စိန်ပန်းတွေရဲရဲနီအောင် လှိုင်လှိုင်ဖြဖြပွင့်နေသည့် တက္ကသိုလ်ကျောင်းများဖွင့်သည့်ရာသီရောက်တိုင်း အင်ဂျင်နီယာတစ်ယောက်အဖြစ် ကြိုးစားရပ်တည်ခွင့်ရအောင် တက်ရောက်သင်ကြားခဲ့သည့် နည်းပညာတက္ကသိုလ်အား လွမ်းဆွတ်အမှတ်ရမိပါသည်။မိမိဝါသနာပါရာဘာသာရပ်များကို ကျွမ်းကျင်သောဆရာ ဆရာမများ၏ပို့ချသင်ကြားမှုများဖြင့် ချစ်ခင်ရင်းနှီးရသောသူငယ်ချင်းအပေါင်းအသင်းများနှင့် အတူတကွသင်ယူခွင့်ရခဲ့သည်မှာလည်း တန်ဖိုးမဖြတ်နိုင်သော ကျွန်မဘဝ၏သင်ခန်းစာများဖြစ်ပေသည်။ဆိုလိုသည်မှာ ကျွန်မတို့လိုအလုပ်သင်အင်ဂျင်နီယာအငယ်လေးများမှစ၍ယခုခေတ်လုပ်ငန်းခွင်အသီးသီးတွင်အောင်မြင်နေကြသည့်အင်ဂျင်နီယာစီနီယာ အကိုအမများအထိ ကျောင်းမှာသင်ယူခဲ့သောသင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင်အတွက်များစွာအသုံးဝင်ကြောင်း သိခဲ့ရသောကြောင့်ဖြစ်သည်။အပြင်လောကတွင် အလွယ်တကူဝယ်ယူဖတ်မှတ်၍ရသော အင်ဂျင်နီယာဆိုင်ရာစာအုပ် စာစောင်များသည်လည်း များသောအားဖြင့် ကျောင်းသင်ခန်းစာများကို ကိုးကားရေးသားထားခြင်းဖြစ်ပေသည်။
ယနေ့ခေတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အဆောက်အဦးတစ်လုံးအတွက် ဦးစွာပထမပြုလုပ်ရမည့် foundationအပိုင်းအား စတုတ္ထနှစ်Soilဘာသာရပ်နှင့်နောက်ဆုံးနှစ်foundationဘာသာရပ်အား နှံ့စပ်ပိုင်နိုင်အောင်သင်ကြားခဲ့ခြင်းဖြင့် လက်တွေ့လုပ်ငန်းအားကျွမ်းကျင်မြန်ဆန်စွာဆောင်ရွက်နိုင်ပေမည်။ဒါ့အပြင် တံတားလုပ်ငန်းများနှင့်အဆောက်အဦးလုပ်ငန်းများ၏ကိုယ်ထည်ပိုင်းsub-structureနှင့်super-structureများ၏ခိုင်ခံ့မှု safeဖြစ်မှုများတွက်ချက်ရာတွင်လည်း ကျွန်မတို့ပထမနှစ်မှနောက်ဆုံးနှစ်အထိသင်ကြားခဲ့ရသောmechanics,structure,RC,steel,selected,building services အစရှိသည့်ဘာသာရပ်များ၏အသုံးဝင်ပုံများကိုတွေ့ရပါသည်။ဒါ့အပြင်နေ့စဉ်လူသားများသွားလာလှုပ်ရှားနေကြရသောလမ်းများဖြစ်သည့်မြို့တွင်းမြို့ပြင် rigid,flexible လမ်းများနှင့်မီးရထားလမ်း,လေယာဉ်ကွင်းများဖောက်လုပ်သည့်ပညာရပ်များအကြောင်းကိုလည်းဒုတိယနှစ်မှစတုတ္ထနှစ်အထိသင်ကြားခဲ့ရသော Transporting Engineering for highway,railway and airport ဘာသာရပ်များတွင် အကျယ်တဝင့်လေ့လာမှတ်သားနိုင်ပါသည်။ကျွန်မတို့လူသားများအတွက်အဓိကကျသော ကျေးလက်နှင့်မြို့ပြပြည်သူများအားလုံးအသက်ရှင်နေထိုင်ရေးအတွက်မရှိမဖြစ်လိုအပ်သောရေ အရင်းအမြစ်ရရှိမှုနှင့်စိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်များ,မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များရေလှောင်ကန်များ ဆည်မြောင်းတာတမံများနှင့်အဝီစိတွင်းများအပါအဝင်အိမ်တွင်းအိမ်ပြင်ရေသွယ်တန်းမှုစနစ်များအားhydraulics,hydrology&environmental engineering ဟူသည့်ဘာသာရပ်များအားကျွမ်းကျင်သေချာအောင်လေ့လာသင်ကြားခဲ့ခြင်းဖြင့်အထွေထွေသောဗဟုသုတများပညာရပ်များဖြင့်ဖွဲ့စည်းထားသောမြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ်ရပ်တည်နိုင်ပေမည်။အခြားသောမြို့ပြဘာသာရပ်များ၏အသုံးဝင်ပုံများကိုလည်းလက်တွေ့လုပ်ငန်းများလုပ်ဆောင်ရင်းဖြင့် တွေ့ရပေဦးမည်။
ထို့ကြောင့်မြန်မာနည်းပညာကျောင်းသား/သူများအား အကြံပြုလိုသည်မှာ မိမိချစ်ခင်ရသောသူငယ်ချင်းအပေါင်းသင်းများဖြင့်ပျော်ရွှင်စွာကျောင်းသားဘဝကိုဖြတ်သန်းရင်း ဆရာဆရာမများပို့ချသော မြို့ပြဘာသာရပ်အပါအဝင်အခြားသောတန်ဖိုးရှိလှသည့်အင်ဂျင်နီယာဘာသာရပ်များအားဂရုတစိုက်သင်ကြားခဲ့စေလိုပါသည်။ကျွန်မကိုယ်တိုင်ကျောင်း၌တန်ဖိုးထားသင်ယူခဲ့သော မြို့ပြအင်ဂျင်နီယာဘာသာရပ်တစ်ခုခြင်းစီ၏ဗဟုသုတရစရာအကြောင်းအရာတစ်ခုခြင်းစီကိုလည်း steemit မှသူငယ်ချင်းမိတ်ဆွေများအားအလျဉ်းသင့်သလို တတ်သိသလောက်ရေးသားဝေငှသွားပါဦးမည်။Steemitမှမိတ်ဆွေများမိမိဝါသနာပါရာ ပညာရပ် လုပ်ငန်းများအားချောမောအောင်မြင်စွာလေ့လာလုပ်ဆောင်နိုင်ပါစေဟုဆန္ဒပြုလိုက်ပါသည်။
Thanks Steemit
မူရင်းရေးသာသူ @sandipoe
Own writer ; @sandipoe
good
nice
good post
good post
thanks
good post sis
nice post
Nice post. ညီမ profile ကို ဆောင်းပါးရဲ့ အပေါ်ဆုံးမှာတင်ရမှာ။
thanks bro
နောက်ပိုစ့် တွေမှာ tag list မှာ myanmar ကို ရှေ့ ဆုံးမှာ ထားပေးပါဗျ။
Carry on sis. Nice write.
thanks
good artical
thanks
what a nice post... we got engineer here... welcome
thanks sir
Congratulations @sandipoe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ကောင်းသောအကြံပြုချက်ပါ tag တွဲတဲ့နေရာမှာ myanmar ကိုရှေ့ဆုံးကထည့်ပေးစေချင်ပါသည်ခင်ဗျာ
thanks bro
welcome ပါ ဗျ
thanks U
Welcome ပါ ညီမ
good post တစ်ခုပါ
အင်ဂျင်နီယာတစ်ယောက်တိုးလာပြီ
THANKS BRO
အရန်းကောင်းပါတယ် အင်ဂျင်နီးယား စာရေးဆာမခင်ညာ တားတားက အင်ဂျင်းနီယာအကြောင်းဘားတိသေးဘူး ဆြာမစာတွေဖတ်ရင်းသင်ယူပါအုံးမယ်ဗျာ
နောက်ထက် post တွေကိုစောင့်မျှော်နေပါတယ်ဗျာ
nice post