ဘု-မသိ ဘ-မသိ
တစ်ခါက ဧရာဝတီတိုင်း မင်းကလွန်းကျေးရွာတွင် ဦးဇင်းလေး သြဘာတစ်ပါး ကျောင်းထိုင် အသစ်အဖြစ်တင်မြှောက်လိုက်ကြသတဲ့....
ဦးဇင်းလေးဆိုပေမည့် အရွယ်က(၂၃)နှစ်အရွယ် ခန္ဓာကိုယ်ဖွံ့ဖြိုးထွားကြိုင်းတယ် ရုပ်ရည်လေးကလည်း မဆိုးလှဘူး ၊ခေတ်ပညာလေး အနည်းငယ်တက်မြောက်ပြီး ဓမ္မာစရိယတန်း စာချတန်းတော့ (၂)ကျမ်းပြီးထားသော ဦးဇင်းငယ်လေးပေါ့...
ရွာမှာကလည်း ခေတ်ပညာတက်နှင့် ကွန်ပျူတာနည်းပညာ တက်မြောက်သူ များများစားစားမရှိဘူး...
ဦးဇင်းလေးကတော့ ရွာမှာတော့ အနူချောလူတောတိုးဆိုသလိုပေါ့ မျက်နှာအလွန်ပွင့်လန်း တဲ့ဦးဇင်းငယ်တစ်ပါး ဖြစ်တယ်ဆိုရင် လူတိုင်းငြင်းဖွယ်ရာမရှိ...
တစ်နေ့တော့ ရွာတောင်ပိုင်းက “ဘကြီး” နှင့် မြေးလေး “မဘု” တို့ ရွာကျောင်းကို ဆွမ်းလာပို့တယ် ...
ဒီတော့ ဦးဇင်းလေးက ကွန်ပျူတာနိတ် အင်တာနက်လေ့လာနေတာတွေ့သွားတာပေါ့...
ဒီတော့ မြေလေး “မဘုက” အထူးအဆန်းဖြစ်သော သူမသိတဲ့ ကွန်ပျူတာကြီး သင်ချင်တယ်လို့၊ ဘကြီး ကိုပြေားရှာတာပေါ့ ၊ဘကြီးကလည်း မြေးလေးစိတ်ချမ်းသာအောင်ဆိုပြီး အိမ်မှာမွေးထားတဲ့ ခိုင်းနွားလေးရောင်း ကွန်ပျူတာဝယ်ပေးမယ်ဆိုကာ စကားစမြီပြေားနေကြတာပေါ့...
ဒါနဲ့ ဦးဇင်းလေး ဒီကွန်ပျူတာကြီးက ဘယ်လောက်လည်း ၊ ဘယ်လိုသုံးရတာလည်း၊ အင်တာနက်ကကော ဘာတွေလည်းစသဖြင့်.....
မေးခွန်းတွေက တစီတန်းကြီး ၊ဒီလိုဆို သင်ချင်သလား “မဘု” .....
“ဦးဇင်းလေး... သင်ပေးနိုင်ပါသလား.....”
“အင်း...”
“ဆွမ်းဒါယကာတွေဆိုတော့ သင်ပေးရမှာပေါ့..”
“ဒါဆိုနွားလေးရောင်းလိုက်ဦးမယ်...”
ကျောင်းကအပြန် အိမ်မှာရှိတဲ့ နွားလေးသွားရောင်းတယ် ရွာထဲမှာလည်း နွေရာသီဆိုတော့ နွားတွေက အပိုဖြစ်နေတယ်လေ ;....မိုးကျမှ ထွန်စိုက်တာဆိုတော့ နွားစာရှာရတာကလည်းခက်ခက် ၊ဒါနဲ့နွားသွားရောင်းတာ ဈေးကောင်းမရဘူး ...လေးသိန်းဝန်းကျင်လောက်ဘဲရတယ် ဈေးကလည်းနှိမ်လိုက်တာ ဒီကြားထည်းမြေးမလေးစိတ်ချမ်းသာဘို့ ......
ကဲ....မထူးပါဘူး ရွာအလယ်က ကြီးတော်ဆီသွား ရောင်းလိုက်တော့မယ် (၄)သိန်းနဲ့..
“ ကြီးတော် ကြီးတော် ..”
“ ဘာလည်းဟေ့... စောစောစီးစီး”
“ဟယ်...! ဘကြီးရယ် ဘာလုပ်ဖို့ လာရောင်းတာလည်းနောင်နစ်ဘာနဲ့သွားထွန်မှာလည်း...”
“သြော် ... ကြီးတော်ရယ် မြေးလေးမိဘတွေ မဆုံးခင်က သူ့ကိုကောင်းကောင်းထားမယ်လို့ ကတိတွေပေးပြီး ငါမွေးစားထားတာလေ....”
“ကဲဒါဆိုလည်း မပြေားတော့ပါဘူး တော်...”
“ကဲရော့ ရော့ငွေ.....”
နောက်တစ်နေ့ နံနက် ဆွမ်းချက်ပြီးကျောင်းသွားပို့မယ် ဆွမ်းပို့ရင်း ကျောင်းက ဦးဇင်းနဲ့ မြို့တက်ပြီး ကွန်ပျူတာသွားဝယ်မယ်...
နောက်တစ်နေ့.....
“ဘကြီး နဲ့ မဘုပါလား”
“ လာလာ ထိုင်ထိုင်ကြ.....”
“ဦးဇင်းကိုဆွမ်းလာပို့တာ .... သာဓု သာဓု သာဓု..”
“ဦးဇင်းဒီနေ့အားလား ...”
“အားပါတယ် ဘာလို့လည်း “
“မြို့တက်ပြီး ကွန်ပျူတာလိုက်ဝယ်ပေးစေချင်လို့........”
“သြော် ....ရပါတယ်”
“မြို့ပေါ်ကို ဆွမ်းစားပြီးလှည်းနဲ့ကြွမယ်လေ...”
“ကဲကဲ ...လှည်းသာအဆင်သင့် လုပ်ထား..”
` “များမကြာမှီ ကဲကဲလှည်းမောင်းတော့ဟေ့ ....’’
ဒုန်းဒုန် ဂလုန်း ....
“သြော်လမ်းကလည်းကြမ်းလိုက်တာ ဦးဇင်းအဆင်ပြေရဲ့လား...”
“ပြေပါတယ် ....”
(တကယ်တော့မပြေဘူး ခါးတွေ၊ကိုယ်တွေအောင့်လို့......) ကိုယ်စတဲ့ဇတ်လမ်းပြီးအောင် ကရတော့မှာပေါ့လေ..
ညနေ (၅)နာရီကျော်မှ ရွာပြန်ရောက်တယ် Fujitsu core i7 တစ်လုံးဝယ်ခဲ့တယ် အသစ်တော့မဟုတ်ဘူး တစ်ပါတ်ရစ် ဒါပေမည့်သူတို့မှမသိတာဘဲလေ ကောင်းတာကိုင်ချင်တယ် ဈေးကလည်းသက်သာချင်သေးတယ်ဆိုတော့ အကြမ်းခံတာဝယ်ပေးလိုက်တယ်...
နောက်တစ်နေ့ နံနက် ..........
“ မဘုလား လာလာ ဒီနေ့ အခြေခံက စမယ် ...........”
သင်ခန်းစာ
(၁) ဖွင့်နည်း/ပိတ်နည်း
(၂) Typingtutor
(၃) microsoft word...........
စသဖြင့် သင်လာလိုက်တာ (၃)လတောင်ကျော်ခဲ့ပြီ ၊ “မဘု”လည်းအတော်လေးတက်မြောက်ကာ အိမ်မှာ စာစီစာရိုက် ၊ဓါတ်ပုံပြင်...စသဖြင့် ၀င်ငွေတွေကောင်းလာတာပေါ့ တစ်ရွာလုံးလည်း အံ့သြလို့၊ English စာ သိပ်မတက်ဘူး သူက (၅)တန်းသာအောင်တာ ဒါကြောင့်ရွာမှာရှိတဲ့သူတွေက ချီးမွမ်းလို့...... အသင်အပြကောင်းတဲ့ ဆရာတော်ရှိတာဒို့ရွာက လူငယ်တွေတိုးတက်တယ် ဒါနဲ့ ကျောင်းမှာ ကွန်ပျူတာ သင်တဲ့သူတွေများလာခဲ့တယ် ......
နောက်တော့ ကွန်ပျူတာတက်တဲ့သူတွေများလာတော့ သူ့ဝင်ငွေလျော့ကျလာတာပေါ့..
ဦးဇင်းရယ် တပည့်တော်မ စားဝတ်နေရေးမပြေဘူး နွားလေးကရောင်းထားတဲ့ အတွက် လယ်ထွန်တဲ့အခါသူများငှါးရတာပေါ့ အခု ဦးဇင်းက လူတကာကို ကွန်ပျူတာတက်အောင်သင်ပေး လိုက်တော့ တပည့်တော်မ စာစီစာရိုက်တို့ Photoshot တိုလာမအပ်တော့ဘူ ၀င်ငွေလျော့လာပြီ
“နောက်ထက် ၀င်ငွေလေးဘာလေး ရတဲ့ပညာလေး သင်ပေးပါလား...”
“အင်း .. ရှိတယ် ဒါကစာရေးရတဲ့အလုပ်ကွယ့်...”
“စာမူခရတဲ့သဘောပေါ့....”
“ဒါဆိုလည်းသင်ပေးပါ ဦးဇင်းရယ် .. အေးအေးငါလည်းနည်းနည်းပဲတက်တာ....”
“ဘာပဲဖြစ်ဖြစ်သင်ပေးပါ ဦးဇင်း.....”
“နောက်နေ့ လာခဲ့ အင်တာနက်နဲ့သုံးရတာဆိုတော့ Phone bill တော့ကုန်တယ် ....”
အဆင်ပြေပ့ါမလား အစတော့ရင်းရမှာပေါ့ ........”
ကဲဒါဆိုလည့်း ကွန်ပျူတာကိုဖွင့်ပြီး အင်တာနက်နဲ့ချိတ်လိုက်သည်....
www.myanmarsteemit .com ဒီလိုနဲ့ စတီးမစ်ကြီးကို ရောက်လာခဲ့တာပေါ.............
့ “ဦးဇင်းဒါကို ဘာလို့ခေါ်တာလည်း....................”
“စတီးမစ်လို့ခေါ်တယ်ကွယ့် “
အိမ်ရောက်တော့ ဘကြီးကို အင်တာနက်အကြောင်းပြေားပြတာပေါ့ အဲဒီတော့ ဘာဘာ....!
“စတီးမစ် ဟုတ်လား ...”
“ငါတို့သိတာကတော့ (Tea milk) တီးမစ်ပါဟ၊ မြေးလေးအမှတ်မှာတား ထင်တယ် ..”
“အင်းလေဟုတ်မှာပါဘကြီးရယ် သမီးလည်း မြန်မာလိုပြေလည်အောင်ရေးထားရတာဆိုတော့ ဘာမှ မဖြစ်ပါဘူး နက်ဖြန်မှ ပြန်မေးကြည့်မယ် ...”
“အင်းဒါနဲ့စကားမစပ် အဲဒီ ..စတီးမစ် ဆိုတာကြီးကပိုက်ဆံရတယ်ဆိုတာ ဟုတ်ရဲ့လား ...”
ဘကြီးသိတာက တီးမစ်ကတော့သောက်လို့ရတယ်
“ရွာမှာလည်းရောင်းနေတယ်လေ အဲဒါကြီးရွာမှာရောင်းလို့ရပါ့မလား မသိသေးဘူး...”
“ ဘကြီး အခုမှစသင်တာဆိုတော့ အဆင်ပြေလောက်ပါတယ်......”
နောက်နေ့ Email အကြောင်းသင်တယ်၊ www.google.com စသဖြင့် သင်ပါလေရော့ ...
‘’အီးမေး ဟုတ်လား....ဦးဇင်း...အင်းဟုတ်တယ်...’’
“ဟင် ......! ရွံစရာကြီး သူများ “အီး” လိုက်မေးရလား ..........”
“ဟာ.. ဒုက္ခပါဘဲ ဒါလိပ်စာ ၊”
“သြော်...သိမှမသိဘဲ ဒါနဲ့သွားပြီးဖွင့်ရမှာ.....”
အဲဒီမှာစပြဿနာတက်တော့တာဘဲ.......
မဘုက English စာမတက်ဘူး သင်ရင်း လည်ထွက်ကုန်ရော.....
ကဲကဲဒါဆို အကောင့်ဖွင့်ပေးလိုက်မယ် ကြည့်ကြည့် လုပ်ပေးထားတာ မှတ်စရာရှိတာမှတ်ထား ပေါ့.....
“ဟုတ်ကဲ့...ဦးဇင်း”
ဒါကတော့ @mabot အင်း..... မဘုမှတ်လိုက်ပုံက (အေကွေးလေးမဘု)
ဒါကတော့ password ......အင်း (စပတ်စေ့က်ဝှက်)
ဦးဇင်းကတော့ သူမှတ်ထားတာ မကြည့်မဘူး .....
အိမ်ပြန်ရောက်တော့ ဘကြီးနဲ့တွေ့တော့ပြဿနာတက်ကော .....’’
“ဘကြီးရေ ..ဒီနေ့သင်တာ ဟန်မကျဘူး ဦးဇင်းက ယုတ်တီးယုတ်ပါတ်တွေသင်နေတယ် ....’’
“ဟေ့..! ငါ့မြေးကို ဘယ်သူမှလာမစော်ကားနဲ့ ...ငါမခံဘူးကွ အခုဘဲကျောင်းသွားမယ် ဆွမ်းလှူတာမှအားမနာ သင်္ကန်းမှအားမနာ ရာရာစစ.....”
ကျောင်းရောက်တော “့ ဦးဇင်း .... ဦးဇင်း ဒီမယ် .....”
“ဘာဖြစ်လာတာလည်း ဘကြီး...”
“ကိုယ်တော် ယုတ်တီးယုတ်ပါတ်တွေသင်ပေးတယ်ဆိုလို့ လာပြေားတာ ...”
“ဟင် ...! သင်မပေးပါဘူး ....”
“ဒီမယ်ကြည့် ....ရေးထားတာတွေ ........”
“အမလေးဒုက္ခပါဘဲ .....!”
ဘကြီး သူစာရေးတာမှားတာပါ ဒါယကာကြီးရာ အပေါ်ကဟာက သူနာမည်ပါ အေကွေးလေးက လိပ်စာအညွန်းပါ အင်တာနက်သုံးရင် အဲဒါလေးပါမှ သုံးရတာပါ၊ ပက်စ်ဝှက်ပါ ... အဲဒါသော့လို့ပြေားတာပါ ၊(စပတ်စေ့က်ဝှက်) မဟုတ်ပါဘူး ...... ဒီလိုနဲ့ပြန်ရှင်းပြလိုက်တော့မှ အဆင်ပြေသွားတယ်.....
“သြော်...တပည့်တော်က မသိလို့ရိုင်းပြမိတာခွင့်လွှတ်ပါ ဘုရား ......အိမ်ရောက်မှ မြေးကိုစာသေခြာရေးမှတ်ရန် ဆုံးမလိုက်ပါ့မယ်ဘုရား.....”
နက်ဖြန်ကြ vote အကြောင်းသင်မယ်လို့ပြေားလိုက်ပါ အမှတ်မမှားစေနဲ့လို့ဒါယကားကြီးကို စကားပါး လိုက်သည်....
ဘကြီးက သူနားလည်သွားတာက ဘုတ်ငှက်အကြောင်း ဦးဇင်းကဒါတွေလည်းနားလည်း တာဘဲကိုး.... ရွာမှာက နွေဆို ဘုတ်ငှက်တွေတအားပေါတာ....
နောက်တစ်နေ့ steemit အကောင့်ဖွင့် ဘုတ်ကြတာပေါ့.....
ဒါနဲ့ အကောင့်ဖွင့် စာရေးတင်ဆောင်းပါးတစ်ပုဒ်ပေါ့.....ချစ်ကြောင်းကြိုက်ကြောင်းဆောင်းပါးလေး တစ်ပုဒ်၊ လူငယ်သဘာဝအကြောင်း ဇတ်လမ်းလေးတွေဖြစ်တဲ့အကြောင့် Intro အကြောင်းတွေပြေား ပြတာပေါ့ ဒါမှလူတွေစိတ်ဝင်စားပြီးလာ vote ဘုတ်ကြမယ်ပေါ့ coin ကွိုင်တက်လာမယ်ပေါ့ .......
ဒါကိုဦးဇင်းကသင်ပေးတာ ဆောင်းပါရေးဘို့ပြေားပြတာ .....မဘု နားလည်သွားတာက သူ့ကို ချစ်ရေးဆိုတယ် လူကြီးတွေသိရင် coin ကွိုင်တက်မယ်ထင်သွားတာပေါ့....ကွိုင်တက်ရင် မဘုကို ရပြီပေါ့.....
ဦးဇင်းကမသိရှာဘူး ...၊ဒါကို အိမ်ရောက်တော့ ဘကြီးပြေားပြတယ်......
