💃ကကြိုးရုပ်💃

in #love • 6 years ago

💃ကကြိုးရုပ်💃

အိမ်ပြန်ရောက်မှအိပ်တာအချိန်တော်တော်ကြာသွားတယ်။

ရေမိုးချိုးပြီးတာနဲ့ငွေမှင်ရောင်ဝမ်းဆက်လေးနဲ့ကျမရဲ့မှန်တင်ခုံပေါ်ထိုင်လိုက်တယ်။ခဏတော့ဖေဖေ့ညီမအန်တီကြူ ရောက်လာတယ်။

'မကြာခင်အိမ်ထောင်ပြုတော့မယ့်သတို့သမီးလေး အရမ်းငယ်သေးတယ်သမီးရယ်'ကျမစိတ်မကောင်းစွာဖြင့်ပြုံးလိုက်ရင်း

'အရာရာကိုနောက်ပြန်လှည့်လို့ရရင်ကောင်းမယ်တီတီရယ်'

'အဆင်မပြေဘူးလားမင်းမင်းအိမ်နဲ့'တီတီကိုဖက်ပြီးငိုလိုက်တယ်။

'တိတ်တိတ်မငိုနဲ့နော်အလှတွေပျက်ကုန်မယ်မင်္ဂလာဆောင်တော့မယ့်သတို့သမီးလေးကလှနေမှလေ'

'ဟုတ်တီတီ'ခဏတော့အိမ်ရှေ့မှာဆူညံဆူညံနဲ့ကိုတို့တွေရောက်လာတယ် ကျမအခန်းရှေ့ရောက်တော့ ကကြိုးညီမငယ်နှစ်ယောက်က

'မမနဲ့တွေ့ချင်ရင်ခဲဖိုးပေးပါဦးဦးရေ'ခဲဖိုးတောင်းနေသောတီတီသမီးအမွှာ၂ယောက်အသံကိုကြားလိုက်တယ် ကျမမျက်ရည်တွေသုတ်လိုက်ရင်း
ပေါင်ဒါပါးပါးလေးပုတ်ရင်းနှုတ်ခမ်းနီရဲရဲကိုဆိုးလိုက်တယ်။

'အားတင်းထားကကြိုးဒါနင်ရွေးချယ်ခဲ့တဲ့လမ်းဘဲနောင်တရပြီးငိုနေလို့ဘာမှမထူးဘူး'ကကြိုးကိုယ့်ဘာသာအားပြန်တင်းရတယ်။

ဒီမျက်ရည်တွေဖေဖေနဲ့မေမေမြင်လို့မဖြစ်ဘူးလေ။ကျမပျော်နေရင်ပြီးရောဆိုတဲ့စိတ်နဲ့အရာရာလိုက်လျောပေးနေတဲ့မိဘ၂ပါး

ခဲဖိုးပေးပြီးကျမအခန်းထဲသို့ဝင်လာသော ဖေဖေမေမေတို့အစားဘေးမှာနေပေးခဲ့သောကကြိုးရဲ့ခင်ပွန်းလောင်း

'ငိုထားတာလားအချစ်'ကကြိုးခေါင်းခါပြလိုက်ရင်း ညာလိုက်မိတယ်။

နှစ်ဖက်မိဘကိုကန်တော့ ကျမရဲ့တဦးတည်းသောဖိုးဖိုးဦးနေထွန်းကိုကန်တော့

ညရောက်တော့ကျန်တဲ့သူတေအသီးသီးကတည်းခိုခန်းနားတဲ့သူကနား အိမ်မှာဖေဖေရယ်မေမေရယ်ကကြိုးရယ် ဆွေမျိုးတွေရယ်

ကျမမင်္ဂလာဆောင်မှအမျိုးတွေပြုံပြီးလာစုနေတယ်။အကိုငယ်ကိုကျမတွေ့နေရပေမဲ့စကားကောင်းကောင်းမပြောဖြစ်ကြသေးပါ။

'ကိုလဲသွားနားတော့လေဒီမှာမေမေတို့ရှိပါတယ်'

"ရတယ်အချစ်နားမှာဘဲကိုနေပေးမယ်'မေမေကပြုံးပြီးကြည့်နေတယ်။သူ့သမီးလေးကိုဂရုစိုက်လို့ပါလားဆိုပြီး သူကျမတို့ဘေးနားကနေအနောက်ဘက်ကိုထွက်သွားမှ

'သမီးထွက်ပြေးသွားမှာသူကြောက်နေတယ်လေ'

တီတီကတအံတသြ

'ပျော်အောင်နေပါငါ့သမီးရယ်ခုချိန်ကသမီးလေးပျော်သင့်တယ်လေ'

'သမီးကိုနဲ့လိုက်သွားတုန်းကကိုယ့်ကိုယ်အထီးကျန်နေခဲ့တာ ဒါမဲ့သမီးကိုနွေးထွေးစွာကြိုဆိုခဲ့တာမခက်တယောက်တည်းရှိတာ'

'သမီးပြောတဲ့သူကမလိုက်ခဲ့ဘူးလား'ကကြိုးခေါင်းခါပြရင်း

'သမီးဘဝမှာအကိုတွေဘဲရခဲ့တဲ့အတွက်အစ်မတယောက်တော့လိုချင်မိတယ် ဘာဖစ်ဖစ်တိုင်ပင်ရနိုင်တဲ့အစ်မမျိုးပေါ့'အားလုံးကတိတ်ဆိတ်စွာနားထောင်ကြတယ်။

'ဒါသမီးဘဝရဲ့အစဘဲချစ်သမီးလေးFighting'မေမေ့အားပေးမှုနဲ့ကျမမျက်ရည်မကျအောင်အားတင်းထားရတယ်။

မနက်စောစီးစွာကျမတို့တည်းခိုတဲ့နေရာကိုမေမေရောက်လာတယ်။ကျမတို့အခန်းတံခါးကိုလာခေါက်တော့ကိုကထဖွင့်ပေးရင်း

'သမီးရေအလှပြင်ပေးဖို့မိတ်ကပ်ဆရာမရောက်ပြီထတော့နော်"ကျမ မထချင်ထချင်နှင့်ထရင်း

ညကကိုနဲ့စကားများထား၍မျက်လုံးတွေဖောင်းအစ်နေတယ်။

'Morningအချစ်"ကျမကိုလာနိုးသောသူ့ကိုမျက်စောင်းထိုးပြီးကြည့်လိုက်ရင်းဘာမှမပြောဘဲ ရေချိုးခန်းထဲဝင်ပြီးရေချိုးလိုက်တယ်ပြီးမှအဝတ်လဲကာမေမေနဲ့အတူအိမ်ကိုပြန်ခဲ့တယ်။

မိတ်ကပ်လိမ်းပြီးအဖြူ ရောင်ဝမ်းဆက်ဝတ်စုံနဲ့အတူုကတ္တီပါဖိနပ်ဖြူ ဖြူ လေးကိုစီးကာ ကျမရဲ့သတို့သားကိုအိမ်ရှေ့တွင်ထိုင်စောင့်နေတယ်။

ခဏတော့သူရောက်လာကာ မိတ်ကပ်ကြောင့်ကျမမျက်နှာဟာပြောင်းသွားတယ်

'ဘာကြည့်နေတာလဲရှင်က'

"မဟုတ်ပါဘူးပြင်ထားတာကိုတောင်မမှတ်မိဘူး'ကျမလဲသူ့မျက်နှာကြီးကိုမကြည့်ဘဲဟိုဘက်လှည့်နေတယ်။

