ချစ်သောထိုနှင်းဆီ
Part(3)
အိမ်ကြီးက အုတ်ခံပျဉ်ထောင်ဖြစ်ကာ အပေါ်မှာရောအောက်မှာပါ အိပ်ခန်းတွေရှိနေသဖြင့် ဘကြီးသောင်းတို့အိမ်လေးမှာအဆင်ပြေသည်။
ထို့ပြင် တေအိမ်ဆိုပေမဲ့ရေချိုးခန်းအိမ်သာက အိမ်ထဲမှာပဲ ရှိနေတာမို့ နေသာထိုင်သာတော့ရှိသားဟု တွက်ချက်မိ၏
ဦးစိုးမိုးသူက
ရွာထဲမှာဒီအိမ် အကောင်းဆံးပဲဖစ်မယ်ကွ၊တောအိမ်ပေမဲ့ မဆိုးပူး" ဝိုင်းစက်စက် လမင်းကြီးပေါ်နေသည့်ကျောက်စည်ထဲက ရေပြင်ကို ချစ်သောကဝရန်တာကနေ လိုက်ငုံ့ကြည့်သည်၊ ဦးစိုးမိုးသူပြောတာကို စိတ်မဝင်စားသလို ဘာမှပြန်မပြောဘဲလင်းနေသည့်အိမ်တွေဆီ မြင်မြင်သမျှလိုက်ဝေ့ကြည့်၍
တယောက်တခန်းပြင်ပေးတယ်ဆိုတာ မိန်းခလေးတွေအိပ်တဲ့အခန်းဆို ကျွန်တော်မအိပ်ပူး"
မဆိုင်သည့်စကားကို ထပြော၏
မိန်းခလေး အိပ်တဲ့အခန်းရယ် ဘာရယ်ရှိမလားကွာ ဒါစံပါယ်တို့ညီအမအိမ် လူမနေတာကြာပြီဥစ္စာ၊ ငါတို့ ကောင်းကောင်းအနားယူလို့ရအောင် သူတို့လာရှင်းပေးထားတာ...."
ဘာဖစ်ဖစ် မိန်းခလေးနံ့ရရင်တော့ မအိပ်ပူး"
``သူတို့ညီအမနှစ်ယောက် ကလေးဘဝတုန်းကဘဲဒီမှာနေဖူးတာ၊မိန်းခလေးနံရရင်လဲ ကလေးပေါက်စမိန်းခလေးနံပဲရမာ"
``ထမင်းစားတော့လဲမင်းကရှုံ့ မဲ့နေတာကို အဘွားကစကားကောင်းနေလို့မသိတာ၊ကလေးကျနေတာပဲချစ်သောရာ...တနေကုန်ပန်းသီးတွေပဲ စားနေတာ၊မင်း ရေအိမ်ဝင်ရင်ပန်းသီးတွေအဖတ်လိုက်ထွက်လာအူးမယ်"
``ဟား!.. ညစ်ညစ်ပတ်ပတ်တွေပြောပြီ၊ဒီမှာတင်းနေတာ"
တင်းမှာပေါ့ကွ ဗိုက်မှမပြည့်တာ၊စိတ်ကအလိုလိုနေရင်းတို နေပြီပေါ့၊......"
