စိတ်သစ်၊လူသစ်၊ခံစားမှုအသစ်တွေနဲ့ ရှေ့ဆက်နိုင်ခဲ့ပြီလို့ ဆိုရမလား။ဘာပဲပြောပြော တစ်ရက်ထက်တစ်ရက် ရင်ထဲကခံစားမှုတွေ အရင်ကလို မနာကျင်တော့ပါဘူး။ဘယ်တော့မှ မပြုံးဖူးတဲ့ နက်နဲတဲ့အပြုံးတွေနဲ့ အဓိပ္ပါယ်ရှိရှိ ပြုံးနိုင်ခဲ့တယ်။အတိတ်က ဘယ်သူမှမသိတဲ့ ခံစားချက်တွေ ချင်းတောင်တန်းမှာ ခဝါချထားခဲ့တယ်။ချင်းပြည်နယ်ရဲ့ အလှတရားကြောင့် ငါ့ရဲ့စိတ်တွေ ရင့်ကျက်နေပါပြီ။
"အုံ့ပုန်းပူ လူမသိ"ဆိုသလို ကြိတ်မှိတ်မြိုသိပ်ခဲ့ရတဲ့ နှလုံးသားက စကားတွေကို အဖြူ ရောင်နေ့သစ်ဆီကို မသယ်ဆောင်တော့ပါဘူး။လူတစ်ယောက်ရဲ့ ခံစားချက်တွေကို အခြားလူမသိစေချင်တာကိုတော့ ကြိုက်သလို စွဲချက်ပေးနိုင်ပါတယ်။ငါ သတ္တိနည်းခဲ့လို့ ကျန်ရစ်ခဲ့ရတယ်လို့ ဆိုရတော့မှာပေါ့။ငါဟာ မီးထဲ တိုးဝင်နေတဲ့ ပိုးဖလံလေးလို၊ အချစ်ကြီးတဲ့ မင်းဒသလိုကိုယ်ကိုယ်တိုင် သတ်မှတ်ခဲ့ဖူးပါတယ်။ဒါပေမယ့် ငါ မင့်ကို စိတ်ဆင်းရဲအောင် ရူးရူးမိုက်မိုက်လည်း မလုပ်ရက်ခဲ့ပါဘူး။ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း သိလာခဲ့ပြီလေ။
နှလုံးသားရဲ့ ထောင့်တစ်နေရာကနေ စွဲစွဲမြဲမြဲ သံယောဇဉ်တွယ်ခဲ့ဖူးတာကို မင့်သိနိုင်ခဲ့မှာ မဟုတ်ပါဘူး။"မင့်ကို ငါချစ်မိနေပြီ"လို့ နှုတ်ကဖွင့်ဟ မဝန်ခံရဲခဲ့ပေမယ့် နင်နဲ့ငါ အကြည့်ချင်းဆုံတိုင်း ငါအမြဲတမ်း ဝန်ခံခဲ့တယ်။ဒါပေမယ့် ငါရဲ့အချစ်တွေဟာ တစ်ပါးသူအတွက်ပေးဆပ်ခြင်းနဲ့တာ ထိုက်တန်ခဲ့ပါတယ်။ ငါ့နှလုံးသား ချောင်ကျအောင် အဝေးကို လွင့်ပစ်ခဲ့ပေမယ့် ငါ့အတွက် မင့်ရဲ့ အမုန်းပန်းတွေ မပွင့်လာခဲ့တာကိုပဲ ကျေနပ်လှပါပြီ။အနာဟောင်းတွေကို ပြန်ဆွနေလို့လည်း နာကျင်ရုံကလွဲပြီး ဘာမှ မထူးတော့ပါဘူးလေ။
အခုချိန်မှာ လုပ်သင့်တာကို အကောင်းဆုံးရွေးချယ်ရမယ့်အချိန်ဆိုတာ ငါသိနေပါပြီ။ငါကြိုးစားတော့မယ်လို့ ဂတိတော့ မပေးရဲသေးဘူးဟ။ငါ့ရဲ့ရည်ရွယ်ချက်တွေ ယုတ္တိရှိရှိ သက်ဝင်လာတယ်။ဂန္တဝင်ဆန်ဆန်အတွေးတွေလည်း တွေးတတ်နေပြီ။ရုပ်လုံးပေါ် မှန်ချပ်ကြီးကိုကြည့်ပြီး နေ့သစ်တိုင်းရဲ့ ခွန်အားတွေကို ငါမွေးတတ်သွားပြီ။ဘယ်တော့မှ သွားနိုင်စွမ်းမရှိတော့ဘူးလို့ ခံယူထားတဲ့စိတ်ကလည်း အခုဆိုရင်ပြိုကျသွားခဲ့ပါပြီ။ငါ ကျောင်းဟောင်းကြီးထဲကို ပျော်ပျော်ကြီး