''ရင်ခွင် ရိပ်''
ရွာမလို မိုးညိုညိုတွေ က ပြုစားလွန်းလေသမျ တတ်လာလိုက် လေနောက်လွင့်မျောလိုက်
တစ်ဖန်ပြန်ညို့လာလိုက်
ဝေဒနာ ရိပ်လှိုင်းတွေကို တဆတ်ဆတ်ဂရက်ရိုက်နေသလို
ကြည့်လေကြည့်လေ
မျက်ရည်မိုးတို့စွေခဲ့ပြီ
နွေတစ်ယောက် ကမ်းစပ်နားမှာထိုင်ရင်း
လွင့်မျောတတ်တဲ့တိမ်တွေရဲ့သဘောဟာ
မိုးရွာစေချင်သူအဖို့တော့ ကြေကွဲစရာပါ
သူမ ဟာလဲ မရွာတဲ့မိုးကို မျော်နေမိသလို မရနိုင်တဲ့အရာတွေ ကို တောင့်တရင်းမျော်လင့်ရင်းနဲ့
ခုဆို တိမ်တိုက်တွေ ပျောက်သွားသ လို မျော်လင့်ချက်တွေ မရှိနိုင်တော့ တာကို
နာကျင်စွာ ခံစားရင်း ငိုနေရုံမျှအပ ဘာ ရှိတော့ မည်နည်း
ရေပြင်ကြီးကသာ သူမရဲ့ စကားတေကိုနားထောင်ပေးသူ သူမရင်ဖွင့်သမျှကို
မညီမငြူ နားထောင်ပေးနေတာ မဟုတ်ပါလား
''ဒေါ်မြ ခုထိ နွေဝတ်လွှာ ပြန်မလာသေးဘူးလား ''
''မလာသေးပါဘူးဆရာ''
''ဖေဖေ ညီမလေး ပြန်မရောက်သေးဘူး ဟုတ်လား''
''ဟုတ်တယ် ဘယ်တွေကလေကဝလျောက်သွားနေလဲ မသိဘူ
နက်ဖြန်ငါ့မျက်နှာ အိုးမည်းသုတ်လို့ ကတော့ ဒင်းငါနဲ့တွေ့ မယ်''
အပေါက်ဝမှာရပ်နေတဲ့ နွေ့ ကို မမြင်ဘဲ ဦးကျော်မင်းတစ်ယောက်
နွေထွက်ပြေးသွားသည်အထင်နှင့် ပြောနေသည်
''သမီးပြန်ရောက်ပါပြီ ဖေဖေ
စိတ်ချပါ သမီးဘယ်မှထွက်မပြေးပါဘူး
ဖေဖေစိတ်ချမ်းသာဖို့ သမီးဘဝနဲ့ရင်းပြီ သမီးနှလုံးသားနဲ့ရင်းပြီး
ကျေးဇူးဆပ်မှာပါဖေဖေ ''
''ညီမလေး ဘာလို့ နောက်ကျအောင်နေတာလဲ ဖေဖေ စိတ်ဆိုးအောင်
သွား ရေမိုးချိုးချေတော့ ပြီရင် ထမင်းစားဖို့ကိုကိုစောင့်နေမယ် ''
''အာကာမင်း
ထမင်းစားခန်းထဲဝင် ငါနဲ့အတူ ထမင်းစားရမည့်စည်းကမ်းကို ဖျက်တာလား
(7:00)ထိုးပြီ ထမင်းစားချိန်ရောက်နေပြီ ''
''''စားနှင့်ပါ ကိုကို ညီမလေးမဆာလို့ မစားတော့ဘူး ''
နွေလှည့်ထွက်ကာလှေးကားအတိုင်းသူမ အခန်းရှိရာသို့ တတ်လာခဲ့သည်
ခုတင်ပေါ်ပစ်လှဲချလိုက်ပြီး မျက်ရည်တို့က အတားဆီးမဲ့စွာ
ဦးကျော်မင်းပြောတဲ့ စကားလုံးတွေဟာ သူမနားထဲကမထွင်
ထပ်ခါတလဲ လဲ ကြားယောင်ရင်း
''ကလေ ကဝလျောက်သွားနေသည်တဲ့လား ဖေဖေရယ်
နက်ဖြန်ဆို နွေဝတ်လွာ ဟာ ဒီ အိမ်ကြီးနဲ့ မသက်ဆိုင်တော့တဲ့
ဒီပတ်ဝန်ကျင်နဲ့ ဝေးတဲ့ နေရာ သစ်တစ်ခုဆီကို
