သင်္ကြန်ရောက်ပြီ သင်္ကြန်ရောက်ပြီ သင်္ကြန်ရောက်ပြီ မောင်တို့
သင်္ကြန်ရောက်ပြီ သင်္ကြန်ရောက်ပြီ သင်္ကြန်ရောက်ပြီ မယ်တို့
လမ်းထိပ်မဏ္ဍပ်မှဖွင့်သောသီချင်းသံနှင့်အတူ သူ၏လက်များကော့ကာမြှေက်ကာနှင့် အိပ်ယာထဲမှထလာခဲ့သည်။ တစ်နှစ်တာလုံး ပင်ပန်းနွမ်းနယ်ခဲသမျှ ဘဦးတို့မှာ ပျော်စရာဒီလေးရက်ပဲရှိတာ။ ဘဦးကနွားကျောင်းသား အမယ် နွားကျောင်းသားဆိုလို့တောမှာနေတာတော့မဟုတ်ဘူးနော်။ အထင်တော့မသေးနဲ့။ ဘဦးတို့က ပုသိမ်မြို့ကြီးပေါ်မှာ ခြံနဲ့ ၀န်းနဲ့နေတာ။ နွားကျောင်းတယ်ဆိုတာ မိဘလက်ငုပ် ကိုမပျောက်ပျက်စေချင်တဲ့စိတ်နဲ့ ဘဦးကမွေးတာ။ နွားကျောင်းရင်းအရက်လေးတမြမြနဲ့ ဘဦး ဘ၀ကအေးဆေး။ မိန်းမကလဲမရှိ(အရက်သမားငမူးမို့ဘယ်မိန်းမမှမကြိုက်) ။
ဘဦးနတ်ပူးသလိုကရင်း အိပ်ယာကထလာပြီး အ၀တ်ဘီရိုကိုဖွင့်လိုက်သည်။ တရိုတသေ သိမ်းထားတဲ့ အော်တာအင်္ကျီနှင့် ဂျင်းဘောင်းဘီကို ထုတ်ပီး မွှေးကြည့်လိုက်သည်။ ဟပ်ချိုး ဆိတ်ဖွား။ မှိုနံ့သင်းသင်းက နှာခေါင်းကိုကျီစားလိုက်သည်ထင့်။ တစ်နှစ်မှတခါသာဝတ်သော အင်္ကျီမို့ ဒီလောက်တော့ရှိပေမပေါ့။ ကိစ္စမရှိ လမ်းထိပ်ရေကစားမဏ္ဍပ်ကိုရောက်တာနှင့် လျှော်ပြီးသားဖြစ်သွားလိမ့်မည်။ ခပ်မြန်မြန် သွားတိုက်လိုက်သည်။ အနီရောင်လား အမဲရောင်လားမသဲကွဲ တော့တဲ့ ပုဆိုးခါးပုံစနဲ့ မျက်နှာမှရေများကိုသုတ်လိုက်သည်။ ဒီနေ့တော့ နွားသွားမလှန်တော့ပြီမို့ တင်းကုတ်ထဲက သမီးတွေအတွက် အစာရေစာ လုံလောက်အောင် ထည့်ပေးခဲ့ရမည်။
ဘဦးအ၀တ်မလဲသေးဘဲတင်းကုတ်ထဲဆင်းလာခဲ့သည်။
ဟိုက်စောက်ကျိုးနဲ
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ဘဦးထိတ်လန့်သွားသည်။ ဒီကောင်မဘယ်အချိန်ကမွေးလိုက်မှန်းမသိ။ နွနီမ(နွားနီမ) မွေးဖို့တစ်ပတ်လောက်လိုနေသေးတာ။ ဘယ့်နှယ့်ုကောက်ခါငင်ခါကြီးထမွေးရသတုန်းကွာ။ နွနီမသားအမိကိုကြည့်ရင်းဘဦးပျော်လဲပျော် စိတ်လဲညစ်သွားသည်။အနီမရယ် နင်ဒီနေ့မှမွေးရသလားဟ။ ငါ့မှာဒီနေ့ကဲဖို့အားခဲထားရတာ။ခုတော့သွားပြီ။
ဘွဲ အဲအဲ
သူပြောသည်ကိုနားလည်သည့်အလားအနီမက သူ့ကိုတစ်ချက်ကြည့်ပြီးအော်ပြသည်။” သူ့ဟာသူ အချိန်တန်လို့မွေးတာ ကျမက ဘာတက်နိုင်မှာတုန်းဟုများ ပြန်ပြောနေလေသလားမသိ။” အလုပ်ကရှုပ်ပြီ။ ဒီသားအမိကို ခွဲထားရဦးမည်။ သူတို့အတွက်အစာကိုသီးသန့်လုပ်ပေးရအုန်းမည်။ ဆရာဝန်ပင့်ရဦးမည်။ သွားပြီ ဒီနေ့တော့ ရေပတ်ခံထွက်ဖို့မှီမှမီပါ့မလားမသိ။ ပုံမှန်ဆိုလျင်တော့ ခုလိုနွားပေါက်သည့် နေ့တွေဆို ဘဦးအရမ်း ပျော်သည်။ ဒီတခါတော့ အပျော်တ၀က် စိတ်ညစ်တ၀က်ဖြင့် သက်ပြင်းသာအခါခါချနေမိသည်။ စိတ်ညစ်သည့်ကြားကပင် အနီမသားတော်တော်ချောတာသတိထားမိသည်။ ဒီကောင် တော်တော်ချောသည်။ အဖြူရောင်အခံမှာ ရွှေရောင်အကွက် တွေ အစုပ်လိုက်အစုပ်လိုက်ဖောက်ထားတာက ရွှေတုန်းတွေတင်ထားတဲ့အတိုင်း။ ဒီကောင်အသွေးအမွေးလှသဖြင့် တခါလည်ကျော်လောက်ဆိုရင် ဈေးကောင်းရမှသေချာသည်။ ထိုသို့တွေးမိသည်နှင့် ဘဦးမျက်နှာ ချက်ခြင်း ဖြီးသွားသည်။ ငါ့ကိုအပြင်ထွက်ပြီး သင်္ကြန်မကျခိုင်းတဲ့ဟာတွေ တွေ့ပြီ လေဒီနေ့တော့။ ဘဦးတဲ့တဦးပဲရှိတယ်။ လူတွေကိုမပတ်ရရင် နင်တို့ကိုပတ်ပြီလေ။ နွားတွေကတော့သူ့စကားနားလည်လေလားမလည်လေလားမသိ သူကတော့တစ်ကိုယ်တည်းကြုံးဝါးရင်း နွားပေါက်လေးအားပွေ့ချီလိုက်ခါ ဟေ့ ဖေ့သားကြီးရေ တူးပို့ တူးပို့ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ အနီမ ဟေ့ ဟေ့
ခြံထဲမှနွားမတွေကလဲဘဦး၏ဆုံဖြတ်ကိုထောက်ခံသည့်အလားသံပြိုင်အော်နေလေသည်
ဘွဲ အဲ အဲ ။ဘွဲအဲ အဲ အဲ ….ဆိုလိုက်စမ်းကွ။
ဘဦး၏ခြံအတွင်းမှ သီချင်းသံတွေမှာဆန်းကျယ်လှပေသည်တကား။
World of Photography
>Visit the website<
You have earned 6.50 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-08T12:33:06
Total XP: 45.50/100.00
Total Photos: 7
Total comments: 0
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank