* သူ လူဆိုး * အခန်း ၃၀

in #love7 years ago
  • သူ လူဆိုး *

      အခန်း ၃၀
    

''သိုးလေး တစ်ယောက်ထဲ ဘာလုပ်နေတာလဲ……''

ပန်းအိုးထဲက မြက်ပင်ကိုနူတ်နေတဲ့ သိုးလေး
မေးသံကြောင့် မော့ကြည့်လိုက်သည်။
ဦးကိုကိုအောင် သိုးလေးကို ငုံ့ကြည့်နေ၏။

''သြော် သိုးလေး မြက်နုတ်နေတာ ''

''ဖိုးမောင်ရှိသားပဲ သူ့ခိုင်းလေ ဘာလို့သိုးလေးက ကိုယ်တိုင်နုတ်နေရတာလဲ ''

သိုးလေး ထိုင်ရာမှထရပ်လိုက်ပြီး လက်ကို ပုတ်ခါ၍………

''ဖိုးမောင် ဒီနေ့ နားရက်လေ သူ့ရှိလဲ
သိုးလေး ဒီအလုပ်တွေကို လုပ်ဖြစ်တာပဲ
ဖိုးမောင်တို့နဲ့ သိုးလေးက ဘဝတူတွေပဲလေ……''

''မဟုတ်တာ သိုးလေးက ဒီအိမ်ရဲ့သခင်မဖြစ်နေပြီးလေ…''

အံ့သြစွာ ကြည့်ကာ ပြောလိုက်တဲ့
ဦးကိုကိုအောင်ကို သိုးလေး မချိပြုံး ပြုံးပြကာ………

''အချိန်တွေဆိုတာက ရပ်တန့်မနေပါဘူး
အမြဲပြောင်းလဲတတ်ပါတယ်……''

ကိုကိုအောင် သိုးလေးကို စူးစမ်းသလို
တစ်ချက်ကြည့်လိုက်ပြီး………

''သိုးလေးကို မမေးမှန်း ကိုယ်သိပါတယ်
ဒါပေမယ့် မေးပါရစေ…ကိုနေနဲ့သိုးလေး
အဆင်မပြေဘူးလားဟင်……''

သူ့အမေးကြောင့် မျက်လွှာကိုချရင်း ခေါင်းလေးငုံ့သွားတဲ့ သိုးလေးကို
ကိုကိုအောင် သေချာကြည့်နေ၏။

''ပြေပါတယ် ''

ခပ်တိုးတိုးထွက်ကျလာတဲ့အသံလေး။
သူ့ကို မကြည့်။ခေါင်းလေးငုံ့လျှက်။

''သေချာလို့လားသိုးလေး …''

သေချာ စူးစိုက်ကြည့်၍ မေးလိုက်တဲ့
ဦးကိုကိုအောင်ကို သိုးလေး တစ်ချက်မျက်လွှာပင့်ကြည့်ပြီးမှ
အကြည့်ကိုလွဲကာ……

''ဒါတွေမေးမနေတော့ပါနဲ့ဦးကိုကိုအောင်
အခု ဦးနေဘုန်းသိုက် အိမ်ထဲမှာ ရှိတယ်
ထင်တယ် အိမ်ထဲသွားလိုက်လေ……''

အနည်းငယ်ပိန်ကျသွားတဲ့ သိုးလေးကို
ကြည့်ပြီး ကိုကိုအောင် သက်ပြင်းတစ်ခု
ချလိုက်ပြီး……

''သိုးလေး မကြိုက်ရင်း မမေးတော့ပါဘူး
တစ်ခုတော့ ကိုယ်ပြောမယ်နော်
သိုးလေး ကိုယ်ကို သိုးလေးရဲ့အစ်ကိုရင်းတစ်ယောက်လို
သဘောထားပြီး စိတ်ထဲရှိတာ ရင်ဖွင့်နိုင်တယ်နော် လိုအပ်တာရှိရင်းလဲပြော ကိုယ်ကူညီမယ်……''

''ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သိုးလေးမှာ ဘာမှရင်ဖွင့်ပြစရာမရှိပါဘူး''

သေချာလို့လားသိုးလေးရယ်။မင်း အရင်းလိုမဟုတ်ပါဘူး။အရမ်းတည်ညိမ်သွားသလိုပဲ။ကလေးဆန်ဆန်နေတတ်တဲ့မင်းရဲ့အမူကျင့်တွေမရှိတော့ဘူး။
ဘယ်ရောက်သွားတာလဲ။
မထင်မှတ်တဲ့အဖြစ်ပျက်တစ်ခုက
မင်းကို ပြောင်းလဲစေလိုက်တာလား။
နာကျင်စွာ တိတ်တဆိတ်ခံစားနေပုံရတဲ့
မင်းရဲ့ မျက်ဝန်းတွေကို ကိုယ်မကြည့်ရက်တာ မင်းအပေါ်ထားတဲ့ ကိုယ်ရဲ့ဖြူစင်တဲ့
မေတ္တာကြောင့်ပါ ။ဟို အရင်းတုန်းက
အပြစ်ကင်းစွာ ရယ်မောနေတဲ့ မင်းရဲ့
မျက်နှာလေးကို ကိုယ်ပြန်မြင်ချင်တယ်။
မင်းကို ဒီလို ခံစားရအောင် ဘာကြောင့်များ ကံတရားက မညှာမတာ
လုပ်လိုက်ရတာလဲ။
သိုးလေး ရုတ်တရက် တစ်ဖွဲဖွဲကျလာတဲ့ မိုးဖွဲများကိုကြည့်လိုက်ပြီး……

''ဟော့ မိုးဖွဲကျလာပြီး အိမ်ထဲဝင်တော့လေ ဦးကိုကိုအောင်ကို
စိုကုန်မယ်……''

''သိုးလေးရောဝင်လေ တော်နေ အအေးမိနေလိမ့်မယ် လာ အိမ်ထဲဝင်ကြစို့……''

''သိုးလေး မဝင်သေးဘူး ဒါလေးတွေ
ပြီးအောင် လုပ်လိုက်အုံးမယ်……''

''မဟုတ်တာ ထားလိုက်ပါ လုပ်ချင်ရင်း
မိုးစဲမှလုပ် တော်နေ တစ်ခုခုဖြစ်ရင်း ကိုယ်ပဲ ခံစားရမှာ……''