ဘယ်လိုလုပ်စားလို့ရမှာလဲ ၊ကြက်တွေကို ရှေ့ မှာဘဲရိုက်သတ်ပြီးချက်တာ"
``ဒါကတောသဘာဝပဲ၊လတ်လတ်ဆတ်ဆတ် တခါတလေစားရတယ်လို့ပဲ မှတ်"
မျက်နှာတခြမ်းပဲအလင်းရောင်ကျနေပေမဲ့ ချစ်သော ဆံပင်တွေခါပြီး ကျွတ်ခနဲ ရှုံ့ မဲ့သွားတာကိုမြင်နေရသည်။
``လုပ်မနေနဲ့. မြန်မြန်ပြန်ဖို့ပဲစဉ်းစား၊လေးလေး အေးတိအေးစက် လုပ်နေရင် ကျွန်တော်ကားမောင်းပြီးထွက်သွားမှာနော် ကြိုပြောထားတာ"
အိမ်ထဲ လှည့်ဝင်လာရင်း အိပ်ဖို့ကြည့်တော့ ဂွမ်းကပ် အပါးစလေး ခင်းကာ အိပ်ရာခင်းလေး အသစ်ကလေး ထပ်အုပ်ပေးထားသည်။
ခေါင်းအုံးလေးတွေကလဲသစ်သစ်လွင်လွင်ပါပဲ၊ ဒါပေမဲ့ စိမ်းသက်သော မွှေးနံ့တခုရနေတာကို နှာခေါင်းက တော်တော်နှင့်မယဉ်။
``ငါအိပ်ပြီနော် မင်းအိပ်လို့မရရင် မင်းရဲ့ ခြေရင်းမှာ စာအုပ်ဗီဒီရိုလေး တွေ့ လား၊သွားဖွပြီးဖတ်ပေါ့"
ဘာလုပ်ရမှာလံ..သူများအိမ်ကို ။ဘာဖစ်ဖစ်စိတ်က မကျေနပ်တာတွေပဲဖစ်နေသည်။ ထွက်လာကာစက ဒီရွာကိုဝင်ရမယ်၊ ချက်ချင်းပြန်ဖြစ်မှာမဟုတ်ပူးဆိုတာကို သိသည်။
စိတိထဲမှာဒီအစီအစဉ်ကြောင့်ဘာအနှောင့်အယှက်မှမဖစ်ခဲ့။ငယ်ငယ်တုန်းကမေမေနှင့်အတူရောက်ဖူးသောကြောင့် သူကိုယ်တိုင်လိုလိုလားလားရှိခဲ့သည်ထင်သည်။အခုကျမှ ဘာထဖစ်မှန်းမသိ။
အိပ်ယာပေါ်မှာ လူးလူးလွန့်လွန့်နှင့် ဘယ်လိုမှအိပ်မပျော်နိုင်။ နာရီကြည့်တော့ ညဆယ့်နှစ်နာရီ။ခွေးအူသံတွေကခွေးသံနှင့်မတူအောင် ဆွဲဆွဲငင်ငင်ကြီးဖြစ်လျက်။နားတွေပိတ်ထားမိသည်အထိနှောက်ယှက်၏
ချစ်သော အိပ်မရခြင်းနှင့် ည၏ လက်တံတွေကြားမှာ လုံးထွေးကာ မီးလည်း မမှိတ်ဖစ်အေ။ထိုစဉ်........
ကျီခနဲ မြည်သံနှသ့်အတု စေ့ထားသည့်တံခါးကပွင့်သွား၏။မျက်နှာကလဲ ထိုဘက်ကိုလှည့်ထားမိတုံးမို့ ပေါ်လာမည့်အရာကိုစိုက်ကြည့်နေမိသည်။
ထိန်လင်းနေသည့်မီးရောင်ထဲကို ဝင်လာသည့်အရာက မိန်းကလေးတယောက်ဖစ်နေခဲ့သည်။ ချစ်သော 'ဟ' ခနဲ ပါးစပ်ကထွက်ကာ ချက်ချင်းဌိုင်ပြီးသားဖြစ်သွားသည်။
အညိုရောင်ရှပ်အင်္ကျီပွပွ၊ ထမီအဖြူပွင့်တိုတိုနှင့် ဖျားလျားကျနေသောဆံပင် ပွယောင်းယောင်းက တင်ပါးလောက်ထိရှိ၏
မီးရောင်အောက်မှာ ခပ်ပြားပြား မျက်ခုံးတိုတိုနှင့် အညိုရောင်သမ်းသည့်နှုတ်ခမ်းတွေက ထင်းနေသည်။ အသားလတ်လတ် မေးရိုးကားချင်၏
သူမသည် တွခါးကိုလက်နှင့်တွန်းဝင်လာတာမဟုတ်ဘဲ တံခါးရှိမှန်းသိနေသဖြင့် လူနှင့်တျုးတိုက်ပြီးဝင်လာတာမျိုး......။
လက်နှစ်ဖက်စုံချလျက်နှငွ မျက်တောင်ခပ်နေပေမဲ့ ခပ်လေးလေး ။အထဲဝင်လိုက်ပြီး သူ့ ကိုမြင်တော့လဲ ဘာမှပြောင်းလဲမသွားခဲ့ဘံ မျက်လုံးတွေက မြင်နေကျမြင်ကွင်းကိုကြညွနေတာမျိုးပင်
``မင်း......."
