ကျွန်​မရဲ့ကြင်​နာသူ-

in #life6 years ago

ကျွန်​မရဲ့ကြင်​နာသူ-
🌟🌟🌟
"အခန်းထဲပြန်​ဝင်​မှာလား ကျွန်​မလိုက်​ပို့​ပေးမယ်​"
"ရပါတယ်​ "
ရှိန်းကသူ့ကိုတွဲထူထား​သောသူမလက်​ကိုဆွဲဖြုတ်​လိုက်​သည်​ သူမလည်းအခန်းပြင်​မှပင်​ရှိန်းဝင်​သွားတာကိုကြည့်​လိုက်​သည်​ ရှိန်းတံခါးပိတ်​လိုက်​​တော့သူမလည်းပြန်​ဖို့​ခြေလှမ်းလိုက်​သည်
"​နေဦး "
အခန်းတံခါးပြန်​ဖွင့်​လာပြီးရှိန်းက​ပြောလိုက်​သည်
"ဘာ ကိစ္စရှိလို့လဲ ဘာ ​ပြောမလို့လဲ"
"ည​နေ​လေးနာရီက ယာဉ်​တိုက်​မှုဖြစ်​ပြီးဆုံးသွားတဲ့လူ​လေးငါး​ယောက်​ကိုခဏ​နေ အ​အေးတိုက်​မှာ​ရွေ့​ပြောင်းဖို့ဒီကိုဖြတ်​ပြီးတွန်းလာကြလိမ့်​မယ်​မင်း ဟို ညနက်​ပြီးဆို​တော့ ​ကြောက်​တတ်​ရင်​ ဘုရားစာ​လေးရွတ်​ပြီးပြန်​လို့​ပြောမလို့ပါ ခုလိုအသိ​ပေးထားရင်​လည်း မင်းမြင်​ရင်​မလန့်​​အောင်​လို့"
ရှိန်းက​ပြောပြီးတံခါးပြန်​ပိတ်​လိုက်​သည်​ ဂျူလီယာ့မှာ​ခြေတစ်​လှမ်း​တောင်​​ရွေ့မရ​တော့ ​ကျောက်​ချထားသလိုရပ်​​နေ​သော​နေရာမှာပင်​မြဲမြံ​နေသည်​ တီး တီး နာရီအချက်​​ပေးသံ​ကြောင့်​ဆက်​ခနဲလန့်​သွားသည်​ ရှစ်​နာရီထိုးပြီး
"​ဒေါက်​ ​ဒေါက်​"
ဘယ်​အရာကခိုင်း​စေလိုက်​သည်​မသိအခန်းတံခါးကို​ခေါက်​လိုက်​မိသည်​ ရှိန်းကတံခါးဖွင့်​လိုက်​ပြီးသူမကိုကြည့်​ကာ
"မပြန်​​သေးဘူးလား မြန်​မြန်​သွား ခဏ​နေသူတို့လာကြ​တော့မယ်​"
ရှိန်းစကားဆုံးသည်​နှင့်​သူမရှိန်းအခန်းထဲဝင်​ပြီးသားဖြစ်​သွားသည်​ တံခါးကိုလည်းအမြန်​ပြန်​ပိတ်​လိုက်​ပြီး​လော့ချထားလိုက်​သည်
"​ကြောက်​လို့လား"
ရှိန်းက​မေးရင်းသူ့ကုတင်​​ပေါ်ပြန်​ထိုင်​ချလိုက်​သည်​ ဂျူလီယာလည်း​ကြောက်​တယ်​လို့​တော့မ​ဖြေချင်​ ဒါ​ကြောင့်​အခန်းထဲ​ဝေ့ဝဲကြည့်​လိုက်​ပြီးဘယ်​သူမှမရှိတာနဲ့
"ကျွန်​မလား အဟင်း မ​ကြောက်​ပါဘူး ကျွန်​မက​ကြောက်​တတ်​တဲ့လူမှမဟုတ်​တာ ရှင်​ကတစ်​​ယောက်​ထဲလူနာ​စောင့်​လဲမရှိတာနဲ့ အဲ့ဒါရှင်​များအားငယ်​ပြီး​ကြောက်​​နေမလားလို့လာကူ​နေ​ပေးတာ​လေ ဘာလဲ ရှင်​ကကျွန်​မကို​ကျေးဇူးမတင်​ဘူး​ပေါ့ဟုတ်​လား"
"အပို​တွေအရမ်းမ​ပြောနဲ့ ​ခေါင်းကိုက်​တယ်​"
ပြော​ရင်းသူကလှဲချလိုက်​သည်​ ဟ ဒါမျိုး​တော့မိဂျမ်းကိုလာမလုပ်​နဲ့
"ဒီမှာ ရှင်​က​ကျေးဇူးမတင်​တဲ့အပြင်​ဒီလိုမျိုး အတိတ်​​မေ့သလို​ရွှေ​ပျောက်​သလိုလာလုပ်​​နေတယ်​​ပေါ့​လေ ထ ထ ကျွန်​မနဲ့စကားထ​ပြော ထ"
ပြောရင်းသူ့ကိုဆွဲခါလိုက်​​သေးသည်​ ဟင်း မလှုပ်​ပါလား ​သေများသွားပြီလား မဖြစ်​ဘူး​နော်
"ကိုရှိန်း ထ ကိုရှိန်းထထထ"
ဟာ တကယ်​ဘဲ​သေသွားတာလား ဒုက္ခဘဲ ငါအမှုပတ်​မှာ​ပေါ့သူ​သေရင်
"ကျွန်​​တော်​​ခေါင်းကိုက်​​နေတယ်​ ​အေး​အေး​ဆေး​ဆေးလှဲ​နေပါရ​စေ"
"ဟင်း ရှင်​မ​သေဘူး ​တော်​​သေးတာ​ပေါ့"
သူကဘာမှပြန်​မ​ပြောဘဲ သူမလက်​ကိုဆုတ်​ကိုင်​ထားလိုက်​​သည်
"ကိုရှိန်း ဘာလို့ ကျွန်​မလက်​ကိုကိုင်​ထားတာလဲ"
"မင်းကြားဖူးလား လူ​တွေ​သေရင်​​သွေးပူ​တွေအားလုံးဗိုက်​ထဲမှာပြန်​စု​နေပြီး​သွေးမရှိ​တော့တဲ့လက်​ဖျား​တွေ​ခြေဖျား​တွေ​အေးစက်​သွားတယ်​တဲ့ မင်းကလူနာလာ​စောင့်​တာဆို​တော့မင်းလူနာ​သေမ​သေလက်​ကိုကိုင်​ကြည့်​ပြီးသိနိုင်​တာဘဲ ဆုပ်​ထား ဘယ်​​တော့မှမလွှတ်​နဲ့"
သူက​ပြောပြီးမျက်​လုံးပြန်​မှိတ်​ကာငြိမ်​သွားပြန်​သည်​ သို့​သော်​သူ့လက်​က​တော့​နွေး​ထွေးမြဲ ​နွေး​ထွေးဆဲ ဘာရယ်​​တော့မသိသူမရဲ့မ​သေဆုံး​သောနှလုံးသားလည်း​အေးစက်​​သော​ဆေးရုံကလူနာခန်းမှာ​နွေး​ထွေးလာသည်​ သူမကိုသူကမကြည့်​​သော်​ငြာလည်းရှက်​ပြုံး​လေးတစ်​ခုသူမမြင်​​အောင်​ပြုံးပြမိသည်​....