''သန်ခေါင်ပြင် ဥာဥ့်မနက်တော့ပါဘူးဦးကိုကိုအောင်ရယ်…အားလုံးကို သိုးလေး နေသာကျနေပါပြီး……''

တစ်ခုခုကို နာကျင်သွားသလို ပြောလိုက်တဲ့သိုးလေး စကားကြောင့်
ကိုကိုအောင်တစ်ယောက် စိတ်ထဲ
ဘယ်လိုမှမကောင်းဖြစ်ကာ သိုးလေးကို
ရင်ခွင်ထဲအသာသွင်း၍ နူစ်သိပ့်ပေးလိုက်ချင်တာ ရိုးသာစွာပါ။
ဒါပေမယ့် အခြေနေက အဲ့လို လုပ်လိုမဖြစ်။သိုးလေး တစ်ခုခုကို
နာကျင်ခံစားနေရတာ သူ့သိသည်။

''ကိုနေ သိုးလေးကို သိပ်ချစ်တာကိုသိပါတယ် ရုတ်တရက်ဆိုတော့……''

''သိုးလေးကို သူ့က သိပ်ချစ်တယ် ဟုတ်လား……''

သူ့ စကားမဆုံးခင် နာကြည်းသလို ဖြတ်ပြောလိုက်တဲ့သိုးလေးကို ကိုအောင်ကြည့်လိုက်သည်။
သိုးလေး သူ့ကို ကြည့်နေရာမှ အကြည့်လွဲကာ အဝေးတနေရာကို
ကြည့်လိုက်ပြီး………

''သူ့သိပ်ချစ်တယ်ဆိုတာကို သိုးလေးယုံပါတယ် ဒါပေမယ့် သူ့ချစ်တာက သိုးလေးကို မဟုတ်ပါဘူး
သူ့ရဲ့ လူဖြစ်ခွင့်မရလိုက်တဲ့ ရင်သွေးလေးကို ချစ်တာပါ……''

''သိုးလေးရယ်……''

ရစ်ဝဲလာတဲ့ မျက်ရည်စတစ်ချို့ကို မျက်တောင်ရှည်ရှည်တို့ဖြင့် ပုတ်ခပ်ထိန်းချုပ်၍ ပြောလိုက်တဲ့ သိုးလေးကို ကြည့်ရင်း ကိုကိုအောင်တစ်ယောက်
သိုးလေးနေရာမှ ရင်ထဲနင့်နေအောင်
ခံစားလိုက်ရသည်။
မင်းရင်ထဲမှာ ဒဏ်ရာတစ်ခု အစပြုနေပြီးဆိုတာ ကိုယ်သိလိုက်ပြီး
သိုးလေး။အဲ့ဒီ ဒဏ်ရာကို ကုစားနိုင်တဲ့လူက…။
သိုးလေးကိုကြည့်ရင်း
ကိုကိုအောင် သက်ပြင်းတစ်ခုကို ချလိုက်တော့သည်။

®®®®÷÷÷÷®®®®÷÷÷÷®®®®

''ငါ မင်းကို ဒီလောက်အဒီ အတွေးတိမ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူးကိုနေ……''

နေဘုန်းသိုက် ကိုအောင်စကားကြောင့်
ဖျပ်ခနဲ့ ကိုအောင်ကို ကြည့်ကာ……

''မင်း ဘာကိုပြောချင်တာလဲကိုအောင်…''

''သိုးလေး အရမ်းခံစားနေရတယ်ကိုနေ
မင်း ဒီလို သူ့ကို မဆက်ဆံ မပြောဆိုသင့်ဘူး……''

နေဘုန်းသိုက် မျက်ခုံးကြီးက ကုပ်ကျသွားပြီး ကိုအောင်ကို ကြည့်ရင်း……

''သူက ဘာတွေများခံစားနေရလို့လဲ
ငါကရော သူ့ကို ဘာပြောလို့လဲ အခုသူ့ဖြစ်ချင်သလို သူ့စိတ်ကြိုက်နေနေ့တာပဲ ဘာကိုမှ
ငါမပြောဘူး……''

''မင်း သူ့ကို နာကျင်အောင်ပါးစပ်က
မပြောပေမယ့် ဟန်အမူယာက
သူ့ကို နာကျင်အောင်ပြုလုပ်နေသလို
ဖြစ်နေတယ်ကိုနေ…ဟိုအရင်းက
သိုးလေးနဲ့အခု သိုးလေး တူသေးရဲ့လား
အနေအထိုင် အပြောအဆိုကအစ
အားလုံးပြောင်းလဲသွားပြီး…သူ့ရဲ့
ရိုးသားဖြူစင်တဲ့စိတ်ကလေးကို
မင်းအရောင်းဆိုးသလိုဖြစ်နေပြီး
တစ်အိမ်ထဲအတူနေနေ့တာပဲ သိုးလေး
ဘာဖြစ်နေလဲ ဆိုတာ မင်းသိလား
မင်းရဲ့အပြုမူက ဘာနဲ့တူသလဲဆိုရင်း
ပညာရှိတစ်ယောက်ရဲ့နိုပ်စက်မူမျိုးနဲ့ တူတယ်………''

နေဘုန်းသိုက် ကိုကိုအောင်ကို စူးစိုက်ကြည့်လိုက်သည်။

''သိုးလေးက မင်းကို ဘာတွေပြောလိုက်လို့လဲ……''

''သူ့ ငါကို မင်းနဲ့ ပတ်သတ်လို့ ဘာမှမပြောဘူး အေး အဲ့လိုမပြောတာကိုက အားလုံးကို
ငါသိလိုက်တယ်…ငါလိုပဲ သူ့လဲ မင်းရဲ့စိတ်ခံစားချက်ကို မင်းက ဖွင့်မပြောပေမယ့် သူ့သိနေတယ်ကိုနေ…
မင်းကွာ…ကိုယ်ဝန်ပျက်ကျသွားတာနဲ့
ဒီလောက်အထိ ခံစားမနေသင့်ဘူး
မင်း ခံစားရတာထက် သိုးလေးက ပိုပြီး
နာကျင်ခံစားနေရတယ်……''

''ဒါက သူ့ပြုမူတဲ့ အပြုမူကြောင့် သူ့ဘာသာ ခံစားရတာပဲ ငါနဲ့မဆိုင်ဘူး ''