မနက်၆နာရီအချိန်ဘုန်းကြီးငါးပါးနဲ့အတူကျမတို့ရဲ့မင်္ဂလာပွဲကိုစနေပြီဖြစ်တယ်။

ဆွမ်းကပ်ပြီးနောက်ကျမတို့လက်ထပ်လက်စွပ်ကိုခင်မင်သောဘကြီးကဆင်မြန်းပေးခဲ့တယ်။

၈နာရီကျတရားသူကြီး နှစ်ဖက်မိဘသက်သေတွေနဲ့အတူ လက်ထပ်စာချူပ်လက်မှတ်ထိုးကြတယ်။

မင်္ဂလာပွဲဟာစည်းကားသိုက်မြိုက်စွာသူငယ်ချင်းခင်မင်ရင်းနှီးသောသူများနဲ့အတူပြီးသွားတယ်။

ကျမမိဘတွေနဲ့အတူနေချင်သေးပေမဲ့နောက်ထပ်တပွဲံကိုတောင်ကြီးတွင်ကျင်းပရမည်ဖြစ်၍မင်္ဂလာပွဲပီးပီးချင်းပြန်ရတယ်။

ကျမစိတ်ကမကြည်၍တလမ်းလုံးနှုတ်ဆိတ်စွာလိုက်ခဲ့တယ်။

တောင်ကြီးပြန်ရောက်၍ပြန်ရောက်တဲ့အကြောင်းအိမ်ကိုဖုန်းဆက်

နောက်တနေ့မေမေတို့ရောက်လာတယ်

'ကိုကြီးနဲ့ကိုငယ်မပါလာဘူးလားမေမေ'ခေါင်းခါပြရင်း ကျမစိတ်မကောင်းစွာဖြင့်

ပြသနာကြောင့်ကျမမျက်နှာဟာမလန်းဘဲနွမ်းလျနေတာကိုမေမေရိပ်မိသလို မင်္ဂလာပွဲကိုမြန်မြန်ပြီးချင်သောကျမ

နောက်တရက်ကျမရဲ့ပုဇွန်ဆီရောင်ဂါဝန်ရှည်နဲ့အတူခန်းမကိုသွားဖို့ပြင်ဆင်ထားရတော့တယ်။

မင်္ဂလာပွဲလဲစည်ကားသိုက်မြိုက်စွာပြီးသွားပေမဲ့ကျမမျက်နှာကမလှပခဲ့ဘူး။

မဇာခြည်ကတော့ထုံးစံအတိုင်း ကျမမိဘကဘာလဲဆိုတာသိသွားတော့

'ကကြိုးကိုညီမလေးလိုသွန်သင်ပါ့မယ်"ကျမရီမိတယ် ကိုခိုးလာခါစကနေ့တိုင်းမဲ့ရွဲ့သလို ကျမနဲ့ယောကခမကြားလဲသွေးထိုးခဲ့တယ်

ကျမထက်စောစီးစွာအိမ်ရောက်ပြီးယောက်ခမအကြောင်းကိုအကုန်သိထားသူ

ကျမကိုဦးစားပေးအရေးပေးခံရမှာသေမတတ်ကြောက်သူပေါ့

ကလေးအကြောင်းပြပြီးညဆိုညည့်နက်မှအိပ်မနက်ဆိုမထ

အိမ်မှာချွေးမ၃ယောက်ရှိတယ် အလုပ်မလုပ်ချင်ဆုံးနဲ့အပျင်းကြီးပြီး ပြသနာလုပ်တဲ့ထဲမှာမဇာခြည်ကအဆိုးဆုံး

အိမ်မှာတလခွဲလောက်ကျမနေ၍အိမ်မှုတာဝန်ကိုကျမတော်တော်လေးလုပ်တတ်လာပြီ။

မေမေ့ရှေ့မှာအဖို့အဲ့လိုပြောခြင်းက ကျမကိုဟာသလာပြောပြနေသလိုဘဲ

မေမေတို့ပြန်သွားတော့ကျမတော်တော့်ကိုအထီးကျန်တယ်။

သူုအလုပ်သွားလျှင်ကျမကအိမ်မှာတယောက်တည်း မခက်လဲသူ့အလုပ်နဲ့သူ

မဇာခြည်နဲ့တရက်ကျမတို့ပြသနာတက်ကြတယ်။ကိုကလဲအိမ်မှာမရှိ ကျမကပြန်လဲမပြောတတ် ရန်မဖစ်တတ် အိမ်ရဲ့တနေရာချောင်ထဲမှာထိုင်ငိုနေခဲ့တယ်အချိန်တော်တော်ကြာတဲ့ထိ