လူလား သရဲလား...။
ရုတ်တရတ်ကြီး မျက်နှာသေနှင့် ရှေ့ ကိုရောက်လာသဖြင့် ချစ်သောလန့်ဖျန့်ထရပ်မိသည်။ သူမကသူထသည့်နောက် မျက်လုံးတချက်ပင့်လာပြီး အခန်းထဲသို့ ပြန်ဝေ့ကြည့်သည်။
ပြီးတော့ဝါးခနဲ တချက်သမ်းကာ လည်ပင်းကုတ်ရင်း မျက်လုံးတွေစင်းကျသွားလိုက် ပြန်ပင့်လာလိုက်....
ရှည်လျားသည့် မျက်တောငိတွေက အစတည်းပသိပ်ကော့ပုံမရှိခဲ့ဘဲ ခုကျတော့တော်တော်အိပ်ချင်နေသည့်ပုံ ပေါက်နေ၏
ဒီမှာ မင်းဘယ်သူလဲ.."
ဟင်.."
လည်ပင်းကုတ်နေဏင်းငိုက်ကျမလိုဖြစ်နေသည့်ခေါင်းက ပြနိမတ်လာသည်
မင်းကိုမေးနေတာ "
ဘာမေးတာလဲ၊ မသိပူး"
စကားပြန်ပြောသည်ဆိုတော့ သရဲတော့မဖစ်နိငြ်။သူပင့်သက်ရိုက်၍ အားယူကာ.....
မင်းဘယ်သူလဲလို့ မေးနေတာ"
ဘယ်လိုလုပ် သိမှာလဲ "
``ဟာ.. ဟေ့ ဘာလုပ်တာလဲ "
ပြောချင်ရာပြောပြီး ချလျက်သားရှိသည့် သူ့ ခြင်ထောင်ထဲတန်းတန်းမတ်မတ်ဝင်၏
ဘာလုပ်မလို့မှန်း မသိဘဲကြောင်ကြောင်တောင်တောင်နှင့် ကြညွနေပြီးမှ ခြင်ထောင်ထဲကို ကိုယ်တပိုင်ရောက်ပြီဖြစ်သည့် သူမကြိ ကမန်းကတန်းပြန်ဆွဲထားရသည်။
မင်းဘာလုပ်တာလဲ၊ ထွက်.. ပြန်ထွက်"
ဘာလဲ ငါ့နေရာ ငါအိပ်မလို့ပေါ့ "
``ဘာ.. "
ယောက်ျားပေမဲ့ ကြက်သီးဖျန်းခနဲထသွားသည်၊ ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးသွားသည်ဆိုသော စံပါယ်တို့အမေလား.....
ပခုံးနှစ်ဖက်ကနေ ကိုင်၍ ဆွဲထူထားမိသည့်လက်ကို ယောင်ယမ်းလွှတ်ပြီးမှ နွေးနေသည့် အသားအရည်ကို သတိထားမိ၏
``ဟိတ်"
သူမကတော့လွှတ်လိုက်တာနဲ့အိပ်ယာထဲကိုပဲ ပုံချပစ်လိုက်ဖို့ အသင့်ဖြစ်နေသည်ဖြစ်ရာ အဝည်းအသန်ပြန်ဆွဲထားလိုက်ရင်း.....
``ဘာလုပ်တာလဲ မင်းဘသူလဲ။ပြောနော် သရဲဟုတ်မဟုတိသေချာအောင် တစ်ချက်လောက်ကျွေးပစ်လိုက်မယ်၊ မနာခင်ပြော...."
လက်တဖက်ကိုကြောက်မက်ဖွယ် မြှောက်၍ ရိုက်နှက်မယ့်ပုံ ပြပေမဲ့ သူမက ခေါင်းခါလျက်...
ကျွေးလဲ မစားချင်ပါပူး၊ မင်္ဂလာဆောင်မှာစားခဲ့ပြီးပြီ ဖယ်ပါ အိပ်မယ်"
မရဘူး ထွက်စမ်းအပြင်ကို"
``မထွက်ဘူး "
အိပ်ယာပေါ် ပုံချပစ်ဖို့ပဲ ကြိုးစားနေသည့် သူမကိုမရမက ဆွဲထုတ်ဖို့ကြိုးစားရင်း နှစ်ယောက်သားဆွဲလားရုန်းလား တွေ ဖြစ်နေစဉ်...
