" တောမှာပဲ ပျော်တယ်မောင် " အပိုင်း ( ၉ )
အေးကြည်မ မိမိကိုယ်ကို မမထားအလှနဲ့ နှိုင်းယှဉ်ကြာ့်နေမိလေသည်။
မမထာ အသားအရေလေးက ဝင်းမွတ်ညက်အိနေပြီး နှုတ်ခမ်းသားအထက်နားမှာ နှုတ်ခမ်းမွှေးရေးရေးက စိမ်းစိမ်းဖန့်ဖန့်လေးရယ်ပါ။ နားသယ်ဘေးက နားပါးဆံလေးကလည်း မိန်းမကောင်း မိန်းမမြတ်တိုရဲ့ ကြန်းအင်လက္ခဏာနဲ့ ပြည့်စုံသူရယ်ပါ။
အို တခြားစီပါပဲ လှလွန်းတဲ့ မမထားနဲ့ သူမလို တောက ရွက်ကြမ်းရေကျိုအလှကို သူမမို့ ဘာ့ကြောင့် ယှဉ်ဝံ့တာပါလိမ့်နော်။
ကိုယ်လုံးပေါ် မှန်ကြီးအနားမှ သူမထထွက်လာခဲ့ပြီး ချက်ပြုတ်စရာ ရှိတာများကို သူမတတ်သိသလောက် ချက်ပြူတ်နေလိုက်လေသည်။
သြော် ငါ့နှယ့် ကံကောင်းချင်တာလား ကံဆိုးချင်တာလား ဘာ့ကြောင့်များ ကိုထွဋ်ခေါင့်ဆီက အချစ်တွေကို အငမ်းမရ လိုချင်နေတာပါလိမ့်နော်။ ဆန့်ကျင်ဘက် ယောက်ျားသား တဦးထံမှ ချစ်ခြင်းမေတ္တာတရားကို သူမ မခံယူ မရှိဘူးပါ။ အခုတော့လည်း သော်တာမဟုတ်ပါပဲ မောင်ဆိုတဲ့ ကိုထွဋ်ခေါင်ထံမှ အကြင်နာ အယုအယတွေကို သူမဘယ်ပုံ ဘယ်နည်း ပြုမူမှ ရမှာပါလိမ့်နော်။
မောင့်ရဲ့ မနေ့တုန်းက အထိအတွေ့ အနမ်းအရှိုက်တွေက သူမအတွက် အခုချိန်ထိ တနွေ့နွေ့ တဒိတ်ဒိတ်နဲ့ ရယ်ပါ ဖြစ်နိုင်မယ်ဆိုရင် မောင့်ရင်ခွင်ထဲမှာ ကလေးလေး တစ်ယောက်လို ခိုဝင်နားနေချင်မိတဲ့စိတ် လွန်ကဲနေပြန်လေသည်။
" ဟိတ် အေးကြည်မ ကိုယ် အလုပ်သွားမေ့ယ် "
" အမလေး ! "
" ဘာဖြစ်နေတာတုန်း တမှိုင်မှိုင် တတွေတွေနဲ့ "
" ဘာမှ မဖြစ်ပါဘူး ကိုထွဋ်ခေါင် သွားစရာရှိတာသွားပါ အေးကြည်မအတွက် စိတ်မပူပါနဲ့ "
" အေးပါ ဒါဆို ကိုယ်သွားပြီ "
အကျီင်္အဖြူလက်ရှည်ကိုမှ ဦးဂျမ်းပုဆိုးဝတ်ဆင် ဆင်မြန်းထားသော ကိုထွဋ်ခေါင့် ရုပ်ရည်သည် မြင်သူတိုင်း ငေးမောကြည့်စေနိုင်မည့် အဆင်းသဏ္ဍာန်ရယ်ပါ။ ဖြူနုဖတ်ျနသော ကတ္တီပါသား ဖိနပ်အပေါ်မှ ခြေအစုံကအစ ယောက်ျားလေး တန်မယ့် နုထွေးဝင်းမွတ့နေလေသည်။
ကိုထွဋ်ခေါင် အလုပ်ထွက်သွားပြီမို့ သူမတစ်ယောက်တည်း အိမ်ကျန်ရစ်ခဲ့လေသည်။
မဖြစ်သေးပါဘူး သူမရှိတုန်း မိခင်ဆီ ဖုန်းဆက်ဦးမှပါပဲ ။
သာမ လက်ကိုင်ဖုန်းလေး ကောက်ကိုင်ပြီး မိခင်ဆီ ဖုန်းခေါ်လိုပ်လေသည်။
" ဟလို မေမေ နေကောင်လား "
" အေး ကောင်ူတယ် အေးကြည်မ သမီးလေး လိမ်လိမ်မာမာ နေနော် အခု ငါ့သမီးလေသံကို နားထောင်ရတာ နူးညံ့သိမ်မွေ့နေသလိုပဲ "
" ဟုတ် လိမ်မာပါ့မယ် မေမေ ဖေတုတ်လည်း နေကောင်းတယ် မလား မေ "
" ကောင်းတယ် ကောင်းတယ် ညည်းအဖေ "
" ဟုတ် ဒါနဲ့ မေမေ ဟို သနပ်ခါး လိမ်းရင်လေ အောက်ခံမိတ်ကပ်ခံလိမ်းရတာ ဘယ်မိတ်ငပ်ကောင်းပါလိမ့်မေမေ သမီး ဘာမိတ်ကပ်မှ မသိလို့ "
" ဟဲ့ ဘယ့်နှယ့် လူကြီးလာမေးနေရတာတုန်း ညည်လူငယ်တောင် လာမှ မသိတာ ကျုပ်လူကြီးဆို ဝေလားဝေး ပေါ့ အေးကြည်မရဲ့ သြော အခုတော့လည်း မေမေ့သမီးလေးက လှချင်နေပြီနော် အင်း ဒါမျိုးလှချငိစိတ် ဝင်နေပြီဆိုရင် သေချာတယိ မေမေ့သမီးလေး မိနါးကလေးစိတ် ဝင်နေပြီ။"
" ဟာ ဘာတွေ လျှောက်ပြောနေတာလဲ မသိဘူး ဒါနဲ့ သမီးအခု ဖုန်းချပြီနော် နေ့တိုင်း တနေ့တခါ့ တော့ မေမေ့ဆီ ဖုန်းဆက်ပါ့မယ့် ခုတော့ ဟင်းချက်တန်းလန်းကြီးမို့ "
" အေးအေး သမီးလေး "
မိခင်နဲ့ ဖုန်းပြောပြီး သူမ အပြီးမသတ်သေးသော အာလူးဆိတ်သား ဟင်းကို အပြီးသတ်လိုက်လေသည်။
အလုပ်တွေကိုသာ ဇယ်ဆတ်သလို လုပ်ကိုင်နေသော်လည်း စိတ်က ကိုထွဋ်ခေါင့် အလာကိုသာ မျှော်တလင့်လင့် စောင့်စားနေမိပါသည်။
အို ညနေရောက်ဖို့ကလည်း ကြာလိုက်တာနော် ဖြစ်နိုင်ရင် နာရီလက်တံတွေကို သူမသဘောနဲ့ ရွှေ့ပြောင်းချင်ပါရဲ့။
******************************

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/