“ဘကြီးက ငါမှားတာ ငါ့မြေးမလေး ကျောင်းသွားပြီးသင်ခိုင်းတာ အစကတော့ဟုတ်မလိုလိုနဲ့ အခုတော့ ဒုက္ခတွေ့ပြီပေါ့ ......”
ဒီအကြောင်းတွေကို ရွာထဲမှာစကားတွေပွနေတာကြာပြီ အခုတော့ဟုတ်နေပြီထင်တယ်....... နာမည်တော့အပျက်မခံနဲ့ ငါ့မြေမလေးကကော ဘယ်လိုလည်းကွယ့် ? ပညာလေးကလည်းတက် steemit ဆိုတဲ့အကောင့်ကြီးက ဒေါ်လာတွေရနေတာဆိုတော့ ရုပ်ကလည်းမဆိုးဘူး. ...အနေနီးတော့ ဟိဟိ.....”
“ကဲ...ငါလည်းအသက်ကြီးပြီ စိတ်ချရအောင်သေခြာစုံစမ်းမှ ....”
နောက်တစ်နေ့ ကျောင်းပေါ်ကို ခါတိုင်းလိုမခေါ်တော့ဘူး
“ဟိုကိုယ်တော် ဒီနားလာဦး...” ဦးဇင်းက ဘာမသိညာမသိနဲ့ ဘာဖြစ်လာကြတာလည်း ..........
“ ဒီမယ်ဒီမယ် အခုမှ အိုးမလုံအုံပွင့် ပုတ်လို့ပေါ် ဟုတ်လို့ကျော် .......”
“ဘာတွေလည်း? .. ဒါယကာကြီးရဲ့ ဦးဇင်းကတော့အေးအေးဆေးဆေး.....”
“တပည့်တော်မြေးမလေးကို ယူမလားမယူဘူးလား ? ..
ဒါဘဲ နာမည်အပျက်မခံနိုင်ဘူး.....’’
“အမလေး ပလုပ်တုတ်.....!”
“ဦးဇင်းတစ်သက်လုံး ၀တ်မလို့စိတ်ကူးထားတာ ဇွက်ကြီးပါလား ဘာတွေဖြစ်နေလို့လည်း...
ဒီမယ်ကြည့် ဦးဇင်းရည်းစားစာတွေ.....”
“ဘယ်မလည်းဗျ ....ပြပါဦး.......”
“ဒီမယ်ဒီမယ်......’’
၊မောင့်ချစ်လေးဘုတ်(စပယ်)
-----------*****-----------
ဟာ....၀တ္ထုတိုဆောင်းပါးလေးပါ......
မဘုတ်စပယ်လေးနဲ့ လူငယ်လေးတစ်ယောက်ချစ်ကြောင်းကြိုက်ကြောင်း ရေးထားတာပါ....
“ဘာ...... အခုမှလာပြီးငြင်းမနေနဲ့ နက်ဖြန်လူထွက်ယူချင်ယူမယူရင် ဓားနဲ့ခုတ်သတ်ပြစ်မယ် ငါ့မြေးကို လာမထိနဲ့...ဦးဇင်းမကလို့ ဘာဖြစ်ဖြစ်သတ်မှာဘဲ ................”
“ဟာ ဒုက္ခပါဘဲ Steemit မှာဆောင်းပါးရေးတာပါဆို .......
ဆောင်းပါးမှာ အပြန်အလှန် စကားပြေားကြတာပါ.....”
“ဘာမှလာမပြေားနဲ့ လက်ပူးလက်ကျတ်မိတာနော် စာနဲ့ရေးထားတာကို... တစ်ယောက်နဲ့တစ်ယောက် စာတွေပြန်ထားတာလည်းတွေ့တယ်နော် ဒီမှာ ကွန်ပျူတာကြီးမှာ တွေ့တယ်မှတ်လား ငြင်းချင်သေးတယ်ပေါ့ ...”
“ဟာ ..ဒုက္ခပါဘဲ ! မရေးတက်လို့လမ်းညွန်ပြတာကို ...ပြေားလို့ကိုမရပါလားဗျ.........”
ဘုမသိ ၊ ဘမသိနဲ့...steemit မှာ.. စာရေးနည်းသင်ပေးမိတာမှားလေခြင်း ................
@chirstonawbatha (5-4-2018)12:00PM
စာကအဟောင်းပါ အကောင့်ဟတ်ခံရတဲ့ထဲပါသွားတဲ့စာတေပေါ့
ဟီး ဟီး ဦးဇင်းအကြောင်းရေးထားတာလား :D