ခပ်အေးအေးပြောလိုက်တဲ့နေဘုန်းသိုက်ကို ကိုကိုအောင် ဆက်ခနဲ့ကြည့်လိုက်သည်။

''သူ့ ပြုမူတဲ့ အပြုမူအတွက်ဟုတ်လား…
မင်းတော်တော် အကြင်နာတရား ကင်းမဲ့တာပဲ…အဲ့လိုပြောကြေးဆို
ရှင်းသိမ့်မွှေး မင်းအိမ်ကအပြန် သူ့ဘာသာသူ ကားအက်ဆီဒင့်ဖြစ်ပြီး
သေဆုံးတုန်းက သူ့ အဲ့လိုဖြစ်တာ
မင်းကြောင့် ဆိုပြီး သိမ့်မွှေးနဲ့ပတ်သတ်တဲ့ လူတစ်ယောက်က စွတ်ဆွဲရင်း မင်းဘယ်လိုနေမလဲ အခု
သိုးလေးက သူ့ကြောင့် ကိုယ်ဝန်ပျက်ကျ
တာဆိုပြီး ခံစားနေရတာလေ
မင်းမှ မင်းရင်သွေးလေ ဆုံးရှုံးသွားလို့
ကြေကွဲ ခံစားနေရတယ်လို့ မထင်နဲ့ မင်းခံစားနေရတာထက် သိုးလေးကပိုတယ် သူ့က မိခင်တစ်ယောက် သူ့ကိုယ်တိုင်ဝမ်းနဲ့လွယ်ထားရတာ
အခု ဖြစ်သွားလို့ သိုးလေးက နောက်ထပ် ကလေးမရနိုင်တော့မယ့်
သူမဟုတ်ဘူး ရနိုင်သေးရဲ့သားနဲ့
မင်း ဒီလို လုပ်နေတာကို အံ့သြတယ်
ဒီလိုပြောလို့ မင်း ငါက မကျေနပ်ဖြစ်ပြီး
ထိုးချင်လဲ ထိုးလိုက် ငါခံယူမယ်
တစ်ခု မင်းသတိထားရမှာက
သိုးလေး မင်းထက် အများကြီး အသက်ငယ်သေးတယ်ကိုနေ……''

နေဘုန်းသိုက် ကိုအောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြော။
သိုးလေး ခံစားနေရတာကို သူ့မသိဘူး
မဟုတ်သိသည်။ဟိုတုန်းကလို ကလေးဆန်ဆန်မဟုတ်တော့ပဲ
ခံစားချက်တစ်မျိုးနဲ့ ရင့်ကျပ်သွားတာကိုလဲ သူ့သိတယ်။
ဒါပေမယ့် သူ့စိတ်ထဲ ဘာကိုမှန်းမသိ
အခဲမကျေသလို ဖြစ်နေ၏။
အခုဆို သိုးလေး သူ့အခန်းထဲမှာ
အတူမနေတော့ပဲ ဟိုအရင်းက
သူမအခန်းထဲကိုသွားနေသည်။
သိသိချင်း သူ့ဒေါသထွက်ပြီး ပြောမလို့
ပြင်လိုက်ပေမယ့် သူမ စိတ်ကြိုက်နေချင်နေပါစေဆိုပြီး လွှတ်ထားလိုက်တာ။
သူ့နဲ့ သိုးလေး ဘာလိုလိုနဲ့ သူစိမ်းတွေလိုဖြစ်နေတာ ကြာပြီး။
အခု သိုးလေး ကိုအောင်ကို ဘာတွေပြောလို့ ကိုအောင်က သူ့ကို
အပြစ်တွေတင်နေလဲ သူ့နားမလည်။

''ငါ တစ်ခု တောင်းဆိုချင်တယ်ကိုနေ
မင်း သိုးလေးကို ပစ်မထားပါနဲ့……''

လေသံအေးအေးဖြင့် ပြောလာတဲ့
ကိုအောင်အသံကို နားထောင်ရင်း……

''ငါ သူ့ကို ပစ်မထားဘူး အခု သူ့ရှိနေတာပဲ ……''

''မင်းက ဘာမပြော ညာမပြောနဲ့
အေးဆက်ဆက်ကြီး လုပ်နေတာလေ ''

''ငါ ဘာမှ ပြောစရာမရှိလို့ပါ ''

''မဖြစ်သင့်တာပဲ လင်မယားတွေ ဖြစ်နေပြီး ပြောစရာ စကားမရှိဘူးဆိုတာ
ဖြစ်သင့်ရဲ့လား……''

နေဘုန်းသိုက် နူတ်ဆိတ်နေသဖြင့်……

''မင်းကို ငါမေးရအုံးမယ်……မင်း သိုးလေးကို မချစ်တော့ဘူးလား
စိတ်ကုန်သွားပြီးလားကိုနေ……''

နေဘုန်းသိုက် ဘာမှမပြောပဲ ဒီအတိုင်
နေနေ့တာကြောင့် ကိုကိုအောင်
သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း……

''သိုးလေးက ပြောတယ် မင်း သူ့ကို သိပ်ချစ်တာကိုယုံတယ်တဲ့…ဒါပေမယ့်
မင်းသိပ်ချစ်တာက သူ့ကိုတော့မဟုတ်ဘူး မင်းရဲ့လူဖြစ်ခွင့်
မရလိုက်တဲ့ ရင်သွေးလေးကို သိပ်ချစ်တာတဲ့……မင်း သိုးလေးပြောသလိုပဲလားကိုနေ……''

ဒီတစ်ခါတော့ နေဘုန်းသိုက် ကိုအောင်ကို ဆက်ခနဲ့
ကြည့်လိုက်သည်။ကိုအောင်ကလည်
နေဘုန်းသိုက် မျက်ဝန်းထဲကို စူးစမ်းသလိုကြည့်နေသဖြင့် သူ့တို့
အကြည့်ချင်ဆုံးသွားကြ၏။

®®®®÷÷÷÷®®®®÷÷÷÷®®®®

''သိုးမွှေးဖြူ…သိုးမွှေးဖြူ…မင်းဘယ်မှာလဲ
လာစမ်း………''

နေဘုန်းသိုက် ကုမ္ပဏီကနေ ကိုအောင်
စကားများကို နားထောင်ပြီး အပြန် ဘီယာသောက်ခဲ့သဖြင့် လူက မူးနေ၏။
အခု အိမ်ရောက်တော့လဲ သိုးလေး အခန်းကို လျှောက်လာကာ အော်ခေါ်လိုက်သည်။
သူ့ အသံကြောင့် ဒေါ်လေးတင် နောက်ဖေးမီးဖိုးချောင်ထဲကနေ ခပ်သွက်သွက်ထွက်လာပြီး………