မခက်ကထုံးစံတိုင်းကျမကိုလိုက်ပတ်ရှာရင်း
ကျမလဲငိုသူလဲငို အဖြစ်ချင်းလာတူနေသောသူနှစ်ယောက်

'မငိုပါနဲ့ကကြိုးရယ်မခက်လဲရောက်ခါစဒီလိုပုံစံဖစ်ခဲ့တယ် အဲ့တုန်းကမခက်နားမှာဘယ်သူမှမရှိခဲ့ဘူး'ပြသနာမပေးရရင်မနေနိုင်သောမဇာခြည်တို့အတွဲ ကျမတို့စကားပြောနေရင်း ကိုရောက်လာတယ်

မနက်စာလဲမစားသေးငိုပြီးရင်းငိုနေသောကျမကိုချော့ဖို့သူပြန်ရောက်လာတယ်။

'ခက်ဘဲခေါ်သွားလိုက်မယ်ခုချိန်ထိဘာမှမစားရသေးဘူး"ကိုခေါင်းငြိမ့်ပြမှ ကျမလဲမျက်စောင်းထိုးပြီးသူ့အနားကထွက်သွားတယ်။

ကျမကြိုက်တတ်သောအစားတွေကိုမခက်လိုက်ကျွေးရင်းသူတို့အကြောင်းကိုပြောဖစ်ခဲ့တယ်။

"အစ်မလဲရောက်ခါစအဲ့လိုဘဲကကြိုးရေအဲ့တုန်းကဇာခြည်တို့နဲ့ကိုကြီးကတည့်ကြတယ် ခုဒီလိုပုံစံထပ်ဖြစ်တော့ကိုကြီးကကကြိုးနားမှာရှိပေးခဲ့်တယ်'

"သူတို့ရည်ရွယ်ချက်ကဘာလဲကကြိုးကိုမနေစေချင်တာလား ကကြိုးသိပါတယ်စရောက်ကတည်းကကကြိုးကိုမကြည်ဘူး'

မနက်စာစားပြီးနောက်မခက်အိမ်ကိုကျမရောက်သွားတော့မခက်မေမေက

"နောက်ဘာဘဲဖစ်ဖစ်အန်တီတို့ဆီလာလည်နော်'ကကြိုးမျက်လုံးတွေနီရဲပီးငိုထားတာသိတော့အခြေအနေကိုရိပ်မိနေခြင်းပါ။

အိမ်ရောက်တော့အခြေအနေတွေဟာပုံမှန်

'ကိုသိပါတယ်မင်းဘယ်လောက်သီးခံနေရမှန်း တခုခုဆိုမိဘအိမ်ဘဲပြန်မှာပေါ့ခုကမပြန်ဘဲအနားမှာနေပေးတဲ့အတွက်ကျေးဇူးပါကွာ'

"ကကြိုးစိတ်တွေမခက်ထန်သေးလို့ပါ ကကြိုးစိတ်တွေပြောင်းလဲသွားခဲ့ရင်ဘာဖစ်မလဲဆိုတာကြိုတင်တွေးထားပေါ့နော်'ကျမအဲ့တာဘဲပြောပြီးအခန်းထဲသို့ဝင်ခဲ့တယ်။

အသက်ငယ်ငယ်နဲ့အိမ်ထောင်ပြုခြင်းရဲ့ရလဒ်ကစိတ်ဆင်းရဲခြင်းဘဲ။

Sort:  

This post has received a 15.76% upvote from @lovejuice thanks to @phyowaiaung. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.