ကျေးဇူးပါပဲ

in #msn7 years ago

ချစ်သင့်သလောက်လည်းချစ်ခဲ့တယ်လေပျော်သင့်သလောက်လည်းပျော်ခဲ့ရတယ်မဟုတ်လားဂိတ်လေးဆုံးလို့ရထားသံလမ်းကုန်ရင်အမုန်းဘူတာ မှာပဲထိုးရပ်လိုက်ကြတာပဲထားပါ… ကျေးဇူးပြု ပြီးတော့ချစ်သင့်တာချစ်ပြီးမုန်းသင့်တာမုန်းပြီးရင်ကျေးဇူးတင်သင့်တယ်လို့လည်းထင်ကြေးပေးပြီး
ကျေးဇူးတင်ရမဲ့ တံဆိပ် လေးကပ်ပေးလိုက်ပါ …ကိုယ်ပျောညံ့လို့ခွင့်လွတ်တတ်လို့ချစ်တတ်လွန်းလို့နောက်ကျောကနေ
ဝင်ရောက်လာမဲ့ဓားကိုတောင် လှည့်ပြီး ရင်ဘတ်နဲ့ထိုးခံ ခဲ့တယ်မဟုတ်လား…ဘဝ မှာ သိသင့်သိထိုက်တာတွေ
ခံစားသင့်ခံစားထိုက်တာတွေကိုလူအမျိုးမျိုးနဲ့ တွေ့ဆုံရပြီး
တစ်မျိုးတစ်ယောက်ဆီ ပေးကမ်းတတ်ပါတယ်…ရှောင်လွဲလို့ မရတဲ့အတွက်အရာအားလုံးကိုဆိုးသွမ်းလွန်းတယ်လို့
ခေါင်းစဉ်မတပ်ပါနဲ့"ခံစားဖူးမှ သိနားလည်ပါတယ်
ဂဲ တစ်ခါ ထိမှန်ဖူးမှနောင်အခါ လေးဂွ ကိုကြောက်တတ်မှာပေါ့"အသဲလေးကွဲဖူးမှ
နောက်တစ်ခါ ချစ်သင့်တယ်
မချစ်သင့်ဘူးယုံသင့်တယ်
မယုံသင့်ဘူး ဆိုတဲ့ခံစားချက်ကလေးရယ်
သံသယ တွေဖြစ်လွယ်တဲ့ခံစားချက်လေးတွေကို
လက်ကိုင်တတ်လာမှာပေါ့ … ဘဝ ဟာဖြင့် …လူဆိုးတွေကြားမှာဇာတ်လိုက် ကိုပဲ ကံကွက်ကြားမိုးထိုးရွာပြီး ဖိနှိပ်ထားစေတတ်ပါတယ်ဒါမှပဲ ဇာတ်လိုက် ဆိုတဲ့အမျိုးကရုန်းကန်ပြီး ကျော်ဖြတ်ပြပြရမှာကိုး… ဒါကြောင့် … မကောင်းသူတွေထွက်ခွာသွားတာဟာလည်းကျေးဇူးတင်သင့်တဲ့ အကြောင်းအရာတစ်ခုပါပဲဝမ်းနည်းထိ ခိုက်ဖူးမှ ကြေကွဲရမှန်းသိလာရင်နောင်အခါ နာကျင်စရာတွေကိုရှောင်တတ်လာမှာပေါ့ … ဒီအတွက် သစ္စာ မရှိတဲ့သူတွေ နဲ့ တွေ့ဆုံရတာဟာလည်းသင်ခန်းစာယူသင့်သလို
ကျေးဇူးလည်း တင်ပေးလိုက်ပါကွယ် …
လူ့ဘဝ တစ်ခဏတာအချိန်လေးမှာ တစ်ဦးနဲ့တစ်ဦး ဘာမှမပေးနိုင်ရင်တောင် နားလည်မှုတော့ ပေးနိုင်ပါစေ။ မတော်တဆ ကိုယ်က ပြုမိတဲ့အမှားကို ဝန်ခံပါ။ သူပြုမိတဲ့ အမှားကိုလည်း ခွင့်လွှတ်ကျေအေးပါ။ အချစ်ကို မပေးနိုင်လည်း အမုန်းတော့ မယူမိပါစေနဲ့။ သူလည်း ဒုက္ခသည်၊ ကိုယ်လည်း ဒုက္ခသည် ဒုက္ခသည်အချင်းချင်း မာန်တင်းနေတာဟာ ထပ်ဆောင်းဒုက္ခကို ထပ်ရှာတာပါပဲ။
image

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.jcpenney.com/