''မောင်နေဘုန်း သိုးလေးက အပေါ်ထပ်မှာ……''

''ဗျာ အပေါ်ထပ်မှာဟုတ်လား…
ဘာလုပ်တာလဲ……''

ယိုင်လှဲတော့မတတ် မူးနေတဲ့နေဘုန်းသိုက်ကို ဒေါ်လေးတင်
စိတ်ညစ်စွာကြည့်ရင်း……

''အခန်းသွားပြင်နေတယ် ထင်တယ် ''

''အင်း ကျွန်တော် သွားလိုက်အုံးမယ် ''

ဒရီးဒယိုင်ဖြင့် သွားကာ အပေါ်တက်သွားတဲ့ နေဘုန်းသိုက်ကို
ကြည့်ပြီး သက်ပြင်းတစ်ခုကို လေးလေးပင်ပင်ချမိသည်။
နေဘုန်းသိုက် အပေါ်ထပ်သူ့ အခန်းကို
လျှောက်လာပြီး အခန်းတံခါးကို တွန်းဖွင့်
ဝင်လိုက်၏။

''ဝုန်း ''

''ဒိုင်း……''

သိုးလေး ဦးနေဘုန်းသိုက် အိပ်ရာကို
သေချာပြင်ဆင်နေရာမှ တံခါးကို ကြမ်းထန်စွာ တွန်းဖွင့်၍ ဒိုင်းခနဲ့ မြည်အောင်ပိတ်လိုက်တဲ့ အသံကြောင့်
အလန့်တကြား လှည့်ကြည့်လိုက်သည်။

''ဟင်……''

မျက်နှာကြီးနီရဲတင်းမာစွာ သူမထံသို့
ဒရီးဒယိုင်လျှောက်လာတဲ့ ဦးနေဘုန်းသိုက်ကို မြင်တော့ ထိတ်လန့်မူဖြင့် မျက်လုံးလေးက ဝိုင်းစက်သွားကာ လူက ဆက်ခနဲ့ မတ်တတ်ရပ်လိုက်သည်။
သိုးလေး တကယ်တော့ နေ့တိုင်လိုလို
သူ့အခန်းကိုရှင်းပေးနေကြ။
အိပ်ရာကိုပြင်ပေးနေကြပါ။သူ့မရှိတဲ့အချိန်မှ ဝင်၍ ရှင်းပေး ပြင်ပေး၏။
ခါတိုင် သူ့ ဒီအချိန် အိမ်ပြန်မလာသေး။
ဒီနေ့မှ စောစီစွာ ရောက်လာတဲ့ သူ့ကို
သိုးလေး အံ့သြသလိုကြည့်ရင်း အခန်းထဲကထွက်ရန် ပြင်လိုက်သည်။

''နေဦး…''

သူမ အရှေ့ကို ဟန့်တားသလို့ရပ်လိုက်တဲ့ သူ့ကို
ကြည့်ရင်း တဆက်ထဲ နှာခေါင်ဝသို့
ရောက်လာတဲ့ ဘီယာအနံ့ကြောင့် သူ့ မူးနေပြီးဆိုတာ သိကာ သိုးလေး စိတ်အကြီး အကျယ်ညစ်သွား၏။
နေဘုန်းသိုက် သိုးလေးကို ရီဝေမူးရစ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ကြည့်ရင်း……

''မင်း ကိုအောင် ကို ဘာတွေပြောထားတာလဲပြောစမ်း…''

သိုးလေး သူ့ကို မျက်ခုံးလေးတွန့်၍ ကြည့်လိုက်ပြီး……

''ကျွန်မ ဘာမှမပြောဘူး ''

''ကျွန်မ ဘာ ကျွန်မလဲ မင်းက ငါနဲ့ သူ့စိမ်းဆန်ဆန်နေချင်တာပေါ့ ဟုတ်လား……''

မူးသာ မူးတာ ဒါကျတော့ သိတဲ့ သူ့ကို
စိတ်ပျက်စွာဖြင့် သိုးလေးကြည့်၍ ဘာမှမပြော။

''မင်း ကိုအောင်ကို တစ်ခုခုပြောပါတယ်
ငါကို မညာနဲ့ ……''

''ဘာမှ သူ့ကို မပြောပါဘူးဦးနေဘုန်းသိုက် ''

''သေချာလို့လား…ဟိုက ငါကို ပြောလိုက်တာ ရစရာကို မရှိဘူး
မင်း ဘာကိစ္စ သူ့ကို ခံစားချက်တွေ
ရင်ဖွင့်ပြနေတာလဲ သူ့နဲ့မင်းက ဘာဆိုင်လို့လဲ…ငါက မင်းယောကျာ်းကွ
မင်းက ငါမိန်းမ……''

ဒီလိုဆိုရင်း ခင်ဗျားက သိုးလေးကို
ကိုယ်ရဲ့ဇနီးမယားတစ်ယောက်အဖြစ်
သတ်မှတ်သေးလို့လား။
သူစိမ်းတွေထက်မက စိမ်းတောက်နေတာ မင်းက ငါမိန်းမတဲ့လား။ခင်ဗျားမို့ ပြောထွက်တယ်။လူမှန်း သူမှန်း မသိအောင် မူးနေလို့ ပြောတာလို့
သိုးလေး သတ်မှတ်ရတော့မှာပေါ့။

''မင်းက ငါကို ငါရဲ့ရင်သွေးကိုပဲ ချစ်တာ
မင်းကို မချစ်ဘူးလို့ပြောတယ်ဆို ဟုတ်လား……''

သိုးလေး ဘာမှမပြောပဲ ဒီအတိုင်နူတ်ဆိတ်နေသဖြင့် နေဘုန်းသိုက် သိုးလေး လက်ကိုတွန်းလိုက်ပြီး……

''ငါမေးနေတယ် ဟုတ်လားလို့ ''

သိုးလေး ယိုင်ခနဲ့ဖြစ်သွားတဲ့ ကိုယ်ကို
မတ်ရင်း………

''ဟုတ်တယ် ''

''မင်းကို ငါ ချစ်ခဲ့တာလေ ဟော့ဒီရင်ဘက်ကြီးနဲ့မဆန့်အောင်
ချစ်ခဲ့တာ……''

သူ့ရင်ဘက်ကို ခပ်ပြင်းပြင်းပုတ်ပြကာ
ပြောလိုက်တဲ့ သူ့ကို သိုးလေး ကြည့်ရင်း
အကြည့်ကို လွဲဖယ်လိုက်သည်။

''မင်းကသာ ငါကို မချစ်တာ မင်းကိုချစ်လို့ ငါရဲ့သွေးသားကိုလဲချစ်တာ
ဒါကို မချစ်ဘူးပြောတယ် မင်းကို ငါက
ဘယ်လောက်အထိ ချစ်ပြရအုံးမှာလဲ ''

အခု သိုးလေးကို ခင်ဗျားမချစ်တော့ဘူး
မဟုတ်လား ဆိုတဲ့ စကားကို သိုးလေး မမေးတော့ပါ။သူ့ အရမ်းမူးနေတယ်။
နီရဲနေတဲ့ မျက်နှာနဲ့ ယိုင်လှဲတော့မလို
ဖြစ်နေတဲ့ သူ့ကိုကြည့်ရင်း……

''ခင်ဗျားမူးရင်း အိပ်လိုက်တော့ ''

''မအိပ်ဘူး…မင်း ငါကို ဆရာမလုပ်နဲ့
ငါ မင်းကိုနည်းနည်းလေးမှ မကျေနပ်ဘူးသိုးမွှေးဖြူ…မင်းဘာကြောင့်
အတွင်းမီးကို အပြင်ပို့ရတာလဲ
မင်းက အရမ်းခံစားနေရတယ် ဟုတ်လား…ငါထက် ပိုပြီး ကြေကွဲခံစားနေရတယ်ဆို ''

သိုးလေး သူ့ကိုကြည့်ရင်း ဘာမှမပြောမိ။
သိုးလေးကို ရန်လုပ်ချင်နေပုံရတဲ့
သူ့ကို သိုးလေး ဘာစကားမှ မပြောချင်။

''ငါလည် ခံစားရတာပဲကွ ငါရဲ့ပထမဦးဆုံးရင်သွေးလေး မလိုအပ်ပဲ ဆုံးရှုံးသွားရတာ မင်း အနေထိုင်မတတ်လို့……''

ပြောပါ။ဟုတ်ပါတယ် သိုးလေး အနေထိုင်မတတ်လို့ ဖြစ်သွားတာပါ။
အဲ့ဒီအတွက် သိုးလေး အရမ်းနောင်တရပါတယ်ဦးနေရယ်။

''ငါ စိတ်ကူးတွေနဲ့ရူးခဲ့ရတာ ဒီလောက်တော့ ငါခံစားရမှာပဲ
မင်းက ငါထက်ဘယ်လောက်များ
ပိုပြီး ကြေကွဲခံစားနေရလို့လဲ
မင်းက ကလေးကို သိပ်ပြီး အလိုမရှိဘူးလေ ဘာခံစားနေရတာလဲ
ပြောစမ်းပါ……''

''အဲ့လို မပြောပါနဲ့ သိုးလေးလဲ ကိုယ်ရင်သွေးကို လိုချင်တာပဲ မထင်မှတ်ပဲဆုံးရှုံးလိုက်ရတာ
မခံစားရဘူးလို့ ဦးနေ ထင်လို့လား ''

''ထင်တယ်ကွာ မင်းခံစားရတယ်ဆိုတာကို ငါမယုံဘူး ''

မယုံဘူးဆိုတာ အစခနဲ့က သိုးလေး သိပြီးသားပါ။ဒါကြောင့် ခင်ဗျားကို ယုံပါလို့ သိုးလေးမပြောခဲ့ဘူး။
ခင်ဗျား ယုံကြည်လာမဲ့အချိန်ကိုပဲ စောင့်နေတာပါဦးနေ။

''သွားတော့မယ် ပြောစရာရှိရင်း အမူးပြေမှပြော……''

''ဘာ မင်းက ငါမူးလို့ပြောနေတယ်များ
ထင်နေလား ''

မထင်ပါဘူး။ဦးနေ ရဲ့ စကားတွေက
ရင်ထဲကလာတဲ့ သိုးလေးကို ပြောချင်တဲ့
စကားတွေမှန်းသိုးလေးသိပါတယ်။
အရက်မူးတော့ ကျွဲခိုးပေါ်ဆိုသလို
ဦးနေ မူးတော့ ဦးနေရင်ထဲက သိုးလေးကို မကျေနပ်တာတွေပေါ်လာပြီးလေ။

''မင်းက နဲ့ကျတော့ စကားမပြောချင်ဘူး
ကိုအောင်နဲ့ကျတော့ပြောတယ်
ငါက မင်းယောကျာ်းကွ……''

သိုးလေး သူ့ကို ဆက်ခနဲ့ကြည့်ရင်း…

''ဦးနေ သိုးလေးတို့ကို စွတ်ဆွဲဖို့စိတ်မကူးပါနဲ့ သိုးလေးတို့က
ရိုးရိုးသားသားတွေ ဦးနေ ထင်သလိုမဟုတ်ဘူး…''

''ငါပြောတာ မဟုတ်လို့လား ကိုအောင်က မင်းနဲ့ပတ်သတ်ပြီး
ငါကို မကျေမနပ်ပြောနေလိုက်တာ
ငါ ရင်နာတယ်ကွ ''

''တော်ပြီး တော်ပြီး ဘာစကားမှ
မပြောချင်တော့ဘူး ခင်ဗျားက
တော်တော်ရက်စက်တဲ့လူပဲ ''

သိုးလေး သူ့ကို ဘာစကားမှမပြောချင်တော့သဖြင့်
အခန်းထဲက ထွက်ရန်ပြင်လိုက်သည်။

''မင်း မသွားရဘူး မင်းက ငါမိန်းမ
ငါစကားကို နားထောင်ရမယ် ဘယ်သူပြောတာမှ နားမထောင်းရဘူး
လာစမ်း……''

သိုးလေးကို နောက်ကနေ အားနဲ့ဆွဲလိုက်သဖြင့် သိုးလေး သူ့လက်ထဲစွေ့ခနဲ့ပါလာကာ
နေဘုန်းသိုက် ရင်ခွင်ထဲရောက်သွားပြီး
နဂိုခနဲ့က မူး၍ ယိုင်လှဲတော့မလိုဖြစ်နေတဲ့နေဘုန်းသိုက် သိုးလေးကို မနိုင်သလိုဖြစ်ကာ
ကုတင်ပေါ် နူစ်ယောက်သား လှဲကျသွား၏။
သိုးလေး အလန့်တကြား သူ့ကို တွန်းဖယ်၍ ထလိုက်တော့ နေဘုန်းသိုက် သိုးလေးကို ပြန်ဆွဲချကာ……

