" ဘုရားတွေအများကြီးကို
လိုက်ပြီးကိုးကွယ်နေဖို့မလိုဘူး သား
တစ်ခုကိုပဲ အကြောင်းပြချက်ပေးပြီးရွေးချယ်လိုက် "
အရာရာကိုစူးစမ်းလေ့လာရင်း
မြင်သမျှ ဘာသာတရားတွေကိုဆီးကပ်ကိုးကွယ်နေတဲ့
Pi ကို ဖခင်ဖြစ်သူက ပြောခဲ့တဲ့စကားတစ်ခွန်း
(ခေါင်းထဲမှာသံမှိုစွဲသလိုကျန်နေခဲ့တဲ့အထိပဲ)
သူ့ပုံစံကဘုရားကိုအယုံအကြည်ရှိတဲ့ပုံမပေါ်ပေမယ့်
တရားမဲ့နေတဲ့သူမဟုတ်ဘူးဆိုတာသိပ်ကိုပေါ်လွင်တယ်
ဟိန္ဒူရိုးရာယုံကြည်ကိုးကွယ်တဲ့သတ်သတ်လွတ်သမား
မိခင်ဖြစ်တဲ့သူနဲ့ အကြောင်းပါခဲ့ပုံကိုကတွေးစရာပါ
ဘာသာရေးကိုင်းရှိုင်း(အယူသီး)တဲ့အမေနဲ့
ဘုရားဆိုတာကိုအယုံကြည်မရှိတဲ့အဖေရဲ့ကြားက
အိမ်ထောင်ရေးဟာ ဘာသာမတူလို့ချစ်သူခြင်း
ပြိုကွဲရတယ်ဆိုတဲ့စကားတွေကိုပျက်ရယ်ပြုနေသလိုပဲ
ပြောရရင်ဒီဇာတ်လမ်းကဘာသာလေးခုကို
အတော်လေးနွယ်ထားသလိုရှိပေမယ့်လည်း
တကယ်အရေးကြုံလာရင် ဘယ်ဘုရားကမှ
ဘုန်းတော်ဖွဲ့ဇာတ်လမ်းတွထဲကလို
တန်ခိုးပါနိတော်တွေပြပြီး
ရောက်မလာဘူးဆိုတဲ့သဘောတရားလေးကို
ပြသတဲ့အခန်းက ကြက်သီးတွေထပြီး
ကိုယ်ပါလိုက်ပြီးအော်ဟစ်ပေါက်ကွဲချင်လာတဲ့အထိ
ခံစားမှုကိုပေးတယ် သို့ပေမယ့် ဒါနဲ့ပဲ
Pi က ဘာသာမဲ့တစ်ယောက်ဖြစ်မသွားဘူး
လောကမှာရှိတဲ့ တစ်ဆူထဲသော
ဘုရားသခင်ကိုသူယုံကြည်နေတုန်းဖြစ်သလို
ဖခင်ဖြစ်သူရဲ့ မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့
စကားကိုလည်းမေ့လျော့မထားဘူး ၊
တခြားသူတွေအတွက်တော့မသိဘူး
မမြင်ရတဲ့ဘုရားကိုယုံကြည်ကိုးစားနေတဲ့
ကိုယ့်အတွက်တော့ Pi ရဲ့ဘဝဟာ
ကိုယ့်စိတ်ကိုအတော်လေးလှုပ်ခတ်နိုင်ခဲ့တယ်
အပူပင်းကင်းမဲ့တဲ့ သာမန်လူငယ်တစ်ယောက်ဘဝထဲကို
မမျှော်လင့်ပဲရောက်ရှိလာတဲ့ကံကြမ္မာမုန်တိုင်းက
တရားမျှမှုကင်းစွာ ရက်စက်ခဲ့ပေမယ့်
လောကဓံကိုလွယ်လွယ်နဲ့အရှုံးပေးလိုစိတ်မရှိတဲ့အပြင်
အသက်အန္တရာယ်ကို ချောင်းမြောင်းနေတဲ့
ရန်သူကိုတောင် မိတ်ဆွေတစ်ယောက်အဖြစ်
ပြောင်းလဲလာအောင် ထိန်းကျောင်းနိုင်ခဲ့တယ်
အသက်ကိုဥာဏ်စောင့် ဆိုတဲ့ စကားပုံအတိုင်း
ဘဝပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင်မျောနေတုန်း
တစ်ခါတစ်ရံမှာ သာယာကြည်နူးတဲ့အခိုက်တန့်ကို
ကြုံတွေ့ရသလို တစ်ခါတစ်ရံမှာလည်း
ကြမ်းတမ်းတဲ့ မုန်တိုင်းရဲ့ဒဏ်ကိုရင်ဆိုင်ရပြန်တယ်
ဒီလိုဒုက္ခတွေရင်ဆိုင်နေရတဲ့အချိန်မှာတောင်
သူက ဘုရား(ကံကြမ္မာ)ကိုအပြစ်တင်ရိုးမယ်ဖွဲ့မနေဘူး
သူရရှိထားတဲ့အခွင့်အရေး လှေငယ်လေးပေါ်မှာ
မျှော်လင့်ချက်တွေနဲ့ ဆက်ပြီးရွက်လွှင့်နေခဲ့တယ်
ဒါတွေကိုဘာလို့ ပြောနေရလဲဆိုရင်
တကယ်တမ်း Pi မျောနေတဲ့တာက
ပင်လယ်ထဲမှာဆိုတာထက် ဘဝထဲမှာမျောနေတာလို့
သတ်မှတ်လို့ရသလို ကြုံတွေ့ခဲ့ရသမျှအရာ
ကောင်းခြင်းဆိုးခြင်းတွေဟာလည်း
လူ့ဘဝဆိုတာကြီးကောင်းကောင်းထင်ဟပ်စေတယ်လို့
မြင်တယ် ချစ်ရတဲ့သူပဲဖြစ်စေ မုန်းတဲ့ရန်သူပဲဖြစ်စေ
အချိန်တန်ရင်နှုတ်ဆက်လမ်းခွဲရတာပဲဆိုတဲ့
အခိုက်အတန့် လေးက Pi နဲ့အတူအသည်းကွဲစေတယ်
ပိုတယ်လို့ပဲဆိုပါစေ ဒီဇာတ်လမ်းအပေါ်မှာ
ခံစားမှုဘယ်လောက်ထိပြင်းထန်လဲဆိုရင်
Poster ကိုမြင်လိုက်တာနဲ့ ငိုင်သွားစေတတ်သလို
ဘာသားရေးပိုင်းမှာရော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ
စိတ်ခွန်အားတွေဖြစ်စေတဲ့ အကြိုက်ဆုံးသော
ရုပ်ရှင်ကားတစ်ကားအဖြစ်ရှိနေမှာသေချာပါတယ်
Congratulations @harrythura! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!