လူ...လရေး နှစ်ချောင်မြင်လူ..
လူဆိုတဲ့သဘောဟာ ပါဠိလို မနုသတ လို ခေါ်ဆိုတယ်လို့ ကျမ်းဂန်ထဲမှာ ဖတ်ဖူးမှတ်ဖူးခဲ့ပါတယ်..လူပီသအောင် ဘယ်လိုနေထိုင်ရမလဲ ဘယ်လိုပြုမူရမလဲ ဘယ်လို ပြောဆိုဆက်ဆံရမလဲ....
လူတယောက်မွေးဖွားလာခြင်းအစ သူ့အကျင့် စရိုက်တွေဟာ သူမွေးဖွားကြီးပြင်းရာ မိသားစု အသိုင်းအဝိုင်း ပတ်ဝန်ကျင်နဲ့လဲ သက်ဆိုင်ပါတယ်....
လူတယောက်မှာ ကိုယ်အမူအရာ နုတ်အမူအရာ ပြောဆိုဆက်ဆံပေါင်းသင်းရတာဟာ လူအမျိုးမျိုးအထွေထွေ ကာလံဒေသအလိုက် ကွဲပြားခြားနားကြတယ်...
တချို့ကြပြောကြတယ် ဝစီမကောင်းတာ မာတာမိခင်ကြောင့်ဆိုသလို ကိုယ်အမူအရာ ရိုင်းစိုင်းတာဟာလဲ ဖခင်ကြောင့်လို့ ဆိုပါတယ်။အနဲနဲ့အများ လက်ခံလို့ရသလို့ တခြားဖက်က ကြည့်ရင်လဲ မိမိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကြောင့်ဆိုလဲ မမှားပါဘူး....
သင်ဆရာ မြင်ဆရာ ကြားဆရာ ဆိုပြီး ဘယ်လို အပြုအမူနဲ့မျိုးဘဲကိုယ်ဘက်ကဖြစ်ဖြစ် တတ်မြောက်ခဲ့ရင် ဆရာဟာ ဆရာပါဘဲ...ကျနော့်ဘဝမှာ ကျနော့်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများကို ကိုယ်နုတ်အမူအရာမဆိုထားနဲ့ စိတ်နဲ့တောင် မစော်ကားခဲ့ပါဘူး အခုခေတ် ၂၀ရာစု နောက်ပိုင်း ကလေးတွေ ရိုင်းလာကြတာ မြင်တွေ့ရမှာပါ...အကြီးကို အကြီးမှန်း မသိ ဆရာကိုလဲ လေးစားရကောင်းမှန်းမသိ မိဘကိုဘဲ ရိုသေရကောင်းမှန်မသိတဲ့ ခေတ်ဖြစ်လာတယ်
သုံးလောကထွတ်ထား ကျနော်တို့ မြတ်စွာဘုရားရှင် ဟောကြားခဲ့သလို ငါဘုရားသာသနာ နှစ်၅ထောင်ဘဲ တည်လိမ့်မယ်လို့ မိန့်တော်မူခဲ့သလို့ လူတွေ့ထားရှိရမယ် အကျင့်အရိယတွေဟာလဲ တဖြည်းဖြည်း မေးမိန်ခဲ့ပြီ....
ဆရာသမားကို ပုန်ကန်လာတယ် မိဘစကားနားမထောင်ဘဲ ထိုင်ရာစိုင်းတတ်လာကြတယ်။အဆိုးဆုံးက ကိုယ့်ဆီပညာလာယူတဲ့ ကလေးတွေ သိသွားတတ်မြောက်သွားရင် အာခံချင်လာတယ်...မိမိမှာ ပညာလိုချင်ရင် ဆရာသမားတွေကို မိဘလို ရိုသေကိုင်းရှိုင်းတတ်ရင် အဲ့ဒီလူဟာ ဘယ်တော့မှ အောက်မဆင်းတော့ပါဘူး...အမြဲတန်း အမြင့်ရောက်နေလိမ့်မယ်...