''မင်း ဘယ်သွားချင်နေရတာလဲ မင်းကငါမိန်းမ လာခဲ့……''

သိုးလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သဖြင့်
သိုးလေး အတင်းရုန်း၍………

''ဦးနေဘုန်းသိုက် ခင်ဗျားမူးနေရင်း
ကိုယ်ဘာသာနေပါ……''

''မူးရုံးမကဘူး ရူးချင်နေတာ ''

ပြောရင်း သူ့ရင်ခွင်ထဲကနေ အတင်းရုန်းနေတဲ့ သိုးလေးကို နေဘုန်းသိုက် ဒေါသထွက်ထွက်ဖြင့်
တင်းကျပ်နေအောင်ပွေ့ဖက်ပြီး
သူမ မျက်နှာအနံ့ကြမ်းကြမ်းထန်ထန်
နမ်းရှိုက်ပစ်လိုက်သည်။

''ဟင် ခင်ဗျား ''

သိုးလေး ကြောက်လန့်တကြားရုန်း
လိုက်သော်လည် သိုးလေးကို ဒေါသထွက်ကာ မူးရူးနေတဲ့ သူ့လက်အတွင်က ဘယ်လိုမှရုန်းမထွက်နိုင်။
မျက်နှာတစ်ပြင်လုံးနဲ့လည်တိုင်တစ်လျှောက်နမ်းရှိုက်ပြီး နူတ်ခမ်းလေးကို ကြမ်းထန်စွာ စုတ်ယူနမ်းရှိုက်လိုက်သဖြင့် ပူထူနာကျင်သွားပြီး အသိစိတ်နဲ့လား
မသိစိတ်နဲ့ဝေခွဲမရတဲ့ သူ့အနမ်းတွေထဲ
သိုးလေး မျက်ရည်များဖြင့် နာကျင်စီးကျကာ မျောပါသွားရသည်။

®®®®÷÷÷÷®®®®÷÷÷÷®®®®

''ဒေါ်လေးတင် ကျွန်တော်ကို သံပုရာချဉ်ချဉ်လေး တစ်ခွက်လောက်ဖျော်ပေးစမ်းပါဗျာ…''

နံနက် ကိုးနာရီလောက် နေဘုန်းသိုက်
အိပ်ရာက နိုးလာပြီး ခေါင်းထဲ နောက်ကျိနေသဖြင့် မျက်နှာသစ်၍
အောက်ထပ်ကို ဆင်းလာကာ
နောက်ဖေးမီးဖိုးချောင်ထဲဝင်၍ ဟင်းချက်နေတဲ့ ဒေါ်လေးတင်ကို
ပြောလိုက်သည်။

''အင်း ရမယ်မောင်နေဘုန်း ခဏစောင့် ''

နေဘုန်းသိုက် ထမင်းစားပွဲတွင် နားထင်ကို လက်ဖြင့် အသာထောက်ရင်း ငူငူကြီးထိုင်နေ၏။
မနေ့က သူ့ဘီယာသောက်တာ များသွားတယ်ထင်ရဲ့။
ကိုအောင် ပြောစကားတွေကြောင့်
သိုးလေးကို မကျေနပ်ကာ ပြောပစ်ရန်
အိမ်ကိုပြန်ခဲ့သော်လည် တအားမူးနေသဖြင့် သူမကို ပြောလား မပြောလား မမှတ်မိပေ။
ဒါပေမယ့် အိမ်မက်ထဲမှာတော့ သူ့ပြောနေ၏။
အခု မနက် သိုးလေးကို မမြင် ။
ဘယ်သွားလဲမသိ။ဒေါ်လေးတင်ကို
မေးဖို့စိတ်ကူးမရှိပေ။

''ဒီမှာ ရပြီးမောင်နေဘုန်း ''

''ဟုတ်ကဲ့…''

နေဘုန်းသိုက် သံပုရာရည်ခွက်ကို
သောက်လိုက်သည်။စူးခနဲ့ချဉ်သွားသဖြင့်
နောက်နေတဲ့ခေါင်း အတော်သင့်ကြည်လင်းသွားသလိုခံစားလိုက်ရ၏။နေဘုန်းသိုက် တစ်ခွက်လုံး
အကုန်သောက်ပြီးမှ အပေါ်ထပ်ကို
ပြန်တက်လာခဲ့သည်။
ရေချိုး အဝတ်စားလှဲကာ အပြင်သွားဖို့
အတွက် အောက်ထပ်ကို ပြန်အဆင်း ဘုရားခန်းထဲကထွက်လာတဲ့
သိုးလေးကို မြင်လိုက်ရ၏။
နေဘုန်းသိုက် သူမကို မြင်တော့
မျက်နှာကြီးက ခပ်တင်းတင်းဖြစ်သွားပြီး
အကြည့်ကို ဆက်ခနဲ့လွဲဖယ်၍ ဘာစကားမှ မပြောပဲ အောက်ထပ်ကို
ဆင်းသွားသည်။
သိုးလေး သူ့နောက်ကျောကို ကြည့်ရင်း
မျက်လွှာကို ချလိုက်၏။
တကယ် ဦးနေ သိုးလေးကို မကျေမနပ်ဖြစ်နေတာပဲ။ပြီးတော့ မြင်လဲမြင်ချင်ပုံမရ ဆက်ခနဲ့မျက်နှာလွဲသွားတဲ့ သူ့ ပုံစံကို
မျက်စိထဲပြန်မြင်ယောင်ရင်း သိုးလေး
မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်သည်။
အချစ်ကြီးရင်း အမျက်ကြီးတယ်တဲ့။
ဦးနေ သိုးလေးကို အချစ်ကြီးခဲ့လို
အခု အမျက်ကြီးတာပေါ့။
သိုးလေး သက်ပြင်းတစ်ခုကိုချ၍
မျက်တောင်ဖျားများကို တစ်ချက်ခပ်ကာ
အောက်ထက်ကို ဆင်းလာခဲ့သည်။
ဧည့်ခန်းထဲရောက်တော့ ခြံထဲကနေ မောင်းထွက်သွားတဲ့ သူ့ကိုနောက်မြှီးလေးကို မြင်လိုက်ရ၏။
သိုးလေးလဲ ဒီနေ အပြင်သွားစရာရှိသည်။ဒါကြောင့် သူမအခန်းထဲဝင်၍ ပိုက်ဆံအိတ်လေးကို
ယူလိုက်ပြီး ဖွင့်ကြည့်လိုက်၏။
သိုးလေးမှ ပိုက်ဆံသိပ်မရှိ။
နည်းနည်းပဲရှိတော့သည်။
သိုက်သုခ ခြံပိုင်ရှင်ရဲ့
ဇနီးတစ်ယောက်မှာ ပိုက်ဆံမရှိဘူးလို့
ပြောရင်း ဘယ်သူမှယုံမယ်မထင်။
သိုးလေး ပိုက်ဆံအိတ်ဇစ်ကိုပြန်ပိတ်လိုက်သည်။
သူမ အသုံးဆောင်လေးတွေ
ဝယ်စရာရှိတယ်။မဝယ်လို့မဖြစ်။
သိုးလေး လည်ပင်မှာ ဆွဲထားတဲ့ ဆွဲကြိုးလေးကိုရောင်းလိုက်ရမလား
စဉ်းစားကာ လက်ဖြင့် စမ်းလိုက်သည်။