တက်စမ်းပါနင်ကလဲ မြန်မြန် ဒီမှာအရေးကြီးလို့ဥစ္စာ
အေးပါဟ. နင်တွန်းမနေနဲ့ "
စကားသံတွေ နဲ့ကမန်းကတန်း ခြေသံတွေ ကြားရတာ သိပ်မကြာလိုက်ဘဲ လက်နှိပ်ဓာတ်မီးကိုယ်စီနှင့် ဦးဘသောင်းတို့ လင်မယားကိုမြင်လိုက်ရ၏
သူတို့နောက်မှည စပါယ်ဖြူရယ် နွားတင်းကုပ်စောင့်သည်ဆိုသော ဦးတုတ်ကြီးတို့ပါလာသည်။
နှင်းဆီ.... "
အမလေး ဒုက္ခပါပဲ..."
သူ့လက်ထဲမှာ အိပ်ငိုက်သလို ပျော့တိပျော့ဖက်ဖစ်နေသည့် သူမကနှင်းဆီတဲ့လား..။ ရုတ်တရတ်မို့ လူတွေဆီ အာရုံရောက်သွား သဖြင့် တွန်းထိုးမှုတွေရပ်သွားစဉ် သူမက သူ့ ရင်ခွင်တစ်ခြမ်းမှာ ခေါင်းစိုက်နေ၏
မြင်ကွင်းကဘယ်လိုဏုံစံပေါက်သွားသည်မသိပဲ လူကြီးတွေကတော့ ပြူးပြဲကြည့်နေရင်း သူမကိုကဲ ပျာတိပျာယာ ပြေးဆွဲကသည်။
ထင်တယ်.. ဒီကိုပဲ ရောက်လာမှာဆိုတာ.."
အကြီးမ. ကိုယ့်ညီမကို ဘာဖစ်လို့ ဂရုမစိုက်တာလဲ"
ဝကလဲ အမြဲတမ်းဖြစ်နေတာမှမဟုတ်တာ၏ ဒီညဒီလို ဖြဟ်မယ် ထင်မလား "
ကဲ ရှင်ကလဲနောက်မှဆူပါ ၊ အားလုံးအိပ်ပျက်ကုန်ပါ့မယ်"
ဘာတွေဖစ်နေတာလဲဟင် " ရုတ်ရုတ်သဲသဲတွေ ဖြစ်နေရာက်ု ဦးစိုးမိုးသု ရောက်လာတော့ မျက်လံးတွေဖိပွတ်လျက်ဦးဘသောင်းက. ပျော့ဖတ်ဖတ် ယိုင်ထိုးနေသည့် နှင်းဆီကို ဒေါ်မြနှင့်စပယ်လက်ထဲထည့်ကာ
နှိုးမနေနဲ့တော့ အသာလေးခေါ်သွားပြီးပြန်သိပ်လိုက် "
``ဟုတ်တယ် သူအိပ်ချင်နေပြီ"
ချစ်သောဖစ်နေသမျှကို ဘာတခုမှနားမလည်တော့ပေ။ ဦးဘသောင်းက
``ငါ့သမီးအငယ်မလေးလေ မနက်တည်းကဟိုဘက်ရွာကိုရောက်နေတာ မနက်ဖြန်သူ့ သူငယ်ချင်းမင်္ဂလာဆောင်မှာမို့လို့ သွားဝိုင်းကူနေတာ "
ဦးစိုးမိုးသူမျက်လုံးတွေကျယ်ကာ ဒီကောင်မလေး ကိုယ့်တူအိပ်ခန်းထဲရောက်ရသည့်အဖစ်ကိုပဲ သိချင်မိ၏
ဦးဘသောင်းက ဆံပင်ဖြူတွေရှိနေသည့် ခေါင်းကို စိတ်မသက်သာသည့်မျက်နှာနှင့် တစ်ချက်ပွတ်ကာ အိပ်ယာဘေးမှာ ထိုင်လိုက်၏
ဒီခလေးမ အဲ့လို ယောင်တတ်တဲ့အကျင့်ရှိလို့ ညအိပ်ညနေဘယ်မှ မလွှတ်တာကွ ဘွဲ့ ရအောင်ဆက်မတက်ဖစ်တာလဲ အဲ့ဒါကြောင့်ပဲလေ"
ဘာ!.... အဲ့ဒါယောင်တာ "
ဟုတ်တယ် " တူဝရီးနှစ်ယောက်နျက်လုံးချင်းဆုံသွားပြီး ယုံဖို့ခက်ခဲသော အဖစ်က မျက်စိအောက်မှာပဲဖစ်သွာျးာမို့. လက်မခံနိုင်သော်လဲ ခေါင်းမခါနိုင်။
ထူးဆန်းတယ်နော် ဒါလဲရောဂါတမျိုးပဲ "
``ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့နှင်းဆီက မှတ်ဥာဏ်အရမ်းကောင်းတာကွ၊သူ့ ကြိ အာရုံကြောပျက်စီးတာမျိုးတော့ ပြောလို့မရပူး၊ကျုပ်တို့ကတော့ရိုးနေပါပြီ။
သူ့ အတွက် အန္တရာယ်မကြီးပူးလား ဘကြီး "
ဒီရွာမှာ ကိုယ့်ရွာသားချည်းပဲဆိုတော့ စိတ်ချရပါတယ် ဒါပေမယ့် ကျုပ်တို့ကဂရုစိုက်ပါတယ်၊ လူလေးနဲ့အငယ်မ စကားပြောလိုက်သေးလား "
ဦးဘသောင်းသူ့ ကိုမေးလိုက်သဖြင့် ချစ်သော ခေါင်းညိတ်လိုက်၏
``ရုတ်တရက် အခန်းထဲဝင်လာတော့ လန့်သလားတာပေါ့ အဲ့ဒါနဲ့ခြင်ထောင်ထဲဝင်မယ်လုပ်တော့ ဆွဲထားရင်းနဲ့ ဘကြီးသောင်းတို့ရောက်လာတာ "
သတင်းအစုံအလင် သိရတော့မှ ဦးစိုးမိုးသူက မျက်နှာကြီးပြုံးစိစိဖစ်သွား၏ ချစ်သော၏ မှုန်ကုတ်ကုတ်မကြည်လင်သည့် အကြည့်ကြောင့်သွားတွေပေါ်အောင် ရယ်လိုက်မိကာ......
ငါ့ကိုယ်ငါ အံသြလို့ပါချစ်သောရာ... တကယ်ပဲကိုယ့်ကိုကိုယ် အိပ်မပျော်သေးဘူးလို့ ထင်နေတာ ၊မင်းအိပ်မပျော်လို့ လှမ်းခေါ်ရင်ပြန်ထူးမယ် ဆိုပြီးတော့လေ "
တော်ပါတော့" ``တကယ်ပြောတာ မင်းဖြစ်ပျက်သွားတာတွေ သိကိုမသိလိုက်ဘူး "
``ကဲကဲ မနက်ကျမှမိတ်ဆအ်ပေးမယ် နှင်းဆီနဲ့မင်းတို့ဆုံမှမဆုံဖစ်သေးတာ အခု ပြန်အိပ်လိုက်ကြ၍ီး ၏့်နက်နေပြီ ကျုပ်ပြန်မယ် "
ဦးဘသောင်းက နေရာက ထပြီးမှ ပြန်လှည့်ကြည့်၍.....
``နှင်းဆီကယောင်ပြီး ထသွားပြီဆို ဒီအိမ်ကိုပဲရောက်ရောက်လာတာ များတယ်၊ အိမ်အောက်ကနွားတင်းကုပ်မှာထိုင်နေတာ မဟုတ်ရင် ဒီကိုလိုက်ရှာတာနဲ့တွေ့ တာပဲ၊ ဒါကသု့ အိမ်ကိုးကွ "
ပြောနေရင်းဆင်းသွားတော့ ဦးစိုးမိုးသူက. နောက်မှခပ်လှုပ်လှုပ်ပါသွားရင်း....
``နှင်းဆီ တဲ့လား၊ အကြီးမလေးက စပယံဖြူ သူကနှင်းဆီပေါ့"
``မဟုတ်ပူး သူ့ နာမည်က `ထိုနှင်းဆီ' "
ဟင်....
ထိုင်လျက်ကျန်နေခဲ့သော ချစ်သော ကြားလိုက်ရသဖြင့် မျက်ခုံးနှစ်ဖက်မြင့်တက်သွားပြီး ပြောနေကျစကားအတိုင်း
တောသူပေမယ့် လျော့မတွက်နဲ့......
Hi, I just followed you :-) Follow back and we can help each other succeed! @hatu