WHEN WE TALK THE BEST AT EACH OTHER (2)

in #msu7 years ago (edited)

စကားပြောနည်း ၁၀ နည်း

https://steemit.com/msu/@aggamun/when-we-talk-the-best-at-each-other-1-ed9e1defd1c56

ရေကူး ညှာတင် ပြောနည်း

ဒီစကားပြော နည်းဗျူဟာလေးက တော့ အလွန် လွယ်ကူ ရိုးစင်းသလောက် ထိထိမိမိ ရှိလှပါတယ်။
အနက်အဓိပ္ပာယ်အားဖြင့် ပြောရရင်
ကျွန်တော်တို့ မြစ်တစ်ခု သို့ မဟုတ် ချောင်းတစ်ခု ကို ဖြတ်ကူးမည် ဆိုပါစို့ ။
ကူးချင်သည့် နေရာက ဝုန်းခနဲ ဆိုပြီး ကူးသွား လို့ မရပါဘူး။
ကူးသွားရင် ရေစီးကြောင်း ကြမ်းရင် ကြမ်းသလောက် နဲ့အတူ မြစ် သို့မဟုတ် ချောင်း အောက်ပိုင်းကို မျောသွားနိုင်ပါတယ် ။
လိုချင်တဲ့ နေရာနဲ့ လွဲချော်ဖို့က သေချာနေပါပြီ။
ဒါကြောင့် ဖြတ်မကူးခင် မိမိဖြတ်ကူးချင်နေရာရဲ့ မြစ်ညှာပိုင်း သို့မဟုတ် ချောင်းအထက်ပိုင်းသို့ အနည်းငယ်မျှ သွားရောက်ပြီး မိမိ၏ အစွမ်းအစ၊ ရေစီးနှုန်း စသဖြင့် ဒါတွေကို တွက်ချက်ပြီးမှ ဖြတ်ကူးသင့်ပါတယ်။
ရင်လောက်မှန်းမှ ဒူးလောက်ကျမယ် ဆိုတဲ့ စကားအတိုင်းပါပဲဗျာ။
အခုလို မြစ်ချောင်းတွေကို ဖြတ်ကူးတဲ့ အခါ အထက်အညှာ ဘက်ကို တင်ပြီးကူးရမယ် ဆိုတဲ့ အဓိပ္ပာယ် ပဲဖြစ်ပါတယ်။
သည်ထက်ပိုရှင်းလင်းမြင်သာအောင် ဥပမာဆောင် ရမယ်ဆိုရင် အဖြစ်အပျက်လေး တစ်ခု ပြောပါရစေ။
သမားကျော် ဇီဝက နဲ့ သူဌေးသား လေးတစ်ယောက် အကြောင်းပေါ့။
ဆေးဆရာ ဇီဝက ဟာ သူဌေးသားလေး ကို ရေကူးညှာတင် ဗျူ ဟာ သုံးပြီး ဆေးကု လိုက်ပုံ လေးက သည်လိုပါခင်ဗျာ။
တစ်ခါက သူဌေးသားတစ်ဟောက်ဟာ ကြွေအံ ကစားရင်း နိုင်တဲ့ အခါ ကျွမ်းထိုးမိပါသတဲ့။
အဲသည်အခါ အခန့် မသင့်တော့ အူထုံး သွားပါလေရော။
တော်တော် ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ရောဂါပေါ့ဗျာ။
အူထုံးနေမှတော့ အစာစားတဲ့ အခါ အဆင်မပြေတော့ဘဲ ဝေဒနာ ခံစား နေရတာပေါ့။
ဆေးဆရာ မျိုးစုံနဲ့ ကုသ ပေမယ့်လည်း မသက်ဘူးပေါ့ဗျာ။
နောက်ဆုံး သည်ဝေဒနာ ကို ဆရာ ဇီဝက နဲ့ ကုသကြတာပေါ့ဗျာ။
ဆရာ ဇီဝက က မေးမြန်းစစ်ဆေး ကြည့်တော့
အူထုံး သွားတာရယ်၊ ခွဲစိတ်ကုသ ရမယ် ဆိုတာရယ်၊ ခွဲစိတ်ကုသ တဲ့အခါ အဆင်ပြေအောင် ခုနစ်ရက်တိတိ အိပ်ခိုင်းထား ရမယ် ဆိုတာတွေပါ သိရှိသွားပါသတဲ့။
ဘယ်သူပဲ ဖြစ်ဖြစ်လေ ခုနစ်ရက် တိတိ အိပ်ခိုင်းဖို့ ဆိုတာ ဘယ်လွယ်မလဲ။