''ဟင်…''

လည်ပင်မှာ ဆွဲကြိုးမရှိတော့သဖြင့်
သိုးလေး လူက ပူထူပျာသွားကာ
မှန်ကိုအပြေးသွားကြည့်လိုက်သည်။
ပြောင်သလင်းနေတဲ့ လည်ပင်လေးကို
ကြည့်၍ သိုးလေး မျက်လုံးလေးဝိုင်းစက်သွား၏။
ဘုရားရေ…သူမ ဆွဲကြိုးလေးက ဘယ်မှာ ကျကျန်ရစ်တာလဲ။
သိုးလေး သူမအိပ်ရာထဲ အသဲအသန်ရှာလိုက်သည်။
ခေါင်းအုံးတွေ စောင်တွေကို ဆွဲလှန့်ကြည့်သောလည်မတွေ့။
ရေချိုးခန်းမှ မကျန်
တစ်ခန်းလုံးအနှံ့လိုက်ရှာသည်။
ဒါပေမယ့် ဘယ်နေရာမှမတွေ့ပါ။
ဘယ်နား ပြုတ်ကျနေရစ်လဲ သိုးလေး မစဉ်းစားတတ်။
ဆွဲကြိုးလေးက မေမေဝယ်ပေးထားတာမို့ သူမ အရမ်းနမြောသွားသည်။
ဘယ်လိုမှ ရှာမတွေ့သဖြင့် သိုးလေး ဆက်မရှာတော့ပဲ ရှိတဲ့ပိုက်ဆံကို ယူကာ
အခန်းထဲကနေ ထွက်လာခဲ့၏။
သူမအပြင်သွားမယ်ဆိုတဲ့အကြောင်းကို
ဒေါ်လေးကို ပြောပြီးသား။
အခု သူမ ဘယ်သွားသွား ဦးနေဘုန်းသိုက် ခွင့်ပြုထားသဖြင့်
သူမ မြို့ထဲကို သွားလို့ရသည်။
သူ့ ခွင့်ပြုတယ်ဆိုတာ ကောင်းသော ခွင့်ပြုခြင်းမဟုတ်မှန်း သိုးလေးသိ၏။
ဒါကြောင့် သိုးလေး အပြင်မသွားပါ။
ဒီနေ့မှ လိုအပ်တာလေးဝယ်ရန် ထွက်လာရခြင်းပင်။
တက္ကစီငှါးပြီး သိုးလေး စင်တာတစ်ခုကို
ရောက်လာ၏။ဆိုင်ထဲကိုဝင်၍ သိုးလေး
လိုအပ်တဲ့ပစ္စည်းတစ်ချို့ကို ဝယ်လိုက်ပြီး
မိန်းကလေး အင်္ကျီရောင်းတဲ့နေရာကို
အရောက် အရမ်းလှတဲ့အင်္ကျီလေးကို
သဘောကျသဖြင့် ကိုင်ကြည့်ကာ
ဈေးနူန်းမေးကြည့်လိုက်သည်။
အရောင်းသမလေးပြောလိုက်တဲ့
ဈေးနူန်းကြောင့် သိုးလေး လက်တွန့်ကာ
အင်္ကျီကိုလွှတ်လိုက်သည်။
ထို့ဈေးနူန်းနဲ့ သိုးလေးမဝယ်နိုင်ပါ။
သိုးလေးမှာ ပိုက်ဆံအဲ့ဒီလောက်မရှိ။

''ဒီအင်္ကျီကို တို့ယူမယ် ''

သိုးလေးအနား ဖျပ်ခနဲ့ရောက်လာပြီး
ခုနက သိုးလေးကိုင်ကြည့်၍ မဝယ်နိုင်တဲ့
အင်္ကျီကို ယူကာ ပြောလိုက်တဲ့ အမျိုးသမီးကို သိုးလေးကြည့်လိုက်သည်။

''ဟင်…''

ဟိုတလောက ဦးနေဘုန်းသိုက်နဲ့ အိမ်ကိုလိုက်ခဲ့တဲ့အမျိုးသမီး။

''ရတီ ဝယ်လို့မပြီးသေးဘူးလား
ကြာနေပြီးနော်……''

အသံနဲ့အတူ အနီးနားကိုရောက်လာတဲ့
လူကို မြင်တော့ သိုးလေး အံ့သြကာ
မျက်လုံးလေးဝိုင်စက်သွားသည်။
ဦးနေဘုန်းသိုက် လက်ထဲမှာ ဆွဲကိုင်ထားလိုက်တာ အများအပြား။

''ကိုနေ ရတီ ဒီင်္ကျီလေးကို သဘောကျလို့ ဝယ်လိုက်မယ်နော် ''

''ဝယ်လေ……''

နေဘုန်းသိုက် ပြောရင်း သိုးလေးကို
မြင်သွားပြီး မျက်မှောင်ကြီးကြုပ်လိုက်သဖြင့်
သိုးလေး သူ့တို့ကိုကျောခိုင်းလိုက်သည်။