သွားရဲနေပါပြီ။လူမရှိတော့တဲ့ စာသင်ခန်းထဲ ငါတစ်ယောက်ထဲ သွားကြည့်ဖြစ်တယ်။နင့်ရဲ့ ပုံရိပ်ယောင်တွေတော့ ငါမြင်ခဲ့ပေမယ့် ငါနှုတ်မဆက်ချင်တော့ဘူးလေ။စိန်ပန်းပင်၊တမာပင်တွေလည်း ဇွဲရှိရှိနဲ့ ချီတက်နေတယ်။ငါလည်း သူတို့တွေလို ထက်မြတ်တဲ့မျိုးဆက်သစ် ရတနာကောင်းတစ်ပွင့်တော့ ဖြစ်ချင်တယ်။
အိပ်မက်ဆန်ဆန် ပြောင်းလဲသွားတဲ့ငါ့ကိုလည်း သူငယ်ချင်းတွေက ချီးကျူးနေကြပြီ။ကျောင်းဆောင်သစ်ကြီးကလည်း ငါ့ကို လက်ဝေ့ပြပြီး ကြိုဆိုနေပြီ။အခုဆိုရင် မိုးပွင့်လေးတွေနဲ့အတူ ခံနိုင်ရည်ရှိစွာနဲ့ ချီတက်နေပြီလေ။
အချစ် စာစောင်လေးကို ကိုယ်တိုင် ပုံဖော်ရေးဖွဲ့ထားပါသည်။ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ်လို့ ထင်ပါတယ်။
Own Creater
@tamuthar
click here!This post received a 2.6% upvote from @randowhale thanks to @tamuthar! For more information,
ရင်ထဲ အလုံးကြီးကျန်ထားတယ်ထင်တယ်ဗျာ ပြန်ဘဲခွဲထုတ်ရမှာလား ခွဲထုတ်ပြီးရင်ရော ချင်းတောင်တန်းဆီပြန်သွားထားရမှာလား ဒါတော့မဖြစ်နိုင်ဘူးထင်ပါတယ် ငါ့နှလုံးသားက ကျောခိုင်းထားခဲ့တဲ့နေရာကို ဘယ်လှည့်ကြည့်လို့ဖြစ်မှာလည်း တမာပင် စိန်ပန်းပင်တွေကြားမှာဘဲ အေးအေးနေပါရစေတော့ တမူးသူ လေးရေ
ပို့တ် ပိုင်ရှင်ထက် လက်စွမ်းထက်နေတယ်...ခ်
အမလေး မဟုတ်ရပါဘူးဗျာ
ခေါင်းစဉ် စာစောင်
အချစ်စာစောင် လေးပါ
Hello kwee ta muuuuuuuu are u ok?
Not bad!
ဝမ်းနည်းမိပါ၏
အဖော်ရပြီကွ..
nice post bro!
ကျေးဇူး အကို
sorry bro
အယင်နေ့တွေက vote မပေးခဲ့ရဘူး
၇ရက်မပြည့်သေးတဲ့ပိုစ့်တွေ ခုအကုန် vote ခဲ့ပါတယ်
ရပါတယ်ဗျာ...ကျေးဇူးပါ
ဆက်လက်ချီတက်ပါခင်ဗျ
ဟုတ်ကဲ့ပါ ခင်ဗျာ ကျေးဇူးပါ
ခံစားချက်လေးတွေထွက်လာပြီဗျိုး 😊😊
ကို @komoezaw ရယ် ကျွန်တော်က ခံစားချက်မရှိလည်း မဟုတ်က ဟုတ်ကတွေ ပေါ်တတ်တယ်ဗျ..😃
nice post
ကျေးဇူးပါဗျာ
ကောင်းတယ်ဗျာ ။ စိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တယ် good.
ကျေးဇူးပါ အကို...😘
done
ကျေးဇူးပါဗျာ...😊
ကောင်းတယ်ဗျာ ။ စိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တယ် good.
ကိုကြီး robotလုပ်ထားတာလား cmdကိုပြန်ကြည့်...😃😃