ဆုတ်လျော့လာတဲ့ ခေတ်ကြီးထဲမှာ တယောက်နဲ့ တယောက် ပညာပြိုင်ကြတယ် မနာလို မစ္ဆာရိယ အမုန်းတရားတွေ ထားလာကြတယ်...အဆိုးဆုံးက ကိုယ့်ထက်သာရင် မနာလိုတာ.....
ဖြစ်နိုင်ရင် အကုန်လုံး မိမိစိတ်မှာ ဖြစ်တည်လာတဲ့ ဣသာမစ္ဆရိယတွေ မထားစေချင်ဘူး....အတင်းတွေ အဖျင်းတွေ သွေးထိုးတာတွေ မရှိစေချင်ဘူး....
မိမိမှာ တကယ်အရည်အချင်းရှိရင် ကြိုးစားပြီး လုပ်ပြပါ...သူတပါး အောင်မြင်တာကို မနာလို ဝန်တိုစိတ်တွေ ရှိနေကြတာဟာ ကျနော်တို့ မြန်မာလူမျိုးတိုင်းလိုလို တွေ့မြင်နေကြရမှာပါ....အဲ့ဒီစိတ်ကို ဖယ်ထုပ်လိုက်ကြပါ....
ပြီးတော့ သံသယာဆိုတာ လည်ပတ်နေတာ အဆုံးမရှိဘူး သတ္တဝါဝေနေယျ တွေဟာ မိမိပြုမူတဲ့ ကံတရားအလိုက် ၃၁ဘုံ မှာ ကျင်လည်နေကြရတာပါ...ကုသိုလ် အကုသိုလ် အကောင်း အဆိုး အမှားအမှန် ကိုခွဲခြားတတ်တဲ့ မနုသတ လူဖြစ်လာတာကိုက မိမိမှာ ကောင်းတဲ့ကံ ပါလာခဲ့ပြီးသားပါ အသုံးချတတ်ဖို့ဘဲ လိုတာပါ...ဆင်းရဲတာ ချမ်းသာတာဟာ မိမိရဲ့ စိတ်နဲ့ ကြိုးစားအားထုပ်မှုပေါ်မူတည်ပါတယ်။ပြီးတော့ လူဖြစ်လာတဲ့ အခါသမရမှာလဲ ဗုဒ္ဓ သာသနာတော်နဲ့ တွေ့ကြုံရတာဟာလဲ အလွန်အမင်း ကံကောင်းတာပါ...မိမိမှာပြုကျင့်ရမယ် သီလ ဒါန ဘာဝနာ
သဘာဝတရားရဲ့ လောက အမှန် တရား
နိဗ္ဗာန် ရောက်ကြောင်းတရားတွေ ကို ယခုလက်ရှိဘဝမှာ တွေ့နေကြုံတွေ့နေပါလျက် ဣသာမိစ္ဆာရိယ အမုန်းတရားတွေ ထားနေမယ်ဆိုရင်..... လူဖြစ်ရတာ လူပီသအုံးပမလား...
ဖြစ်လာခဲ့တဲ့ လူ့ဘဝမှာ မလိုအမုန်းတရားတွေ ဖယ်ရှားရင် လူပီသအောင် ကြိုးစားနေထိုင်ကြပါလို့ ဆန္ဒ ပြုရင်း......
ဆန်းမင်းထွန်း
လူပီသဖို့ ကြိုးစားပါအုံးမည်
ဟု
Very nice bro
good
လူပီသအောင်ကြိုးစားနေပါတယ်
I'm trying my best.
ဖြူစင်တဲ့စိတ်ထားလေး ထားနိုင်အောင်ကြိုးစားပါ့မယ်
ဂွတ်ယ်😁😁😁
လူသားအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့
Hi bro, I have been requested in fb please accept me.
So good , BRO ..
Good post teacher
I will try clever
nice.