအိ စားကောင်းလား ကြိုက်လား"
"ဟုတ် အရမ်းကြိုက်တယ် "
ဖြေတော့လည်းပလုတ်ပလောင်းနှင့်.....
"စား စား စားပြီးရင် ဦးနေပြစရာလည်းရှိတယ် ပေးစရာတွေလည်းရှိတယ်"
"ဟုတ်ကဲ့ ဦးနေ ဦးနေကိုပိုးအိတစ်ခုတောင်းဆိုစရာရှိတယ်"
ပြောပုံကိုက ကလေးလေးနှယ်.....
"အံမယ်ထူးထူးဆန်းဆန်း ဆိုစမ်းပါဦးအမိ"
နေရောင်ပြောတော့ပိုးအိကအားတက်သရောနှင့်
"ပိုးအိလေ....ပိုးအိ..............."
Congratulations @ney! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!