အဖြူရောင်မေတ္တာ
မြူခိုးတွေမှိုင်းဝေနေတဲ့ တောင်စောင်းတစ်နေရာတွင်
'ဖြူ'ရပ်နေမိသည်။အရှေ့မှာတရွေ့ရွေ့သွားနေတာဘာပါလိ
မ့်။သိချင်စိတ်နဲ့အတူ 'ဖြူ'ရှေ့ကိုတိုးသွားမိသည်။
သေချာစူးစိုက်ကြည့်တော့ 'ကို' 'ဖြူ'သိပ်ချစ်ရပါသော
တစ်ဦးတည်းသောဖြူ့ရဲ့ချစ်သူ။'ဖြူ'အပြေးလေးသွားပြီး
'ကို....'လှမ်းခေါ်လိုက်သည်။ 'ဖြူ'ခေါ်လိုက်တဲ့အသံကို
'ကို'ကမကြားသလိုပင် ရှေ့သို့ဆက်သွားနေဆဲပင်။
'ကို.....' အသံကိုပိုကျယ်ပြီးခေါ်လိုက်တော့ 'ဖြူ'ကိုလှည့်
ကြည့်ပြီး ဆက်သွားပြန်သည်။
'ကို......အရှေ့မှာချောက်ရှိနေတယ် ရှေ့ဆက်မသွားပါနဲ့
ရပ်.....'ဖြူစကားဆုံးအောင်ပင်မပြောလိုက်ရ။
ကျယ်လောင်လှသောမိုးခြိမ်းသံကမြည်ဟီးလျက်
'ဖြူ'မြင်ကွင်းရှေ့အရာအားလုံးကဝေဝါးကာ.....။
'ကို...' နှုတ်ခမ်းကယောင်ယမ်းကာအော်ခေါ်မိရင်း
အိပ်နေရာမှ'ဖြူ'အငုတ်တုပ်ထိုင်မိလျက်သား။ထိုအခါမှ
'သြော် ငါအိပ်မက်မက်နေတာပဲ'တွေးရင်း
သက်ပြင်းချလိုက်သည်။ပြတင်းပေါက်အပြင်ကိုလှမ်း
ကြည့်မိတော့ မိုးကအငြိုးကြီးစွာရွာလျက်။ထိုစဉ်
'' ရေမြေတွေ ခြားနေပေမယ့် ခေါ်သံလေးနားထဲကြား
သလိုပဲ....''ဖုန်းသံကြောင့် 'ဖြူ'မျက်မှောင်ကုပ်ရင်း
ဒီအချိန်ကြီးဘယ်သူကဖုန်းခေါ်ခဲ့တာပါလိမ့်။
ဖုန်းနံပါတ်ကြည့်လိုက်တော့ 'ပန်းသီတာ' ။
''ဟလို 'ပန်း'ပြောလေ ဒီအချိန်ကြီး ဖြူ့ကိုဖုန်းခေါ်တာက
ဘာအရေးကြီးလို့လဲ''
''ဖြူ''
''အင်း ပြောလေ''
''ဖြူ အဟင့် ဟင့်...''
ပန်းသီတာရဲ့ငိုသံကြောင့် ဖြူစိတ်ပူသွားပြီး
''ပန်း... ဘာဖြစ်လို့လဲ အမြန်ပြောပါဖြူရင်ထိတ်
လိုက်တာ ဘာလို့ငိုနေတာလဲ ပန်း...''
''ဖြူ...ကိုလေး ကိုလေးဆုံးပြီ အဟင့်ဟင့်...''
''ဘာ..ဘာပြောလိုက်တာလဲပန်း... ''
''ကိုလေးဆုံးပြီ ဖြူရဲ့ ကိုလေးတို့သင်္ဘောမှောက်တာ
ကိုလေးအလောင်းရှာတွေ့ပြီတဲ့....''
ပန်းပြောနေသောစကားကိုဖြူဆက်မကြားတော့။
မဖြစ်နိုင်ဘူး 'ကို'ဆုံးပြီဆိုတာ'ဖြူ'မယုံနိုင်ပေ။
ဖြူ့နားထဲကြားယောင်လာနေမိတာက
ဖြူ့လက်ကိုဆုပ်ကိုင်ကာ'ကို'ပြောခဲ့သောစကားများသာ။
''ကို ဒီတစ်ခေါက်ပြန်လာခဲ့ရင် ကိုကြီးကို ဖွင့်ပြောပြီး
ကိုယ်တို့လက်ထပ်ကြရအောင်နော်ချစ်''
ဖြူခေါင်းကိုသာတွင်တွင်ခါယမ်းလျှက် လောကကြီးနှင့်
ခေတ္တအဆက်သွယ်ပြတ်သွားသည်။
***************
ဖြူသတိရလာတော့ ဖြူ့ကိုစိုးရိမ်တကြီးကြည့်နေသော
မေမေနှင့်ပန်း။
''သမီး သတိရလာပြီလား''
''ဖြူ သတိရပြီလား ''
ဖြူခေါင်းငြိမ့်ပြလိုက်ရင်း ပန်းနဲ့မေမေ့ကိုကြည့်လိုက်တော့
ပန်းက ''ဖြူ ကိုလေးရဲ့ရင်သွေးလေးလွယ်ထားရပြီ ...''
ပြောစကားကြောင့်'ဖြူ' ...............။
ဖြူရဲ့ကံကြမ္မာအလှည့်အပြောင်းဘယ်လိုဆက်ဖြစ်မလဲဆို
တာကတော့ဖြင့်…………………………………။