ပြီးတော့ ဟိုက သူဌေးသားလေ သိတယ်မလား။
ဒါကြောင့် ဆရာဇီဝက ဟာ ဗျူဟာသုံး ပြောရမယ်ဆိုတာ သိလိုက်တယ်။
သည်တော့ သူဌေးသားကို ဤရောဂါ ဟာ ပျောက်ကင်းနိုင်တဲ့ အကြောင်းနဲ့ ခွဲစိတ်ကုသ ရမယ်ဆိုတာကို ပြောပြလိုက်ပါတယ်။
ခုခေတ် စကားအရဆို ချုပ်လိုက်တာပေါ့ဗျာ။
သူဌေးသား က အားတက်သွားတာပေါ့။
ဒါပေမယ့် ခုနစ်လတော့ အိပ်ရမယ်လို့ ဆိုလိုက် ရော သူဌေးသား ဖြုံသွားပါတယ်။ မအိပ်နိုင်ဘူး လို့လည်း ခြေကန်ငြင်းမှာပေါ့လေ။( ပါတော့ မပါဘူး ဖြည့်ပြောတာ)
သည်တော့ ဆရာ ဇီဝက က ခုနစ်လ မအိပ်နိုင်ရင် ခြောက်လ အိပ်နိုင်လားလို့ မေးပြန်ရော။
သူဌေးသားလည်း မအိပ်နိုင်ဘူးလို့ ငြင်းပြန်ရော။
အဲသည်လိုနဲ့ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊ သုံးပတ်၊ နှစ်ပတ် စသဖြင့် လျော့လာ လိုက်တာ နောက်ဆုံး ဆရာဇီဝက လိုချင်တဲ့ ၇ ရက် ကိုရောက်တော့မှပဲ ဟို သူဌေးသား ကြေး( ဂျီး )ထူ က သဘောတူလိုက်သတဲ့။
( ကျွန်တော်သာဆို အဲလောက် စိတ်မရှည်ဘူး။
ဟေ့ကောင် ကုမလား၊ မကုဘူးလား မကုရင် ပြန်ကွာ အေးရော။
ဟုတ်တယ်လေ ကျွန်တော်မှ ဆရာဇီဝက လောက် ဆေးပညာမကျွမ်း၊ စေတနာ မရှိတာ။
ပြောမယ့်သာပြောတာပါ သူတို့ခေတ်က နီးရာ ဓား ကြောက်နေရတာမလား။
ဤကား စကားချပ် )
သူဌေးသား သဘောတူတာနဲ့ တစ်ခါတည်း ခုနစ်ရက် အိပ်ပျော်စေတဲ့ ဆေးတိုက်ပြီး ခွဲစိတ် ကုသ၊ အူထုံးကို ဖြည်လိုက်တော့တာပေါ့။
နောက်ဆုံးတော့ သူဌေးသားလည်း ခုနစ်ရက် ပြည့်တော့ ပြန်ကောင်းသွားပါတယ်။
ကဲ သည်လောက်ဆို ရေကူးညှာတင် စကား ပြောနည်းကို နားလည်သွားလောက်ပါပြီ ထင်ပါတယ် ။
အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ
ဆက်ရန် …………

ကိုးကား - မောင်မဟာ ( စကားကြီး ဆယ်မျိုးနှင့် ထင်ပေါ်ကျော်ကြား မြန်မာ့ရိုးရာ စကားပုံ ပုံပြင်များ)


Give my love to you all ,Steemians.

MSU NO - 022
image
written by : @aggamun



#myanmar #msu

Sort:  

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck

🇲🇲 #msu

မဖတ်​​တော့ဘူး​နော်​..​ဘေလ်​လက်​ကျန်​​လေးဖြစ်​​နေလို့..

UpvoteBank
Your upvote bank
__2.jpghereThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys

Lol cheetah !. Look at your link .Your link is
sexypob.

Lol😆 , now you look porn😏 ?