သစ္စာမရှိတဲ့သူကိုလွမ်းမနေပါနဲ့

in #love7 years ago

သစ္စာမရှိတဲ့သူကိုလွမ်းမနေပါနဲ့
…………………………………………

ချစ်သူက ပစ်ထားခဲ့လို့ ဝမ်းနဲပက်လက်
ဖြစ်မနေပါနဲ့ ။

ကိုယ်သာ ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံနေမယ်ဆိုရင်…
ကိုယ့်အနားဝဲပျံနေမဲ့ ပျားပိတုန်းတွေ
ခါချလို့ တောင်မနိုင်ပါဘူး ။

သူမှသူတမ်းတမ်းစွဲဖြစ်မနေပါနဲ့
ကိုယ့်ကိုမကြင်လို့  နောက်တစ်ယောက်ရှာသွားပြီပဲ ။

သူ့ ထက်သာတာ ရွေးချယ်ဖို့ သင်ခန်းစာတစ်ခု
ရလိုက်ပြီပဲလေ ။

နှလုံးသားအလိုလိုက် ထပ်ပြီးမိုက်မဲတွေဝေမနေပါနဲ့
သစ္စာမရှိတဲ့သူအတွက် မျက်ရည်ကမတန်လိုက်တာ…။

မလှပခဲ့တဲ့အတိတ်ကအရိပ်တွေ ထပ်မံတွေးတော
ပူဆွေးမနေပါနဲ့တော့…
အကျိုးမဲ့ အချိန်ကုန်တာပဲ အဖတ်တင်မယ်

ကိုယ်ကသာ ဝမ်းနဲပူဆွေးသောကဖြစ်နေရတာ…
သူကနောက်တစ်ယောက်နဲ့ သာယာနေပြီပဲ

လှသထက်လှအောင်ဖီးလိမ်းပြင်ဆင်
ကြွကြွရွရွ လှလှပပလေးဖြစ်အောင်နေ
မျက်ရည်တွေသုတ်ပစ်လိုက်!!!

သစ္စာမရှိတဲ့ လူရှေ့ ကနေ ခေါင်းမော့
အပြုံးတွေဝေဝေဆာဆာနဲ့ ဖြတ်လျှောက်ပြလိုက်
ဘာမှမဖြစ်သလိုနေပြလိုက် !!!

အချစ်ကဘဝမှ မဟုတ်တာ…
သစ္စာမရှိတဲ့သူနဲ့ အချိန်မှီလမ်းခွဲခွင့် ရတာကိုပဲ
ဝမ်းသာလိုက်ပါ ။

ရှေ့ဆက်လက်တွဲနေရင်…
ဒူးနဲ့မျက်ရည်သုတ်နေရမှာ…

ကိုယ်ပဲနာကျင်ကြေကွဲနေရလိမ့်မယ်

သစ္စာမရှိတဲ့သူကို ကိုယ့်ဘဝထဲကနေ သေဆုံးသွားပြီလို့ သဘောထား အမျှအတန်းပေးဝေလိုက်ပါ။

Sort:  

Good @nainghtetlin, you are on the right way.

Oops 🙂😮