''ဒီအင်္ကျီကို ခုနက ထွက်သွားတဲ့ ကောင်မလေးလိုချင်နေတာ သူ့မှာ ပိုက်ဆံ သိပ်မပါဘူးထင်တယ်
နို့မို့ဆိုရင်း အမ ဒီအင်္ကျီကို မရဘူး ''

''ဟုတ်လား ''

အရောင်းသမလေးစကားကြောင့်
နေဘုန်းသိုက်ရင်ထဲ တစ်မျိုးကြီးဖြစ်သွား၏။
သိုးလေးမှာ ပိုက်ဆံမရှိတာ သူ့သိသည်။
ဟိုအရင်း သူ့နဲ့လက်မထပ်ခင်က
အလုပ်သမားခကိုရှင်းပေးသော်လည်
သူနဲ့လက်ထပ်ပြီး ဒါတွေမလိုတော့သဖြင့် သိုးလေး သုံးချင်သုံးရအောင် မီးခံသေတ္တာထဲကို
ထည့်ထားပေမယ့် သူ့ပိုက်ဆံက လျော့မသွား။သိုးလေးက အပြင်မသွားတော့ သုံးမှမသုံးတာ။
သူ့တို့နဲ့အဝေးကိုရောက်သွားတဲ့
သိုးလေးကို နေဘုန်းသိုက် တစ်ချက်ကြည့်၍ သက်ပြင်းတစ်ခုကို
တိတ်တဆိတ်ချလိုက်သည်။

သိုးလေး ပါးပြင်ပေါ်က မျက်ရည်ကိုသုတ်ပစ်လိုက်ပြီး တွေ့တဲ့
ကားကို ငှါးကာ အိမ်ကို ပြန်လာခဲ့သည်။
ကားသမားကို ခဏစောင့်ခိုင်းပြီး
ခြံထဲကိုဝင်ကာ တိုက်ဆီကို ခပ်သွပ်သွပ်သွား၍ အိမ်ထဲအမြန်ဝင်၍
သူမအခန်းထဲက သိပ်မများတဲ့အဝတ်တစ်ချို့ကို ခရီးဆောင်အိတ်ထဲထည့်လိုက်ပြီး
သူမ အခန်းလေးကို တစ်ချက်ကြည့်ကာ
အခန်းအပြင်ဘက်ကို ထွက်လာခဲ့၏။

''ဟင် သိုးလေး ဘယ်လဲ ''

မီးဖိုးခန်းထဲက ထွက်လာတဲ့ဒေါ်လေးကို
တွေ့သဖြင့် သိုးလေး လက်အုပ်ကလေးချီကာ မတ်တတ်ကန်တော့ရင်း………

''သိုးလေးကို အစစ အရာရာ ပြုစု ပြောဆို ဆုံးမခဲ့တဲ့အတွက် ဒေါ်လေးကို
ကျေးဇူးတင်ပါတယ် အခု သိုးလေး အိပ်ပြန်တော့မယ် ……''

''ဟင် မဟုတ်တာ ဘာလို့ ပြန်မှာလဲ
အလည်လား ''

''ဟင့်အင်း သိုးလေး သွားတော့မယ်ဒေါ်လေး ……''

ပြောရင်း အပြေးတစ်ပိုင်းထွက်သွားတဲ့
သိုးလေးကို ဒေါ်လေးတင် အံ့သြစွာ
ကြောင်၍ ကြည့်နေရာမှ သတိဝင်လာပြီး
ဧည့်ခန်းထဲကို အမြန်ပြေး၍ ဖုန်းကိုကိုင်ကာ နေဘုန်းသိုက်ထံဆက်လိုက်သည်။

နေဘုန်းသိုက် ကားမောင်းရင်း ဖုန်းမြည်လာသဖြင့် ကြည့်လိုက်သည်။
အိမ်ကဖုန်းနံပတ်မို့ ကားကို လမ်းဘေးခဏရပ်၍………

''ဟယ်လို……''

''မောင်နေဘုန်း သိုးလေး အိမ်ကထွက်သွားပြီး……''

''ဗျာ……''

ကြားလိုက်ရတဲ့အသံကြောင့် နေဘုန်းသိုက် အံ့သြ တုန်လူပ်သွားပြီး…

''သိုးလေးက အိမ်ကထွက်သွားပြီး ဟုတ်လားဒေါ်လေး ''

မယုံနိုင်သလို ပြန်မေးလိုက်သည်။

''ဟုတ်တယ် အခုပဲ အပြင်ကပြန်လာပြီး
သူ့အဝတ်စားတွေတင်ယူပြီးတော့
ထွက်သွားတာ ပြန်တော့မယ်တဲ့
မျက်နှာက ငိုထားတဲ့ပုံ ဘာဖြစ်တာလဲ
ဒေါ်လေးမသိဘူး ''

နေဘုန်းသိုက် ဖုန်းကိုပိတ်လိုက်ပြီး……

''ရတီ မင်း ကားပေါ်ကဆင်းတော့ ''

ဘေးမှာ တစ်ချိန်လုံးညိမ်နေတဲ့ ရတီကိုပြောလိုက်သည်။

''ဘာဖြစ်လို့လဲ ကိုနေ အိမ်ကို မလိုက်ပို့တော့ဘူးလား ''

''မြန်မြန်ဆင်းစမ်းပါ ''

ဒေါသထွက်သလိုပြောလိုက်တဲ့နေဘုန်းသိုက်ကို ကြည့်ပြီး ရတီ ကားပေါ်ကနေ ဆင်းလိုက်ရသည်။
သူမလည် မြေကြီးပေါ်ခြေအချ ကားကို
နေရာကနေ ဝေါ်ခနဲ့ မောင်းထွက်ခဲ့သည်။
မင်း ဒီလို ထွက်သွားလို့ မရဘူးသိုးလေး
ငါလက်မခံဘူးကွ။မင်း ဒီလို မလုပ်ရဘူး။
သူ့ကို အံ့သြစွာကြည့်ရင်း မျက်ရည်များဖြင့် ကျောခိုင်းသွားတဲ့
သိုးလေးကို မြင်ယောင်ကာ နေဘုန်းသိုက်ရင်ထဲ တစ်စို့ကြီးဖြစ်သွားပြီး နောင်တတစ်ခုက ရင်ထဲ ကိန်းအောင်လာသည်။……။

®®®®÷÷÷÷®®®®÷÷÷÷®®®®

ဆက်ရန်

အားလုံးကို ထာဝရဆယ်ကမ္ဘာကျေးဇူးတင်လျှက်ပါပဲလို့………