လရိပ်ကိုထိခတ်ခြင်း
✏ ✏ ✏ ✏ ✏ ✏
မပိုင်ဆိုင်ရမှန်းသိပေမယ့်
ဆိုင်ချင်သူသက်သက်ပါမောင်
မဖြစ်နိုင်တဲ့ ထုဆစ်မှုကို
အနာခံပြီး ဒဏ်ရာကိုအလှဆုံးဖုံး
မောင့်အပြုံးတွေကို ရူးသွပ်နေသူပါ
ဒီအသဲခွဲဖို့ မေ့ဆေးမလိုဘူးမောင်
တောက်တစ်ချက်ခေါက်
မျက်နှာလေးပဲနည်းနည်းပျက်လိုက်
ဘဝတစ်ခုလုံးပါလမ်းခင်းပေးမှာပါ
တန်ဖိုးမဲ့လို့ အနားကပ်ချွဲနေတာမဟုတ်ဘူး
အရမ်းချစ်လို့ ဆိုးနွဲ့ချင်တာပါ
ခံစားချက်တွေကိုလုံအောင်အုပ်ရင်း
မောင့်အပြုံးက ကျွန်မပျော်ရွှင်မှုဖြစ်လာတယ်
အံချော်နေတဲ့ နာရီလက်တံတွေဆိုပေမယ့်
အချိန်မှန်ခြင်းနှစ်ခါပြတယ်
မတူညီတဲ့ချစ်ခြင်းဆိုပေမယ့်
တူညီစွာ နားလည်ခံစားပေးတယ်
ကျွန်မအနားမှာရှိတဲ့အဆင်မပြေမှုတွေက
မောင့်ရှေ့အရောက်မှာလွင့်ပျယ်သွားတယ်
လေးလံနေတဲ့ စိတ်ဖိအားတွေက
မောင့်လက်တစ်ချက်အထိမှာပျောက်ကွယ်သွားတယ်
အချစ်ကြီးတာမဟုတ်ဘူးမောင်
အကြီးကြီးကိုချစ်မိသွားတာ
ရူးရူးမူးမူးချစ်တာမဟုတ်ဘူးမောင်
စွဲစွဲလန်းလန်ကို ချစ်တာ
မပြိုသောကောင်းကင်ထက်မှာ
တရားသောလရိပ်ကို
ဥစ္စာရူးတစ်ယောက်လို
တစ်ယောက်တည်းလည်းပိုင်ချင်သူပါ
အနိုင်ယူမလို့လား
ခြေလှမ်းပြင်လိုက်ထဲက
ကြွေဆင်းပေးပြီးသားပါမောင်
အလို့ချစ်တာမဟုတ်ဘူးမောင်
ချစ် ချင်လို့ ချစ်သွားတာ
ကျွန်မအချစ်က အတ္တအရမ်းဆန်တယ်မောင်
ပန်းလေးတစ်ပွင့်ကို
မြတ်နိုးသလိုမျိုး
ကြယ်ပွင့်လေးကိုငေးမောကြည့်ပြီး
သာယာနေသလိုမျိုး
ကိုယ်လေးစားရသူရဲ့ရှေ့မှာ
သူလုပ်သမျှကိုလေ့လာနေသလိုမျိုး
လူဆိုတာ တစ်ယောက်တစ်မျိုးရူးကြတာပဲလေမောင်
မောင်က ကျွန်မရဲ့လမင်းလေးပေါ့
ဘယ်သူကအိတ်ကပ်ထဲထည့်နိုင်မှာလဲ
ဒါပေမယ့် ကျွန်မ စိတ်ကူလေးနဲ့
မောင့်အရိပ်ကိုထိခတ်ဖို့ကြိုးစားရင်း
ဒီည မောင့်ရင်ခွင်မှာ အနမ်းချိုချိုနဲ့
မှေးစက်ဖို့ စိတ်ကူးများနဲ့ ကျွန်မပါ...မောင်
You got a 11.74% upvote from @dailyupvotes courtesy of @htookowint!