ကျွန်တော်တို့အတွက် ကြီးပွားအောင်မြင်ရေး (၁)

တချို့ အောင်မြင်နေတဲ့ စီးပွားရေးသမားတွေ ပြောလေ့ရှိတယ်။ 'ယောကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် နည်းလမ်းသိရင် ပိုက်ဆံရှာဖို့ မခဲယဉ်းဘူးတဲ့။' နည်းလမ်းသိဖို့ပဲ အဓိကကျတယ်လို့ပဲ ဆိုလိုချင်တာပါ။ မည်သည့်နယ်ပယ်မှာမဆို အောင်မြင်နေတဲ့သူနဲ့ ဆုံးရှုံးမှုဘက်ကို ခြေလှမ်းနေတဲ့ လူတစ်ယောက်ရဲ့ ကွဲပြားခြားနားချက်ဆိုတာ ကိုယ့်မှာရှိတဲ့ အစွမ်းအစအပေါ် နားလည်ခြင်း၊ မလည်ခြင်းအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်ထင်ပါတယ်။
အောင်မြင်တဲ့ လူတစ်ယောက်ရဲ့ သဘာဝဆိုတာ သမန်လူတစ်ယောက်ရဲ့ သဘာဝနဲ့ ဘာမှပိုထူးမှာမဟုတ်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အားလုံးမှာ သဘာဝကပေးအပ်တဲ့ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းအပြင် ဘာမှမရှိပါဘူး။ အချို့ဆိုရင် ပါသင့်တာတောင်မှ မပါကြပါဘူး။ ဒါပေမယ့် အောင်မြင်ကြီးပွားတတ်ကြပါတယ်။ ဒါဟာသူတို့ရဲ့ အစွမ်းအစကို သူတို့နားလည်လို့ အောင်မြင်တယ်လို့ပဲ ကျွန်တော် ယူဆမိပါတယ်။ လူတစ်ယောက်စီမှာ ကွဲပြားခြားနားချက်ဆိုလို့ မဆိုစလောက်ပဲပါကြတာပါ။
ကျွန်တော်တို့ အားလုံးမှာ ရှိသင့်တဲ့ ဦးနှောက်စွမ်းရည်၊ ဥပဓိရုပ်၊ ခွန်အား စသည်တို့ထက် ပိုပြီးမျှော်မှန်းနေဖို့ မလိုအပ်ဘူးလို့ထင်တယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ လက်ဝယ်မှာရှိနေတဲ့ အချိန်အခါနဲ့ အခွင့်
အလမ်းတစ်ခုကို ဘယ်လိုအသုံးပြုရမလဲဆိုတာကိုတော့ မျက်ခြည်မပြတ် ဆင်ခြင်နေဖို့တော့ လိုမယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ဥပမာ steemit လို
Platform မှာ အောင်မြင်ဖို့ အခွင်းအလမ်းရှိရက်နဲ့ အသုံးမချဘူးဆိုရင် တခြားအခွင့်အရေးမှန်သမျှ မျက်ခြည်ပြတ်နေမှာတော့ အမှန်ပဲလို့ ကျွန်တော်ယူဆမိပါတယ်။ အဲ့ဒီလို အခွင့်အလမ်းကို အသုံးချတာဟာ အောင်မြင်ဖို့ အသက်၊ အဓိကအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
အဓိကကတော့ ကျွန်တော်တို့တွေရဲ့ အတွေးစိတ်ကူးဟာ အမြဲသန့်စင်နေဖို့လိုပါတယ်။ လှည်းကျင်းထားတဲ့ ကြမ်းခင်းတစ်ခုလို့ ကျွန်တော်တို့ရဲ့ အတွေးအိမ်ဟာ သင့်စင်နေရမယ်လို့ပြောချင်တာပါ။ ကျွန်တော်တို့ကို တွန့်ဆုတ်တွေဝေစေမယ့် အပျက်အတွေးမျိုးတွေကို ခေါင်းထဲကနေ ဖက်ထုတ်ဖို့ မဖြစ်မနေကို မိမိစိတ်ကို ဆင်ခြင်နေရပါမယ့်။ ကျွန်တော်တို့ အားလုံးကို အမြဲအနှောင့်အယှက်ပေးနေတဲ့ စကားဟာ 'အင်း ဖြစ်မှဖြစ်ပါ့မလား မသိဘူး' ဆိုတဲ့ ညည်းညူသံ ပဲဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က သင်္ချာတွက်နေရင် ငါ့အဖြေမှန်ပါ့မလားဆိုတဲ့ သံသယစိတ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။..
ပြီးတော့ ရှိသေးတယ် 'ငါလာပ်နေတဲ့ အလုပ်ကို တခြားသူက ဘယ်လိုတွေ မြင်သွားမလဲ ' ဆိုတဲ့ စိုးရိမ်စိတ်မျိုးလည်း ဖြစ်တတ်ကြပါတယ်။..ဒါဟာဆိုရင် အပျက်စိတ်နဲ့ ယှဉ်တွဲမိတ်ဖွဲ့နေတဲ့ ဖွားဘက်တော်ပါပဲခင်များ။ ရှက်တတ်တဲ့ စိတ်ကြောင့် ဖြစ်တတ်တဲ့သဘာဝပေါ့။ အဲ့လိုကြောင့်ကြစိတ်တွေ ပေါ်ပေါက်လာရင် ချက်ချင်း ပထုတ်ဖို့ နှင်ထုတ်ဖို့ သတိပေးပါရစေ steemit သူငယ်ချင်းတို့ရေ။
ဘာကြောင့်လဲ ဆိုတော့ အဲဒီမကောင်းဆိုးရွားနတ်ဆိုးက အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်ချင်နေတဲ့ ကျွန်တော်တိုကို အတားအဆီးပြုနေလို့်ပါပဲ။ ဒါကြောင့် အများစုအကျိုးလည်း မထိခိုက်၊ ကိုယ့်အတွက်လည်း အကြိုက်ဖြစ်မယ့် နည်းလမ်းဆိုရင် လုပ်သာလုပ်လို့ပဲ တိုက်တွန်းပါရစေလား.......
Wiriter>>> @konay1997
#motivation 2017
good ပဗျ
THANKS @mgmgaung
Very good
စိတ်ကိုအောင်နိုင်ခြင်းက အဓိကပါပဲ ဘဒို
စိတ် သာရှင်စော လို့ကြားဖူးပါတယ်ဗျာ
nice post bro
-thanks
Nice write Bro,
Keep it up.
မရေးတာကြာလို့ တိုသွားတယ်
good
Thanks bro
5tin!
5 tin ထားတယ် 😞
အရမ်းကောင်းတယ် bro do သာ do thank!
😁😁
ကောင်းပါရဲ့ဗျာ ဒါပေမင့် ရှည်ရှည်လေးရေးပါဗျာ ဖတ်ရတာအားမရဘူး
ဟုတ်bro
နဲနဲလေး တိုနေသလိုပဲ....ဆက်ရေးပါ အားပေးနေတယ်
တိုသွားတယိ မရေးတာကြာပီ
Oki ဆက်ကြိုးစား...fighting
အရမ်းကောင်းပါတယ်။ fighting။ စာလေးနည်းနည်းတိုသွားတာလေးတစ်ခုပဲ ပြောစရာရှိတယ် ။
Thank for sharing