ကိုနဲ့သွေးမတော်သားမစပ်တဲ့ လူတစ်ယောက်နောက် လိုက်သွားရတော့မှာ ငြင်းခွင့်ဆိုတာ မရှိသလိုရွေးချယ်ခွင့်ဆိုတာ မရှိတဲ့ နွေ့ဘဝမှာ
ဒီနေ့လေးကို နွေစိတ်တိုင်းကျဖြတ်သန်းမိတာ
နွေ မှားသလားဖေဖေ
သားသမီရယ် လို့ သံယောဇဉ်လေးတောင်မရှိတဲ့ဖေဖေ့အတွက်တော့
သမီးဟာ ဟင်းရွက် ကန်စွန်းလောက်တောင် တန်ဖိုး မရှိပါဘူး အာ့တော့ လွင့်ပစ်လိုက်ရမယ့်အတူတူ
အဖေဟာ တပါးသူကိုရက်ရက်ရောရောပေးချင်နေတာ
သမီးအတွက်တော့
ဒီနေရာ ဒီဒေသ ဒီမိသားစုဘဝလေးဟာ မအေးချမ်းပေမယ့်
နေပျော်တယ်ဖေဖေ''
ထိုညက နွေဝတ်လွှာ အိပ်မပျော်ခဲ့ ဘယ်လိုပင် အားယူပြီး အိပ်သော်လဲ
နက်ဖြန်ဆိုတဲ့ အနာဂတ်ကို သူမ တွေးပူမိတာ အမှန်ပင်
''အာကာမင်း မင်းညီမ ဆင်းမလာသေးဘူးလား
ဒီမှာ လူကြီးတွေ နဲ့ ဘုန်းတေဇကို အားနာဖို့ ကောင်းနေပြီ''
''သားသွားခေါ်းးးးး
ဆင်းလာပြီ ဖေဖေ''
ချည်ဝမ်းဆက်ကလေးတစ်စုံကို ဝတ်ဆင်ထားသော်ငြားလဲ သူမရဲ့အလှဟာ ထင်းခနဲ့ပေါ်နေသည်
ညက အတော်ငိုထားတာ မို့ မျက်နှာလေးဟာ သိသိသာသာမို့မောက်နေပြီး မျက်လုံးတွေ ရဲနေသေးသည်
သူမ မျက်နှာကို ငုံ့ထားမိသည်
ဒါလဲ ဖေဖေ့သိက္ခာကြောင့်သာတည်း
စာချုပ်မှာ လက်မှတ် အရင် ထိုးလိုက်သူက ဦးဘုန်းတေဇ ပြီးမှ သူမ ဘက်ကို ကမ်းပေးပြီး
သူမ လဲ လက်မှတ်ထိုးလိုက်သည်
ထိုအချိန်မှစလို ဦးဖုန်းတေဇနှင့် နွေဝတ်လွှာတို့ စာချုပ်စာတန်းအရ အကြင်လင်မယား အဖြစ်သို့ ရောက်ရှိခဲ့ သည်
သူမ ဖျက်ခနဲ့ ဦးကျော်မင်းကို ကြည့်လိုက်မိသည်
သူမ မမြင်ဘူးလေသော သူမမျော်လင့်သော အပြုံးတစ်ခုကို
ဧည့်သည်များနှင်စကားပြောရင်း ရယ်ပြုံးနေတာမြင်ရတော့ နွေတစ်ယောက်ဝမ်းသာဝမ်းနည်း
မျက်ရေမကျမိအောင် ထိန်း ရင်း ဦးကျော်မင်းကို စိုက်ကြည်နေသည့်အဖြစ်
သူမ ရဲ့ အကြည့်ကို မြင်ပြီး မာတင်းခတ်ထန်သွားတဲ့ ဦးကျော်မင်းမျက်နှာဟာ
ကျားတစ်ကောင် သာကောင်ကို ကြည့်သလိုမျိုး မီးဝင်းဝင်းတော့
သူမအ လိုက်သင့်ခေါင်လေးပြန်ငုံ့ထားလိုက်သည်
''ကဲ ဒါဆ်ုလဲ ကျုပ်တို့ကို ခွင့်ပြုပါဦး ''
''ကို ကျော်မင်း ကျုပ်တို့သွားပြီ ဗျာ ''
''ဟုတ်ကဲ့ ပါ ခင်ဗျာ ''
''ညီေ လး ရော့ ဒါ ကို ကို့ရဲ့ လက်ဖွဲ့ ''
''ကို ကို ညီမလေးတွက် ဒါတွေ မလိုပါဘူး ပြန်ယူထားပါ ''
''မဟုတ်ဘူးညီမလေး ဒီမှာ ကိုကို့မှာလဲရှိတယ်
ဆင်တူလေး ညီမလဲ အမြဲ ဆွဲထားနော်'
''ဟုတ်ကဲ့ပါ ကို ကို ''
''ကို ဘုန်းတေဇကို ကျတော်အပ်ပါတယ်
ညီမလေးကို စိတ်ချမ်းသာအောင်ထားပေးပါ
ညီမလေးကို ဂရုစိုက်ပေးပါ''
''ဟုတ်ကဲ့ပါ ကို အာကာမင်း
စိတ်ချပါ ''
''ကိုကို ဖေဖေ ကောဟင် ''
''အပေါ်တတ်သွားပြီ ထင်တယ် ''
''ညီမလေး ဖေဖေ့ကို နှုတ်ဆက်ရင်းကန်တော့ ခဲ့ချင်တယ်''
''အော် လိုက်သွားလေ ညီမလေးရဲ့ ''
''ဟုတ်ကို ကို ''
သူမ လှေခါးထစ်တွေကို ခပ်သွက်သွက်တတ်လာခဲ့ သည် အတွေးထဲ့မှာတော့
ဦးကျော်မင်းဟာ သူမကို နှမျောလို့နှုတ်ဆက် တာမခံချင်လို့ အပေါ်မှာ တတ်နေလေ ခြင်းလား ဟု
ဖြစ်ချင်ရာ ကို စွဲတွေးရင်း
''ဒေါက် ဒေါက်''
''ဘယ်သူလဲ ''
''သမီးပါဖေဖေ''
''ဘာကိစ္စလဲ ''
''ဖေဖေ့ကို ကန်တော့ ချင်လို့ပါ ''
''မလို ဘူးသွားတော့ နောက်ကျနေမယ် ငါနားချင်ပြီ ဒီနေ့နင့်ကြောင့်ငါ့ အချိန်တွေ ကုန်ပြီး လူလဲ ပင်ပန်းထားပြီ ဘာ ထပ် လိုချင်သေးတာလဲ
ငွေလိုရင် နင့်ဘဏ်စာအုပ်ထဲမှာ အပြည့်ထည့်ပေးထားတယ် ''
''မဟုတ်ပါဘူးဖေဖေရယ် ဖေဖေ့ကို သမီးမြင်ချင်သေးတယ်''
''နောက်မတွေ့ရမှာ မို့လား
နင်ကသေလမ်းသွားမှာ မို့ လား ငါ့ကို ဒေါသထက်အောင်မလုပ်နဲ့
နင့်ကို မဆူချင်ဘူး နွေဝတ်လွှာ ''
''ရပါတယ်ဖေဖေ နွေ့ကိုမမြင်ချင်ရင် ထွက်သွားပါ့မယ်
ဒီအပြင်ကနေပဲ ဖေဖေ့ကို မှန်းပြီးကန်တော့ခဲ့ပါတယ်''
နွေတစ်ယောက် ထွက်ကျလာတဲ့ မျက်ရည်စက်တွေကို သုတ်ပြီ အခန်းရှေ့ကနေကန်တော့ပြီး ပြန်ဆင်းလာခဲ့သည်
''ညီမလေးတွေ့ခဲ့လား''
သူမ ခေါင်းရမ်းပြရင်း
''ညီမလေးသွားတော့မယ် ကို ကို ဖေဖေ့ကို ဂရုစိုက်နော် ကြီးမြ နွေ သွားပြီနော်''
ကားလေးဟာ တစ်လှိမ့်လှိမ်နဲ့ ပြင်ဦးလွင်မြို့ကို ကျောခိုင်ထွက်ခဲ့သည်
လွမ်းဆွတ်ဖွယ် နာကျင်ဖွယ် အတိတ်တွေ နဲ့ တူ သူမလဲ
ထိုမြို့လေးနဲ့ အဝေးသို့
စာဖက်ပရိတ်သတ်တစ်ဦးတစ်ယောက်ချင်းစီကို အစဉ်လေးစားလျက်
အပိုင်းဆက်များကို အလျဉ်းသင့်သလို တင်ပေးသွားပါမည်
လိုအပ်ချက်များကိုလဲ ဝေဖန်အကြံပြု နိုင်ပါသည်
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.tumblr.com/explore/trending
Congratulations @wailay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
You published 4 posts in one day
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP