ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ အလုပ်အကိုင်တွေ…

in #mmgroup8 years ago

ကမ္ဘာပေါ်မှာအလုပ်လို့ မထင်ရလောက်အောင် အလုပ်လုပ်နေရတဲ့ ခံစားမှုမျိုးမဟုတ်တဲ့ အလန်းစား အလုပ်တွေလည်း ရှိနေပါတယ်။
ဒီအလုပ်တွေအကြောင်းသင်သိရင် လုပ်ချင်စိတ်တောင် ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုအလုပ်တွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) ဇိမ်ခံအိပ်ရာစစ်ဆေးသူ

ဇိမ်ခံဟိုတယ်ကြီးတွေမှာ အိပ်ရာတွေကို အိပ်ပြီးစစ်ဆေးပေးရတဲ့သူ ဖြစ်ပါတယ်။ အိပ်ပြီးတဲ့အခါ ဇိမ်ခံအိပ်ရာတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်ပြီးအစီရင်ခံရတာပါ။ တစ်နှစ်ကို ဒေါ်လာ နှစ်သောင်းဝန်းကျင် ရပါတယ်။

(၂) ကျွမ်းကျင်ပိုင်နိုင်စွာပွေ့ဖက်တတ်သူ

ဒီအလုပ်က တစ်နှစ်ကို ဒေါ်လာ သုံးသောင်းကနေ တစ်သိန်းကြား ရနိုင်တဲ့အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက ဂျပန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ နွေးထွေးပွေ့ဖက်ဖို့ လိုအပ်တဲ့သူတွေကို တစ်နာရီဆို တစ်နာရီစာပိုက်ဆံရပြီး ပွေ့ဖက်ထားပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

(၃) ကိုယ်ပိုင်သီးသန့်ကျွန်းအတွက်ဂိတ်စောင့်

ချမ်းသာတဲ့သူဌေးတွေက ကိုယ်ပိုင်ကျွန်းတွေကို ဝယ်ယူထားကြပြီး အဲဒီကျွန်းမှာ စောင့်တဲ့အလုပ်ကို လုပ်ကိုင်ရသူဖြစ်ပါတယ်။ တစ်နှစ်ကို ဒေါ်လာ တစ်သောင်းခွဲကနေ တစ်သိန်းခွဲအထိရနိုင်ပါတယ်။

(၄) BEN & JERRY'S FLAVOR GURU အတွက်အရသာမြည်းစမ်းတဲ့သူ

ရေခဲမုန့်၊ သကြားလုံး၊ အချိုပွဲမုန့်အမျိုးမျိုးရဲ့ အရသာကို မြည်းစမ်းပေးရတဲ့အလုပ်ဖြစ်ပါတယ်။ တစ်နှစ်ကို ဒေါ်လာ လေးသောင်းကနေ နှစ်သိန်းအထိရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

(၅) ရေလွှာလျှောစီး

အပန်းဖြေ ကစားကွင်းတွေက ရေလွှာလျှောတွေကို ကိုယ်တိုင်းစီးပြီးတော့ စစ်ဆေးပေးရသူဖြစ်ပါတယ်။ တစ်နှစ်ကို ဒေါ်လာ နှစ်သောင်းလေးထောင် ဝန်းကျင်ရပါတယ်။ အမြင့်၊ အမြန်နှုန်းတွေနဲ့ ရေသွယ်ထားတဲ့ နေရာတွေကို စစ်ဆေးထိန်းသိမ်းမှုတွေ ပြုလုပ်ရတာဖြစ်ပါတယ်။
မိတ်ဆွေတို့ရောဘာအလုပ် လုပ်နေတာလဲ ဘယ်လိုအလုပ်မျိုးလုပ်ချင်တာလဲ ဆိုတာမန့်သွားပေးနော်

Sort:  

အရသာမြည်းစမ်းသူတောင်ဖြစ်ချင်ထာ

ဇိမ်ခံအိပ်ရာစစ်ဆေးသူပဲဖြစ်ချင်တာ