လောကမှာ အမှားနှင့်ကင်းသော လူဟူ၍ မရှိနိုင်ပါ။
လူတိုင်းမှားဖူးသည်။ အမှား နည်းသည်၊ အမှားများသည် သာ ကွာဟပေမည်။ အမှားဟူသည် ကောင်းသောအရာ၊ ကောင်းသောကိစ္စ မဟုတ်သော်လည်း လူသားတိုင်း နှင့် ဆက်နွယ် ပတ်သတ် လွန်းသည်။ အဘယ့်ကြောင့် ဆိုသော် ဤကမ္ဘာ လောကကြီးသည် လူသားတို့၏ အသိဉာဏ်ပညာ ဖြင့် တိုင်းဆ ဆင်ခြင်၍ မရနိုင်လောက်အောင် ထူးခြား ဆန်းပြား ရှုပ်ထွေး ပွေလီလွန်း လှသည်။
တစ်ချိန်က မှန်သည် ဆိုသော အရာများသည် အခု မှားနေပြန်သည်။ တစ်ချိန်က လက်မခံနိုင် စရာများကလည်း ယခု လက်ခံ ကျင့်သုံးရန် အသင့် ရှိနေကြသည်။ အရင် သင့်တော်ခဲ့သော စည်းကမ်းများ၊ သတ်မှတ်ချက်များ၊ ဓလေ့ ထုံးတမ်းများ၊ အစဉ်အလာ များ သည်လည်း အခုအချိန်တွင် သင့်တော် မျှတခြင်း ရှိချင်မှ ရှိတော့မည်။ ယခု လက်ရှိတွင် အဆင်ပြေ သင့်တော် မှန်ကန်နေသည့် အရာများသည်လည်း မည်သည့် အချိန်ထိ တောင့်ခံ ထားနိုင်မည်လဲ မည်သူမျှ အာမခံနိုင်ခြင်း အလျင်းမရှိ။ ဤသည်မှာ မမြဲသော သဘောတရား ပင် မဟုတ်ပါလား။
image from; pexels.com
ထို အမြဲမမှန်နိုင်သော လောကတွင် ဉာဏ်ပညာ အကန့်အသတ် ရှိသော လူသားများ အဖို့ အမှားတွေ ရင်ဝယ် ပိုက်ထားသည့် ကိစ္စသည် အဆန်းတကြယ် မဟုတ်နိုင်ပါ။ အမှားများကို ကိုင်တွယ် ထိန်းချုပ် ရင်းသာ ရှင်သန် နေထိုင် ကြရမည်သာ။ အမှားများကို ကိုင်တွယ် ဖြေရှင်းနိုင်ပုံကသာ ကျွန်ုပ်တို့ ၏ ဘဝ အဆင့်အတန်းကို စနစ်တကျ လွယ်ကူစွာ တည်ဆောက်နိုင်ခြင်း၊ ပင်ပင် ပန်းပန်း ခက်ခဲစွာ တည်ဆောက်ရခြင်း စသည်ဖြင့် ကွဲပြားသွားစေနိုင်သည်။ ထိုအရာများ သည် တစ်နည်းအားဖြင့် ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း မဟုတ်ပါလား မိတ်ဆွေ။
ပညာသင်ခြင်း သည် အမှားများကို ကိုင်တွယ် ဖြေရှင်းတတ်စေရန် ဖြစ်ကြောင်း ပြောပြခဲ့ပြီး ဖြစ်သည်။ အမှားကို သိလျှင် အမှန်ပြင်နိုင်ဖို့ အရေးကြီးသည်။ ထိုထက် အရေးကြီးသည်က အမှားကို သိသည်နှင့် တပြိုင်နက် ဆက်မမှားစေရန် ရပ်တန့် ဖို့က သာ၍ အရေးကြီးသည်။ အရေးကြီးဆုံးကတော့ အမှားကို အမှားလို့ နက်နက် ရှိုင်းရှိုင်း သိမြင်ဖို့ပင် ဖြစ်သည်။ ဤနေရာတွင် " နက်နက် ရှိုင်း ရှိုင်း " ဟု သုံးထားသည်မှာ အကြောင်း ရှိပေသည်။
ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်း တွင် သာမက ကမ္ဘာ့ လူ အဖွဲ့အစည်း မှာ ပင် အမှားလို့ သတ်မှတ်ထား သည့် အရာ များမှာ များသောအားဖြင့် တစ်ဦး တစ်ယောက် သို့မဟုတ် အသင်းအဖွဲ့ တစ်ခု ၏ အတ္တ အပေါ်တွင် တည်ဆောက်ထားသေား အတ္တ အမှားများ၊ သတ်မှတ်ထားသော သတ်မှတ်ချက် အမှားများ စသည်တို့သာ ဖြစ်နေတတ်သည်။ ဥပမာ " ငါတို့ ဦးဆောင်သူ / ခေါင်းဆောင် / အသင်းအဖွဲ့ မကြိုက်တာ မလုပ်နဲ့။ လုပ်ရင် ဘာဖြစ်ဖြစ် မှားတယ် " စသည်ဖြင့်။
အမှားကို သိသည် ဆိုရာ၌ မိမိတို့ကိုယ်တိုင် ဝေဖန် သုံးသပ် ဆင်ခြင် သတ်မှတ် ကျင့်သုံးသည့် အမှား မျိုး တစ်နည်း အမှားကို မလုပ်သင့် မလုပ်ထိုက်၍ သာ မလုပ်ဘဲနေ ( မည်သူ၏ တိုက်တွန်း စေခိုင်းချက်မျှ မပါ ) ခြင်းမျိုး ကိုသာ နက်နက် ရှိုင်းရှိုင်း သိသည်ဟု ဆိုလိုပေသည်။ ထိုကဲ့သိုသော လူမျိုးမှာ အင်မတန် ရှားလှပေသည်။ ထိုကဲ့သို့ သောလူမျိုးများမှာ အချိန်နှင့်အမျှ ၄င်းတို့၏ ဘဝတန်ဖိုးများသည် မြင့်မား လာလေတော့သည်။ မိတ်ဆွေတို့ ပတ်ဝန်းကျင်တွင် ဤကဲ့သို့ သူများ ရှိပါက သတိထားစောင့်ကြည့်လျှင် သိရှိနိုင်ပေသည်။
