Love

in #love7 years ago

သတ္တိရှိမှချစ်ပါ
✒✒✒✒

လူတစ်ယောက်ကိုချစ်ဖို့ဆိုတာသတ္တိရှိဖို့
လိုပါတယ်။ကိုယ့်ဘဝထဲမှာသူ့ကိုနေရာပေးရဲတဲ့သတ္တိရှိမှ၊ကိုယ်ပိုင်တဲ့အချိန်တွေကိုသူ့အတွက်ဖဲ့ပေး
ရဲတဲ့သတ္တိရှိမှ၊ကိုယ့်ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု
တိုင်းကိုသူနဲ့အတူမျှဝေခံစားရဲတဲ့သတ္တိရှိမှ၊
သူ့ရဲ့ဆိုးမွေ ကောင်းမွေတိုင်းကိုကိုယ်ကမငြို
မငြင်ခံယူရဲတဲ့သတ္တိရှိမှချစ်တာကအကောင်း
ဆုံးပါ။

ပြီးတော့ ကိုယ်ချစ်တဲ့သူဆီကဘာမှပြန်မ
မျှော်လင့်ဘဲ မေတ္တာနဲ့ပေါင်းစပ်ပြီးချစ်ဖို့
လည်းသတ္တိလိုပါတယ်။ကိုယ့်ချစ်သူကိုဖြူ
စင်ရိုးသားစွာတန်ဖိုးထားနိုင်ဖို့လည်းသတ္တိ
လိုတယ်။ကိုယ့်ကိုပြန်ချစ်နိုင်ပါ့မလားဆိုတဲ့
မျှော်လင့်ချက်နဲ့တစ်ဖက်သားကိုတုပ်နှောင်
မထားဖို့လည်းသတ္တိလိုပါသေးတယ်။

တကယ်တမ်းကျတော့သူ့ကိုယ်ချစ်တယ်ဆို
တာကိုယ့်ကိုယ်ကိုယ်ပေးလိုက်ရတာနဲ့အတူ
တူပါပဲ။ကိုယ့်အတွက်ချည်းနဲ့ပြည့်နေတဲ့
ကိုယ့်ဘဝထဲမှာ သူ့အတွက်သီးသန့်နေရာ
လေးတစ်ခုကျေကျေနပ်နပ်နဲ့ဖန်တီးပေး
လိုက်ရတာပါပဲ။

မနောဖြူ