image from ; pexels.com
ကျွန်ုပ်တို့ မြန်မာ့ လူမှုအသိုင်းအဝိုင်း ( အထူးသဖြင့် ကျွန်ုပ် ပတ်ဝန်းကျင် ) ကို လေ့လာမိသလောက် ပြောရပါက အမှားများကို ကိုင်တွယ် ပုံနည်းလမ်းသည်ပင် လွဲနေတတ်သည်။ အမှား တစ်စုံတရာ လုပ်မိပါက ကိုင်တွယ်ပုံ က နှစ်မျိုး ဖြစ်နေသည်။ထိုနှစ်မျိုးမှာ မလို တစ်မျိုး လိုတစ်မျိုး ဖြစ်လေသည်။ မိမိတို့ လိုလားနှစ်သက်သူ ဖြစ်ပါက အမှားကို ဝိုင်းဝန်း ဖုံးဖိပေးရန် ဝန်မလေး တတ်သကဲ့သို့ ယင်းအမှားကိုပင် မိမိတို့ မလိုလားသူဖြစ်ပါက ရစရာ မရှိအောင်ပင် ပြစ်တင် ကဲ့ရဲ့ ဖို့ အသင့် ဖြစ်နေတော့သည်။
ထိုသို့ နှစ်မျိုးကို ကျင့်သုံးနေရင်းဖြင့် အမှားကို ဝေဖန်သုံးသပ်ခြင်း၊ နောက်တစ်ကြိမ် ထိုကဲ့သို့သော အမှားမျိုးကို မကျူးလွန်မိစေရန် ဂရုပြုခြင်း၊ သည်ထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်း ပြုပြင်ပေးခြင်း စသော အမှား တစ်ခု အပေါ်အမြတ်ထွက်ရန် လုပ်ဆောင်ခြင်းမျိုး မလုပ်နိုင်တော့ပေ။ တွေးကြည့်ပါက နင့်ကနဲ နေအောင် နာလှကြောင်း တွေ့ရပေလိမ့်မည်။ ဤကဲ့သို့သာ ဆက်လက် ခရီးဆက် နေပါက ကျွန်ုပ်တို့ မျှော်လင့်နေသော နိုင်ငံတော် ကြီးနှင့် ဝေး သည်ထက် ဝေးဖို့သာ ရှိတော့မည်။
Give my love to you all ,Steemians. 😍 😍 😍
MSU NO - 022
written by : @aggamun
#myanmar #msu
အမှားကတော့လူတိုင်းနဲ့မကင်းပါ။ထိုအမှားကို သင်ခန်းစာယူပြီး လမ်းမှန်လျောက်ရင် အကောင်းဆုံးပြေါ
Posted using Partiko Android
ဟုတ်တာပေါ့ ဗျာ။ ဖတ်ပေးတာ ကျေးဇူး Bro!
bro ရေးတဲ့ စကားထာတွေ လည်း ကောင်းတယ်ဗျ။ ကျနော် သဘောကျတယ်။ မသိသေးတဲ့ စကားထားတွေ သိရတယ်။ ပျော်ဖို့လည်း ကောင်းတယ်။
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app Join our discord: https://discord.gg/8eHupPq
ဟုတ်ပါ့။ မလိုတမျိုး လိုတစမျိုးနဲ့။
👍 ကျနော် source တွေ ထည့်တာ အဆင်ပြေလား bro။ တဖြည်းဖြည်းချင်းတော့ အကျင့် ဖြစ်အောင် လုပ်နေပါပြီ။
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community
Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။This post was shared in the #burmese-curation channel in the for curators, and upvoted and resteemed by the @c-squared community account after manual review.
ဟဟ မပြေဘူးဘရို။
[Inage source](url)
url နေရာမှာ ကိုယ်ယူထားတဲ့ image source ကိုထည့်ပါ။
Congrats your post has been chosen for C2 myanmar curation team.
Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the number of comments received
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by aggamun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Good bro
Posted using Partiko Android
nice post
အချိန်ပေးနိုင်တာ ရေးအားတက်နေတာကိုတော့အားကျပြီလေ
idea လေး ရတော့ ည ၁ နာရီ ၂နာရီ လေး ဖိရေးတာပေါ့ဗျာ။ ဘဒို လည်း ရေးတာ ကောင်းတာပါပဲဗျ။
Posted using Partiko Android